Thursday, September 16, 2010

ကော်ပီ ၁၃

စာမျက်နှာ တစ်ဆယ့်သုံး

သာမန်မလေးနိုင်ငံသားများမပြောနှင့် အာဏာပိုင်အဖွဲ့အစည်းများပင်
မျက်စိလည်ကုန်ကြသည်..။မလေးရှားအဝင်တုံးအတုများ ၊ပါမစ်တုံးအတု
ုများ ၊လဲဗီစာရွက်အတုများ ထု၍ ရဲများကိုခပ်တည်တည် ရှိုးကြသည်။ ရဲ
များပင် ဆလံပေး၍ ဆောရီးပြောယူရသည်။ မြန်မာများသည် ဤသို့တော်
ကြသည်။ကျွန်တော်တို့လည်း စာအုပ်တွင် ပါမစ်တုံးအတုထု၍ လဲဗီကြေး
ဆောင်ပြီးကြောင်း ပြေစာ စာရွက်ကို စာအုပ်ကြားညှပ်ပြီး လျှောက်လည်ကြ
သည် ရဲနှင့်တွေ့၍ စစ်ဆေးပါက ခပ်တည်တည်ပြပြီး အခြေနေမကောင်းပါက
ထွက်ပြေးရန် ခြေလှမ်းပြင်ထားရသည်။ရဲက ကြည့်ရှုစစ်ဆေးပြီး စာအုပ်ပြန်ပေး၍
ဆောရီးဟု နှုတ်ဆက်ကာပြန် ထွက်သွားသည် တော်ပါသေးရဲ့...။တစ်ချို့လည်းသိလျှက်
နှင့်သနားသောကြောင့် မသိဟန်ဆောင်တာလည်းပါမည်..။အော်ပရာစီ ဆိုလျှင်
တော့ပါဘို့သာပြင်ပေရော့။ ရဲ ၊စစ်တပ်နှင့် လ.ဝ.က အဖွဲ့များ ပူးပေါင်း၍
Construction ၊ များ စားသောက်ဆိုင်များ ၊စက်ရုံများကို ရှောင်တစ်ခင် ဝင်ရောက်
စစ်ဆေးခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံသာ စစ်ဆင်ရေးလုပ်ပါသည် လုပ်လဲလုပ်ခဲပါ
သည်။မကြာခဏ စစ်ဆင်ရေးလုပ်ပါက မကျွေးနိုင်မှာစိုး၍လားမပြောတတ်...။
ထို့ကြောင့် အော်ပရာစီ (Opration ) ကိုတော့ လူတိုင်းကြောက်ကြသည်။ထိုအသံ
ကြားသည်နှင့် အီးတောင်မပေါက်နိုင် ဖင်ချွေးပြန်အောင် သုတ်ခြေတင်ကြသည်။
ကျွန်တော် မလေးမှာရှိနေစဉ် တစ်ခါမှ မကြုံဖူးပါ...။
တစ်ချို့အလုပ်ရှင်များသည် မြန်မာအလုပ်သမားများ ခန့်ထားသောကြောင့် မြန်မာ
စကား သင်ချင် တတ်ချင်ကြသည်။အတော်များများသည် အလုပ်ရှင်နှင့် အလုပ်သမား
မတည့်ကြ ၊မတတ်သာ၍ သူ့လက်အောက်တွင် လုပ်ရသော်လည်း တစ်ခါတစ်ရံ မညှာ
မတာခိုင်းခြင်း..၊ရိုင်းရိုင်းပြပြ ဆက်ဆံခြင်း ၊လစာမတိုးပဲ ခိုင်းကောင်းကောင်းနှင့်
စွတ်ခိုင်းခြင်းတို့ကြောင့် မြန်မာတွေသိပ်မကြည်ကြ..။ထို့ကြောင့် မြန်မာစကားသင်ခိုင်း
လျှင် မဟုတ်ကဟုတ်က ပေါက်တတ်ကရ သင်ပေးတတ်သည်။ကျွန်တော့်သူငယ်ချင်း
တစ်ယောက်ဆိုလျှင် အလုပ်ရှင်က နာမည်မေးရာ
..“ what is your name...? သူက
..“ my name is... အဖေ..”
ဟု သင်ပေးသည်..
..“ your name....အာ...ဖေ...”
..“ no...no...အဖေ...”
သူဘယ်လိုပြောပြော အာဖေ ဟုသာ တရုတ်က အသံထွက်နေသည်...။
ကြာတော့လည်း ပီသွားသည်..။အလုပ်ရှင်က အဖေ ခေါ်လိုက် သူက “ ဟေ”ဟုထူးလိုက်
နှင့် အလုပ်ဖြစ်နေသည်။တရုတ်မသိလို့ပေါ့...သိလို့ကတော့ ဒီကောင်အလုပ်ပြုတ်တာ
ကြာပေါ့...။တစ်ချို့များသူ့ထက်ဆိုးသည် ဆဲနည်းမျိုးစုံသင်ပေးသည်။
ကျွန်တော်နှင့်ဆိုင်ရှင်တရုတ်လည်း မကြာခဏဆိုသလို စကားများကြသည်။ သူက
ကျွန်တော့်ကို တရုတ်လို ပျစ်ပျစ်နှစ်နှစ် ဆဲလျှင် ကျွန်တော်ကလည်း ..မြန်မာလို..မအေ...
နှင့်...ငါ..နှင့်...ခွတုတ်သည်...။ဆိုင်တွင် လူကျပြီဆိုသည်နှင့် ပြဿနာစတော့သည်...။
မှာယူထားသော အစားအစာများကို Customer များအားသွားပို့နေစဉ် နောက်ထပ်
Customer များရောက်လာပြီး မှာစရာရှိတာ မှာပြီး စားပွဲဝိုင်းတွင်သွားထိုင်နေသောအခါ
ကျွန်တော် မမြင်လိုက်သော Customer ကို ခေါက်ဆွဲပန်းကန်ကိုင်၍ တစ်ဝိုင်းပြီးတစ်ဝိုင်း
တစ်ကြော် ကြော် အော်ပြီး လိုက်မေးရသည်..။ဆိုင်ပြန်ရောက်တော့ နောက်ထပ် လေးငါး
ပွဲ မှာပြီးဖြစ်နေပြီ....အဲ့ဒီမှာ ပြဿနာစတော့သည်...ကျွန်တော်က မတွေ့ကြောင်းပြောရာ
သူဌေးကျွန်တော့်ကို ဆဲတော့သည်။ကျွန်တော်ကလည်း ပြန်ဆဲသည်။သုကိုယ်တိုင် ပန်းကန်
ကိုင်ပြီးလိုက်မေးသည် ခဏကြာတော့ပန်းကန်ကိုင်ပြီး ပြန်ရောက်လာသည် သူလည်းမတွေ့
သဘောပေါက်သွားသည်။တစ်နေ့ လူပါးသဖြင့် ကျွန်တော်တို့ အလုပ်သမားများနှင့် ဆိုင်ရှင်
တရုတ်များ စကားထိုင်ပြောနေကြသည်..။ထိုအချိန်တွင် ဆိုင်ထဲသို့ အမျိုးသမီး လေးငါး
ယောက်နှင့်လူတစ်ယောက်ဝင်လာသည်...ကျွန်တော်က ထိုလူကို လက်ညှိုးထိုး၍ နှာဘူး ဟု
ပြောလိုက်ရာ ဆိုင်ရှင်တရုတ်များကလည်း ဝိုင်း၍ နှာပူး..နှာပူး...ဟု လိုက်ပြောသည်...
ပြီးနောက် ဘာကြောင့် နှာဘူး ဟုခေါ်ကြောင်း ကျွန်တော်က ရှင်းပြလိုက်သည် သူတို့သဘော
ပေါက် သွားကြသည်..။ အခြောက်များ ဆိုင်သို့လာရောက် စားသောက်လျှင်လည်း ကျွန်တော်
တို့အုပ်စုက ဂန်ဒူး..ဂန်ဒူး..ဟု အော်ကြသည်..ဆိုင်ရှင်တရုတ်တွေလည်း လိုက်အော်ကြသည်
ဆိုင်ရှင်တရုတ်များသည် နှာဘူး ဆိုသည်မှာဘယ်လိုလူကိုခေါ်သည်....ဂန်ဒူး ဆိုသည်မှာ
ဘယ်လိုလူမျိုး ဖြစ်သည်ကို ကောင်းကောင်းသိနေကြသည်။အရောင်းပါးသောနေ့များတွင်
ကျွန်တော်တို့ အလုပ်သမားများ ထမင်းစားရင်း ဆိုင်ရှေ့မှဖြတ်သန်းသွားသော မလေး
တရုတ်မလှလှလေးများကို တွေ့ပါက ကျွန်တော်တို့ဝိုင်း၍ ကြည့်ငေးနေကြစဉ် ဆိုင်ရှင်
တရုတ်များရောက်လာကြပြီး ကျွန်တော့်ကိုလက်ညှိုးထိုးပြီး နှာဘူး နှာဘူး ဟုပြောပြီး ခုံတွင်
ဝင်ထိုင်လိုက်သည်။ ကျွန်တော်က ရင်ထဲတွင်ကလိကလိ ဖြစ်လာ၍
..“ ယောက်ျား..မှန်သမျှ....နှစ်မျိုး...နှစ်စား..ထဲရှိတယ်..”
ဆိုင်ရှင်တရုတ်က မေးငေါ့ပြီး ဘယ်လို နှစ်မျိုး လဲဟု မေးရာ
..“ တစ်မျိုးက...နှာဘူး...ဖြစ်ပြီး..နောက်တစ်မျိုးက..ဂန်ဒူး..ဖြစ်တယ်
မင်းကဘာလဲ..”
ဟု ဆိုင်ရှင်တရုတ်ကို မေးလိုက်ရာ တရုတ်တွေဝေသွားပြီး စဉ်းစားနေရင်း
နှာဘူး ဖြေရမှာလည်း ရှက် ဂန်ဒူး ပြောပြန်ရင်လည်း ဖင်တွန့်ပြီး အခက်တွေ့နေသည်..။
တအောင့်ကြာတော့..မျက်နှာပူပူဖြင့်..
..“ နှာဘူး..better lah..”ဟု ဖြေလိုက်ရာ
ဝါးကနဲ တစ်ဝိုင်းလုံး ဝိုင်းရယ်လိုက်ကြရာ ဆိုင်ရှင်တရုတ်လည်း ရှက်ရှက်နှင့်ထ
ထွက်သွားသည်...အခြားတရုတ်များက သူ့ကိုလက်ညှိုးထိုးပြီး နှာပူး..နှာပူး..ဟု
ဝိုင်းပြောသဖြင့် တရုတ်မျက်နှာ နီရဲပြီး ရှက်နေတော့သည်......။
ကျွန်တော်ဆိုင်တွင်စဝင်ဝင်ခြင်း တစ်လ ၅၀၀ နှင့် ထမင်းဘိုး တစ်နေ့ ၅ ကျပ်ပေးသည်
နောက် ၂လ လောက်ကြာတော့ တစ်လ ၆၀၀ နှင့်ထမင်းဘိုး ၇ကျပ် ပေးသည်...။
တရုတ်နှစ်ကူးရာသီရောက်တော့ ဆိုင်ရှင်နှင့်ကျွန်တော် ပြဿနာအကြီးအကျယ် တက်သည်။
တရုတ်များသည် နှစ်ကူးရောက်ပြီဆိုသည်နှင့် ကိုယ့်ရပ်ကိုယ့်ဌာနေသို့ ပြန်၍၎င်း ၊အခြားမိမိ
သွားရောက်လည်ပတ်လိုသော နိုင်ငံများသို့၎င်း ၊ ခရီးထွက်တတ်ကြသည်။မလေးရှားနိုင်ငံ
သို့လည်း နိုင်ငံပေါင်းစုံမှ တရုတ်များလာလည်ကြ ၊ မလေးမှတရုတ်များ တစ်ခြားနိုင်ငံသွား
အလုပ်လုပ်ရာမှ ပြန်လာကြနှင့် တစ်နိုင်ငံလုံးတွင် “ ကုံးဇီးဖါ့ချိုင်....ကုံးဇီးဖါ့ချိုင်...” နှင့်
နေရာအနှံ့ အမြဲလိုလို ကြားနေရသည်။ နိုင်ငံစုံမှတရုတ်များ ကျွန်တော့်ဆိုင်တွင် မှာယူစား
သောက်သောအခါ မျက်နှာစိမ်းတရုတ်များလည်းဖြစ် စားနေကြဖောက်သည်လည်း မဟုတ်
သောကြောင့် လူတိုင်းကိုမမှတ်မိနိုင်။ ထို့ကြောင့်ဆိုင်ရှင်နှင့် ကျွန်တော် ပြဿနာတက်တော့
သည်။
..“ မင်းအသုံးမကျဘူး....ဘာညာ ...”နှင် ကျွန်တော့်ကို နင်ပဲငဆပြောသည်။ကျွန်တော်လည်း
ခဏခဏအပြောခံရပေါင်းများသဖြင့် မခံနိုင်တော့သဖြင့် ဒီတစ်ခါအပြတ်ပြောလိုက်သည်။
..“ အေး....မင်းဆိုင်မှာ...ဒီ..Chinese New Year ... ပြီးရင်ငါမလုပ်တော့ဘူး..ငါ့ဖာသာငါ
စက်ရုံမှာပဲ..သွားလုပ်တော့မယ်..စက်ရုံမှာဆိုရင်..Lunch Time..လဲရှိတယ်...Tea Time လဲ
ရှိတယ်...Break Time လဲရှိတယ်..နောက်ပြီး OT လဲရှိတယ်...မင်းဆိုင်မှာလုပ်ရတာ...Tea
-Time လဲမရှိ...OT..လဲမရှိဘူး...ထမင်းတောင်ကောင်းကောင်းမစားရဘူး....”
ဟု ကျွန်တော်အပြတ်ပြောရာ ဒီကောင်ငြိမ်နေရှာတယ် စဉ်းစားနေမှာပေါ့...
..“ အင်း...ဒီကောင်ထွက်သွားရင်...ငါတော့ဒုက္ခဖြစ်ပြီ...လူသစ်ခန့်ပြန်ရင်လည်း သူ့လိုလုပ်ငန်း
ကျွမ်းကျင်လာတဲ့အထိ လေး ငါး လ လောက်ကြာဦးမယ်..”
ဒီကောင်သဘောပေါက်သွားပြီး ဆိုင်နီးနားချင်းတွေကလည်း ကျွန်တော်ရိုးသားကြိုးစားပြီး
လုပ်တာ ကိုင်တာသိနေသောကြောင့် ဆိုင်ရှင်တရုတ်ကို
..“ မင်းသူ့လိုလူမျိုး...နောက်တစ်ယောက်ရဖို့..မလွယ်ဘူးနော်..”
ဘာညာ ဝိုင်းပြောကြတော့......ကျွန်တော့်ကို ဆိုင်သိမ်းခါနီးတွင်
..“ George....ကလည်းကွာ...တစ်ခါတစ်လေ..လူအရမ်းများတော့...ဒီလိုပဲပေါ့ကွာ..
မင်းကလည်း....ညီအစ်ကိုတွေပဲ.....”
ဘာညာ ပြောပြီး ပုခုံးဖက်၍ အံပေါင်းပေးချော့သည်။သူ့ သူငယ်ချင်း “ ကုံးကြိုင် ” ကလည်း
ကျွန်တော့်ကိုတော်တော်ခင်သည်...။သူလည်းဝင်ချော့သဖြင့် ကျွန်တော်သနားသွားပြီး အလုပ်
မထွက်ဖြစ်တော့...။နောက်နေ့များတွင် ကျွန်တော်ထမင်းစားနေစဉ်ဖြစ်စေ ၊ဆေးလိပ်သောက်
်နေစဉ်ဖြစ်စေ Customer များရောက်လာပါက ကျွန်တော်ကထ၍ အော်ဒါယူရန်ပြင်သည်နှင့်
ဒီကောင်လက်ကာ၍
..“ OK...OK..nevermind..you eat first...I do....I do.....” ဖြစ်သွားသည်.....။
ကျွန်ုပ် ၏ စရိုက်သည် လုပ်ငန်းမကျွမ်းကျင်ခင် ကာလများတွင် သည်းခံ၍ ခိုင်းသမျှ အကုန်လုပ်
ပြောသမျှငြိမ်ခံပြီး လုပ်ငန်းကျွမ်းကျင်ပြီ သူဌေး လက်မလွှတ်နိုင်လောက်သည့် အနေအထားရ
ပြီဆိုမှ ပြန်ကလန်တတ်သည်။ထိုအခါ သူဌေးများက သူ့အလုပ်မှ ထွက်မှာစိုး၍ ချော့၍တစ်မျိုး
လစာတိုး၍တစ်ဖုံ ရပိုင်ခွင့် အခွင့်အရေးပေး၍တစ်သွယ် ကျွန်တော့်အား အလုပ်မှ မထွက်ရန်
အမျိုးမျိုးစည်းရုံးကြသည်....။ကျွန်တော့်ဘဝတွင် ကိုယ့်ကိုယ် ကိုကြွားပြောခြင်းမဟုတ် သူဌေး
မကြိုက်၍ အလုပ်ဖြုတ်ခံရသူ စာရင်းတွင် ကျွန်တော်မပါ...။ သူဌေးကို ကျွန်တော် မကြိုက်၍
အလုပ်ထွက်ခြင်းသာ များသည် ထွက်ပြီးသားအလုပ်ကို ဘယ်တော့မှ ပြန်လှည့်မကြည့်တတ်
ပြန်ခေါ်လျှင်လည်း ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့် ပြန်မလုပ်တော့ပါ.........။

No comments:

Post a Comment