Thursday, September 16, 2010

ကော်ပီ ၉

စာမျက်နှာ ကိုး

ည ၁၀ နာရီတွင် ကျွန်တော်တို့ ခရီးပန်းတိုင်သို့ ရောက်ရှိခဲ့ကြသည်။

ရောက်ရောက်ချင်း ရေချိုး၊အိမ်သာတက် အရင်လုပ်သည်။

ပြီးမှထမင်းစား၍ အေးအေး ဆေးဆေး အနားယုရန်ပြင်သည်။

သို့သော်လည်းမနားနိုင်သေး၊ သားငယ်သည် သူ့မိတ်ဆွေဆီ ဖုန်းဆက်၊

ကျွန်တော်လည်း ကြည်းစိုးဆီ ဖုန်းဆက်နှင့် အလုပ်ရှုပ်နေကြသည်။

“ ဟေ့ကောင်....ကြည်စိုး...ငါ KL ရောက်နေပြီ ”

“ KL ဘယ်နေရာလဲ ”

“ ငါ လည်း မသိဘူး ”

“ ဒါဆိုရင် သိန်းအေး မင်းအဲ့ဒီကနေ ..TAXI ငှားပြီး ငါပေးထားတဲ့ လိပ်စာအတိုင်းလာခဲ့

ဘယ်သူပါသေးလဲ ”

“ ငါနဲ့သားငယ် ..၂ ယောက် ”

“ အေး ဒါဆိုရင် မနက်ဖြန် ညနေ ပိုင်းလောက်လာခဲ့ … ငါစောင့်နေမယ်..”

“ အေးအေး ကောင်းပြီသူငယ်ချင်း ” ကျွန်တော်တို့ ရောက်ရှိနေသောနေရာသည်

Black Kong ဟုအိမ်ခံလူတို့၏ ပြောပြချက်အရ သိရသည်။

ကြည်စိုးနေထိုင်အလုပ်လုပ်နေသောနေရာမှာ Bukit Serdang ဟုနောက်မှသိရသည်။
နောက်တစ်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျွန်တော်နှင့်သားငယ် ခေတ္တတည်းခိုရာ
Black Kong မှ ကြည်စိုးရှိရာ ဖုန်းကြိုဆက်၍ Taxi ငှားပြီးထွက်လာခဲ့ကြသည်..။
Bukit Serdang ရောက်တော့ ကြည်စိုး ထွက်ကြိုနေသည်။
..“ ဟေ့ကောင်...သိန်းအေး...ရောက်လာကြပြီလား......”
..“ ဟာ....ကြည်စိုး...စောင့်နေရတာကြာနေပြီလား.....”
..“ သိပ်မကြာသေးပါဘူး...Taxi ခဘယ်လောက်ကျလဲ...”
..“ ၁၃ ကျပ်ခွဲ...”
ဟု မြန်မာလို အကျင့်ပါနေ၍ပြောမိသည်။အမှန်တစ်ကယ်တွင်မူ ၁၃ ရင်းဂစ် နှင့် ၅၀ ဆင့်
ဟုပြောရမှာ ဖြစ်သည်။လူတိုင်းလည်းနှုတ်ကျိုးနေကြသည်။ထမင်းတစ်ပွဲ ဘယ်လောက်လဲ
မေးလိုက်လျှင် လူတိုင်းနီးပါး ၁ ကျပ် ပြား ၈၀ ဟုသာပြောကြသည်။အမှန်တစ်ကယ်မှာမူ
ကျပ်အစား ရင်းဂစ်၊ပြားအစား ဆင့်၊ဟုသာပြောရပေမည်။
..“ ဒါဆို..မင်းတို့ကို...Taxi..သမားက ရိတ်လိုက်တာ....Black Kong နဲ့ Bukit Serdang က
နီးနီးလေး ....”
..“ အေးလေ..ဘယ်တတ်နိုင်မလဲ ပါတို့မှမသိတာ...ဟေ့ကောင်ရေ တောလမ်းကလာရတာ
မချောင်ဘူးကွာ...”
..“ လူတိုင်းဒီလိုပဲ လာကြတာပဲ...”
..“ ဟုတ်လား..”
..“ လာ...လာ...မင်းတို့ကို ရောက်ရောက်ခြင်း မလေးဘဲဥချဉ်ရည်ဟင်း နဲ့ထမင်းကျွေးမယ်..”
ငါ့သူငယ်ချင်းအိမ်ကိုသွားကြမယ်..အဲ့ဒီမှာတစ်ညအိပ်ပြီး နောက်တစ်နေ့ကျရင် မင်းအတွက်
နေဖို့ ထိုင်ဖို့အတွက် ငါလိုက်စုံစမ်းပေးမယ်.......”
ဒါနှင့်ပဲ ကြည်စိုးသူငယ်ချင်းအိမ်သို့ ရောက်သွားပြီး ဘဲဥချဉ်ရည်ဟင်းနှင့်ထမင်းစားကြသည်။
ဟင်းကလည်း ညံ့လိုက်တာ။စိတ်ထဲမှပြောမိသည်။နောက်တစ်နေ့ မိုးလင်း၉နာရီလောက်
ကြတော့ ကြည်စိုးရောက်လာသည်။ကျွန်တော်တို့ နေထိုင်ရန် အိမ်ခန်းရှာဘို့ ထွက်ခဲ့ကြသည်။
တရုတ်ဘုံကျောင်းတစ်ခုထဲသို့ ကြည်စိုး ဝင်သွားသည်...တရုတ်လိုကော...မလေးလိုကော..
ကွိကျိ..ကွကျိ ပြောပြီး ပြန်ထွက်လာသည်။
..“ ဒီမှာလူပြည့်နေပြီ...နောက်တစ်နေရာသွားရှာကြမယ်...”
ကျွန်တော်တို့လည်း သူ့နောက်မှ လျှောက်လိုက်ကြသည်..။နောက်တစ်အိမ်သို့ရောက်သွားသည်။
ထိုအိမ်တွင် မြန်မာများ ဖဲရိုက်နေကြသည်။မြန်မာတွေချည်းနေသောအိမ်ဖြစ်မည်။
ကြည်စိုး ဖဲရိုက်နေသောသူများနှင့်စကားစမည်ပြောပြီး ကျွန်တော်တို့ကို
လက်တို့ခေါ်ကာ ပြန်ထွက်လာသည်..။
..“ မင်းဒီမှာနေလို့တော့ရတယ်..ဒါပေမဲ့..မဖြစ်ပါဘူးကွာ..ဒီမှာက
ငါးသမားနဲ့ ဖဲသမား တွေချည်းပဲ......ဂျလေဘီတွေ....”
နောက်တစ်နေရာ ထပ်စုံစမ်းပြန်သည်။လမ်းဘေးအကြွေဖုန်းဖြင့် လှမ်းစုံစမ်းနေသည်။
မလေးရှားတွင် လမ်းဘေးအကြွေဖုန်း ၊ ကတ်ဖုန်း များနေရာတကာတွင်ရှိသည်။ ၁၀ ပြားစေ့
ထည့်၍ ဆက်ရသည် ။၁၀ပြားစေ့ထည့်၍ ဆက်ပါက ၃ မိနစ်ခန့်ပြောရသည်..။
..“ မင်းတို့... ချန်စောလင်း .....ကပွဲစားခိုင်စိုးဆီမှာ နေလို့ရတယ်...ငါလိုက်ပို့ပေးမယ်..
အဲ့ဒီမှာအလုပ်လဲ ရှာခိုင်းလို့ရတယ်..”
ကျွန်တော်တို့ ချန်စောလင်း သို့ရောက်သွားသည်။ပွဲစားခိုင်စိုး၊ကြည်စိုး၊သားငယ်နှင့်ကျွန်တော်
တို့ ကိုခိုင်စိုး နေထိုင်ရာ Blk အောက်မှ Coffee Shop တွင် ခေါက်ဆွဲပြုတ်စားရင်း စကားပြော
ဖြစ်ကြသည်။
..“ ကိုခိုင်စိုး...ဒါကျွန်တော့်သူငယ်ချင်း...သိန်းအေး...သူက..သားငယ်...လောလောဆယ်
အလုပ်မရသေးခင် ခင်ဗျားအိမ်မှာနေကြလိမ့်မယ်...အိမ်လခကျွန်တော်တာဝန်ယူတယ်....
အလုပ်လဲရှာပေးဦး...ပွဲခကျွန်တော်ပေးမယ်...”
..“ အင်းပါ...ဘာအလုပ်ဖြစ်ဖြစ်..လုပ်မှာမှုတ်လား...”
“..ဒါပေမဲ....ကောင်းတဲ့ အလုပ်လေးတော့ရှာပေးနော်.....”
..“ စိတ်ချပါ...ကိုကြည်စိုး....ခင်ဗျားသူငယ်ချင်းကို ကျွန်တော်အလုပ်ကောင်းကောင်း ရှာပေးပါ့
မယ်......”
..“ ဒါဆိုရင်ကျွန်တော်သွားတော့မယ်....သူတို့ကိုထားခဲ့မယ်...ခုထိကျွန်တော်မအိပ်ရသေးဘူး...”
..“ ခင်ဗျား...အလုပ်က..Night-Shift ..လား...”
..“ ဟုတ်တယ်...ဒါဆိုကျွန်တော်သွားပြီ....စိတ်ချမယ်နော်...”
..“ Ok...စိတ်ချ.....”
..“ သိန်းအေး...ငါသွားပြီ....လိုတာရှိရင်ငါ့ဆီဖုန်းဆက်....”
..“ အေး...အေး.....”
ဒီကောင်သောက်ကျင့်မကောင်းဘူး...သူ့အိမ်မှာတော့ခေါ်မထားဘူး...ကျွေးထားရမှာစိုးလို့
နေမှာပေါ့..စိတ်ထဲကနောက်ပြော...ပြောမိသည်...။ဒါနှင့်ပဲ ကျွန်တော်တို့ ချန်စောလင်း မှာ
နေဖြစ်ကြသည်။တစ်ပါတ်လောက်ကြာတော့ ...........
..“ အစ်ကိုတို့ မုန့်ဆိုင်မှာလုပ်မလား....နေစရာပေးမယ်...တစ်လကို ရင်းဂစ် ၅၀၀၊ရမယ်...
ပွဲခ၂၀၀ ပေးရမယ်....”
..“ ကျွန်တော်ကြည်စိုး နဲ့တိုင်ပင်လိုက်ဦးမယ်...လုပ်တာတော့လုပ်ဖြစ်မှာပါ...”
ထို့နောက် ကျွန်တော် ကြည်စိုးဆီ ဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြသည်..။
..“ မင်းလုပ်နိုင်လား...”
..“ သြော်....မင်းကလည်း...အလုပ်လုပ်ဖို့လာတာပါဆိုမှ....လုပ်ရမှာပေါ့...”
..“ ဒါဆိုရင်..ကိုခိုင်စိုးကို...ငါပွဲစားခလျှော့ခိုင်းမယ်...”
..“ မင်းသဘောပဲ...”

No comments:

Post a Comment