Tuesday, September 21, 2010

နှစ်ဆယ့်တစ် ကော်ပီ

စာမျက်နှာ နှစ်ဆယ့်တစ်

ကျွန်တော်တို့ MaphersonFlat မှ Kallang သို့ ပြောင်းရွှေ့ခဲ့ကြသည်။ဆေးသုတ်တစ်ဖွဲ့လုံး
Kallang MRT အနီး ကိုဂျော်နီအိမ်သို့ခေတ္တပြောင်းရွှေ့ခဲ့ကြသည်။ဂျော်နီသည် အရပ်ပုပြီး
သဘောကောင်းသော မွန်လူမျိုးဖြစ်သည်။လူရည်လည်သည်။ပတ်စ်ပို့စာအုပ်နှင့်ပတ်သက်
၍ လိုအပ်သမျှသူလုပ်ပေးသည်။စာအုပ်ကိစ္စနှင့်ပတ်သက်၍ သူ့ညီအစ်ကိုတော်များမှ ပြု
လုပ်ပေးသည်။သူကတော့ နံနက် ၁၀ နာရီလောက်တွင် အနောက်တိုင်းဝတ်စုံကိုကျကျနန
ဝတ်၍ Chinatown သို့သွားသည်။ Chinatown တွင် ကိုဂျော်နီ No.4 လက်လီပစ်သည်။သူ့
နက်ခ်တိုင်နောက်တွင် လှ အထုပ်များ အစီအရီလျှို့ဝှက် သိမ်းဆည်းထားသည်။သူ့အလုပ်က
Chinatown တစ်ခွင်လုံး ဟိုလျှောက်လိုက် ဒီလျှောက်လိုက်ဖြင့် ပစ်လိုက်လျှောက်လိုက်နှင့်
အန္တရာယ်တော့အများသား။သူ့သူဌေးက သူ့ကိုတော့ယုံကြည်သည်။သူပြီးလျှင်ပြီးသည်။သူ
ကသူ့သူဌေးပိုင်ဆိုင်သော Geylang Lor 32 ရှိအိမ်ကိုငှားရန် ပြောရာ သူဌေးကခွင့်ပြုလိုက်
သဖြင့် ကျွန်တော်တို့အားလုံး Geylang Lor32 သို့ပြောင်းရွှေ့ခဲ့ကြပြန်သည်။ကျွန်တော်
ခေါင်းကြီး ၊ကိုသက်နိုင်(ကချင်ကြီး) ၊ မောင်မောင်ကျော် (မဲကြီး ) ၊ကိုသန်းထိုက်(ကျွဲကြီး)
မျိုးလေး ၊ ရွှေထက် (ထက်ကြီး ) ၊အားလုံး ၇ယောက်ဖြစ်သည်။တစ်ခါတစ်ရံ ထိုအိမ်သို့
မွန်လူမျိုး ကိုရာဇာ ( သူ့ကိုမွန်ရာဇာဟုခေါ်သည်) ဆေးလိပ်နှင့်ငါးလာရောင်းသည်။
ထိုအိမ်တွင် ပွဲစား ၃ ယောက်ရှိသည်။ရန်ကုန်မှစင်္ကာပူသို့ လာလိုသူများအလုပ်အပါအဝင်
တစ်ယောက်လျှင် ၃ သိန်း နှင့်ရိုက်သည်။“စ” ရောက်သည်နှင့် ပတ်စ်ပို့စာအုပ်ကိုရောင်းစား
သည်။အလုပ်ကိုလည်း ကြမ်းတမ်းသောအလုပ်ကိုသာ ရှာပေးသည်။ထိုအချိန်က မြန်မာများ
Construction ကိုလုံးဝမလုပ်ကြပါ။သူတို့ရိုက်ခေါ်လာသောလူများကို ထိုကဲ့သို့ကြမ်းတမ်း
သော အလုပ်များကိုသာ သွင်းပေးကြသည်။မလုပ်နိုင်ပါက ပိုက်ဆံပြန်မပေးပဲ အဆုံးခံကြရ
သည်။သူတို့အပိုင်ရိုက်ကြခြင်းဖြစ်သည်။ ထိုအချိန် “စ” တွင် အလုပ်အကိုင်အလွန်ပေါများပြီး
ကုန်ဈေးနှုန်းလည်းမကြီးမြင့် နေရထိုင်ရတာလည်း အလွန်အဆင်ပြေသည်။
စင်္ကာပူနိုင်ငံသည် မလေးရှားနိုင်ငံကဲ့သို့မဟုတ် သွားရလာရတာ လွတ်လပ်ပေါ့ပါးပြီး အေး
အေးချမ်းချမ်းရှိသည်။စင်္ကာပူနိုင်ငံသည် နေရာတစ်ကာသန့်ရှင်းသပ်ရပ်ပြီး အရိပ်ရအပင်များ
ပန်းအလှပင်များကို လမ်းဘေးပလက်ဖေါင်းတစ်လျှောက်နှင့် အလယ်ကျွန်းတစ်လျှောက်တို့
တွင် စနစ်တစ်ကျ သေသေသပ်သပ် စိုက်ပျိုးထားသည်။စင်္ကာပူနိုင်ငံသည် အီကွေတာ နှင့်
နီးသောကြောင့် ပူမည်ဟုထင်ရသော်လည်း တစ်နိုင်ငံလုံးတွင် သစ်ပင်ပန်းမန်များစိုက်ပျိုး
ပြုစုပျိုးထောင်ခြင်း ၊ သစ်တောများအားသဘာဝအတိုင်းထားခြင်းတို့ကြောင့် ရာသီဥတုသမ
မျှတပြီး နေထိုင်၍အလွန်ကောင်းသော နိုင်ငံဖြစ်သည်။နေရာတစ်ကာတွင် အမှိုက်တစ်စမရှိ
ဖုန်တစ်စက်မရှိ အလွန်သန့်ရှင်းသပ်ရပ်လှသည်။လုံးချင်းတိုက်အိမ်များ ၊ အထပ်မြင့်လူနေ
တိုက်ခန်းများ ၊ ရုံးဌာနအဆောက်အဦးများ ၊ စသောအဆောက်အဦးမှန်သမျှ မဲညစ်ဟောင်း
နွမ်းခြင်းမရှိပဲ အမြဲတမ်းသစ်လွင်တောက်ပနေသည်။ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အသန့်
ရှင်းဆုံးမြို့တော်ဆု ရရှိခြင်းဖြစ်သည်။ရထိုက်ပါပေသည် ထိုက်တန်ပါပေသည်။နိုင်ငံခေါင်း
ဆောင်များ၏ဦးဆောင်လမ်းညွှန်မှုစနစ်ကျခြင်း ၊ စီးပွားရေးအမြင်ရှိခြင်း ၊အတွေးအခေါ်
အယူအဆ မှန်ကန်ခြင်း ၊နိုင်ငံသူ နိုင်ငံသား များအရေးရှေ့တန်းတင်ခြင်း ၊တိုင်းပြည်စီးပွား
တိုးတက်ရေး ၊လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်ကျိုးမဖက် ကြိုးစားထမ်း
ဆောင်နိုင်ခဲ့သောကြောင့် စင်္ကာပူနိုင်ငံသည် သဘာဝအရင်းအမြစ် သယံဇာတ တွင်းထွက်
ပစ္စည်းများ မရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် အချမ်းသာဆုံး လူနေမှုအဆင့်
အတန်း အမြင့်မားဆုံး ၊ အာရှနိုင်ငံကြီးများနှင့်ပင် ရင်ဘောင်တန်းနိုင်လျှက် ကမ္ဘာ့နိုင်ငံကြီး
များကပါ လေးစားတန်ဖိုးထားရသော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ ရောက်ရှိဆဲဖြစ်သည်။လျှပ်
စစ်ဓါတ်အားနှင့်ရေကို မလေးရှားနိုင်ငံမှ ဝယ်ယူသုံးစွဲရသည်။အသီးအနှံများနှင့် စားသောက်
ကုန်ပစ္စည်းများ ၊အခြားလူ့အသုံးအဆောင်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံ
တစ်ကာမှ မှာယူတင်သွင်း သုံးစွဲရသည်။သို့သော်လည်း အဆုတ်မနစ်သောဇွဲ လုံ့လဝိရိယ
စိုက်ထုတ်ခြင်း အသီးအပွင့်များကို ယနေ့တိုင်ခံစားနေရခြင်းဖြစ်သည်။လေးစားအတုယူဖွယ်
ပင်။စင်္ကာပူနိုင်ငံ့ခေါင်းဆောင်များ အလွန်တော်ကြပါပေသည်။
စင်္ကာပူနိုင်ငံသူ နိုင်ငံသားများသည် စည်းကမ်းရှိ၍ အချိန်ကိုလေးစားပြီး အလုပ်ကိုကြိုးစား
သည်။စင်္ကာပူနိုင်ငံသား လူငယ်လူရွယ်တစ်ယောက်၏ တစ်နေ့ဝင်ငွေမှာ အနည်းဆုံး ၇၀
ဒေါ်လာရှိ၍ ဝင်ငွေနှင့်ထွက်ငွေ မျှတပြီး စုဆောင်းနိုင်လောက်အောင် ပိုလျှံသည်။ ကုန်ဈေး
နှုန်းမကြီးမြင့်ပေ။ ကြက်ဆီထမင်း တစ်ပွဲ ၂ဒေါ်လာ ၂ဒေါ်လာခွဲ ၊ကော်ဖီ လက်ဘက်ရည်
တစ်ခွက် ၆၀ ဆင့် ၊ဆေးလိပ်တစ်ဗူး ၅ ဒေါ်လာ ၂၀ ဆင့် ၊ ခရီးစရိတ် ဘတ်စ်ကားခ အများ
ဆုံး တစ်ဒေါ်လာခွဲခန့်သာ ရှိသောကြောင့် တစ်နေ့လူတစ်ယောက် အသုံးစရိတ်သည် ၂၀
ဒေါ်လာ လောက်ဆိုလျှင် လုံလောက်ပြည့်စုံသည်။ထိုအသုံးစရိတ်များသည် သာမန်အခြေခံ
လူတန်းစားတစ်ယောက်၏ တစ်နေ့ နေထိုင်အသုံးစရိတ်ဖြစ်သည်။ကျွန်တော်တို့လို နိုင်ငံ
ခြားသားများအတွက်ထို့ထက် ပို၍သက်သာသည်။မြန်မာများသည် ဘတ်စ်ကားစီးလျှင်
ခရီးဘယ်လောက်ဝေးဝေး အနိမ့်ဆုံးယာဉ်စီးခနှုန်းထား ပြား ၆၀ ခလုတ် ကိုသာနှိပ်ကြ
သည်။ ထို့ကြောင့် ထိုခလုတ်ကို ရွှေခလုတ်ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။ MRT ရ
ထားကတော့ ခိုးစီး၍မရ MRT Station အဝင်တွင် ကဒ်ထိုးလိုက်သည်နှင့် ကွန်ပျူတာစစ်
စတမ်က မှတ်ယူထားလိုက်ပြီး မိမိသွားလိုသည့် ဘူတာရောက်ပါက ကဒ်ထိုး၍ Station မှ
ပြန်ထွက်လိုက်သည်နှင့် ကွန်ပျူတာစစ်စတမ်က ခရီးစဉ်အကွာအဝေးအလိုက် တွက်ချက်
နှုတ်ယူထားလိုက်သည်။ကဒ်အသစ်စတင်ဝယ်ယူမည်ဆိုပါက ကဒ်တန်ဖိုး၂ ဒေါ်လာ အပါအ
ဝင် ၁၀ ဒေါ်လာ ပေးရသည်။ဘတ်စ်ကားနှင့် MRT ရထားကို ၈ ဒေါ်လာဖိုးစီးနင်းခွင့်ရှိသည်။
အပေါင် ၂ ဒေါ်လာ ထဲမှလည်း မိုင်းနပ်စ် (-) ပြသည်အထိ စီးနင်းခွင့်ရှိသည်။သို့သော် ကဒ်
ထဲတွင် လက်ကျန်ငွေကုန်သည်အထိတော့စီးခွင့်မရ မိုင်းနပ်စ်(-) တစ်ခါသာ စီးနင်းခွင့်ပြု
သည်။ကျွန်တော်သည် MRT ကဒ်လှလှလေးရထားပြီး ထိုကဒ်ကလေးကို ဈေးပေါပေါဖြင့်
သိမ်းထားလိုပါက ကဒ်ထဲတွင်လက်ကျန်ငွေ ကဒ်တန်ဖိုးအပါအဝင် ၂ ဒေါ်လာ ၂၀ဆင့်ဝန်း
ကျင်အထိရအောင်စီးပြီး နောက်ဆုံးခရီးရှည်တစ်ခုကို မိုင်းနပ်စ် (-) တစ်ခါပြသည်အထိ စီး
နင်းလိုက်ရာ ကဒ်ထဲတွင် ကဒ်တန်ဖိုးသိပ်မကျန်တော့ပဲသိမ်းထားလိုက်သည်။နောက်ထပ်
ကဒ်အသစ်တစ်ခုထပ်ဝယ်လိုက်သည်။ တစ်ခါတစ်ရံ ငွေကြေးပြတ်လပ်ပါက ၎င်း MRT ကဒ်
ကို Ticket Counter တွင်ကဒ်ထဲရှိသမျှ ပိုက်ဆံပြန်ထုတ်ခွင့်ရှိသည်။ ခရီးသွားပြည်သူများ
နှင့်နိုင်ငံသားများအတွက် လိုအပ်သမျှ လွတ်ကွက်ဟာကွက်မရှိအောင် စီစဉ်ဆောင်ရွက်ပေး
ထားသောကြောင့် စင်္ကာပူနိုင်ငံတွင် နေထိုင်ရသည်မှာ စိတ်ချမ်းသာမှုအပြည့်အဝရရှိသည်။
ထိုပွဲစား ၃ ယောက်သည် ရန်ကုန်မှ ဗိုလ်မှူးကြီးတစ်ယောက်၏ ညီကို ၃ သိန်းဖြင့်ရိုက်ပြီး
“စ ” တွင် အလုပ်ရှာမပေးသေးပဲ ပတ်စ်ပို့စာအုပ်ကို သိမ်းထားသည်။ထိုလူလည်း မနေချင်
တော့သဖြင့် စာအုပ်ပြန်တောင်းရာ ပွဲစား ၃ ယောက်ကမပေးပဲညစ်ထားသည်။ ထိုလူလည်း
ကျွန်တော်တို့အုပ်စုအား ငိုယိုအကူအညီတောင်းသဖြင့် ကျွန်တော်တို့အုပ်စုနှင့် ထိုပွဲစားများ
ပြဿနာ တက်တော့သည်။ ကိုကျွဲကြီးက တူတစ်ချောင်းကိုင်ပြီး မှန်များကို လိုက်ခွဲသည်။
ကျွန်တော်တို့လည်း အိတ်ကိုယ်စီဆွဲ၍ Guillemard Rd ဖက်သို့ထွက်ပြီး မိန်မိန်းအိမ်ရှိရာ
Cassia Cres သို့ ပြောင်းရွှေ့ခဲ့ကြရပြန်သည်။မိန်မိန်းသည်ထို Cassia Cres BLK 42
ခြောက်ထပ်တွင် အိမ်ခန်းငှားထားပြီး ဝင်းဗိုလ် ၊မင်းမင်းဦး ၊မျိုးအောင် ၊ကွမ်းသီး ၊အငယ်
လေးတို့နှင့်အတူနေသည်။ကျွန်တော်တို့အုပ်စုလည်း ထိုအိမ်သို့ရောက်သွားသဖြင့် Maph
-erson အုပ်စုများပြန်တွေ့ဆုံကြပြန်သည်။ ကိုဝင်းဗိုလ်တို့အုပ်စုသည် Mapherson မှ Joo
Chiat ဖက်သို့ပြောင်းသွာပြီး ယခုမှပြန်ဆုံကြရခြင်းဖြစ်သည်။မိန်မိန်းတို့အိမ်သို့ ကျွန်တော်တို့
အုပ်စု ပြောင်းရွှေ့ပြီး တစ်လဝန်းကျင်ခန့်တွင် ရွှေထက်နှင့်မျိုးလေးတို့ ပြဿနာတက်ကြ
သည်။ ထိုနေ့က တနင်္ဂနွေနေ့ဖြစ်မည်။အိမ်မှလူအားလုံး စုပြီးထမင်းချက်စားသည်။၁၂ နာရီ
ဝန်းကျင်ခန့် အားလုံး ထမင်းဝိုင်းစားနေကြစဉ် မျိုးလေးရောက်လာပြီး ရွှေထက်ကို ပြဿနာ
ရှာတော့သည်။ကျွန်တော်တို့ကလည်း ကိုယ်နှင့်မဆိုင်သဖြင့် ဘာမှဝင်မပြော။ မျိုးလေးက
အော်ကြီးဟစ်ကျယ်လုပ်ပြီး နံရံကို လက်ဖြင့်ထု စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်ဖြင့် ဝုန်းဒိုင်း
ကျဲနေသည်။ အခြားဘေးအခန်းများကို အားနာဖို့ကောင်းသည်။ဒီကောင်နားလည်မှုမရှိသော
ကြောင့် အခြားလူများပါ ဒုက္ခရောက်ကြရမည်ကို မစဉ်းစားမဆင်ခြင်ပဲ လုပ်ချင်ရာလျှောက်
လုပ်သည်။ အိမ်နီးချင်းများက ဆူညံသောကြောင့် ရဲတိုင်လိုက်သည်။အားလုံးထမင်းစားပြီး
သောအခါ မောင်မောင်ကျော် ၊ခေါင်းကြီး မင်းမင်းစိုး တို့ ၃ ယောက် ဘုန်းကြီးကျောင်း သွား
မယ်ဆိုပြီး ထွက်သွားကြသည်။ ကျွန်တော်ကတော့အိမ်မှာပဲနေခဲ့သည်။ ၄၅ မိနစ်ခန့်ကြာ
တော့ မင်းမင်းစိုးဖုန်းဆက်လာသောကြောင့် အားလုံးထိတ်လန့်တစ်ကြားဖြစ်ကုန်သည်။
မင်းမင်းစိုးဖုန်းဆက်ပြောသည်မှာ သူတို့ဘုန်းကြီးကျောင်းသွားရန်အောက်သို့ဆင်းပြီး လမ်း
တစ်ဖက်သို့ ကူးရန်ပြင်နေစဉ် BLK အောက်တွင်ရောက်ရှိစောင့်ဆိုင်းနေသော ရဲများက
ခေါ်ယူစစ်ဆေးကြောင်း ၊ခေါင်းကြီးမှာ Workpermit Copy ပြပြီးလွတ်သွားကြောင်း ၊မင်း
မင်းစိုးမှာ လမ်းကူးပြီးဖြစ်၍ ပြဿနာမရှိသော်လည်း မောင်မောင်ကျော်သည်လမ်းမကူးရ
သေးခင်သူ့ရှေ့တွင်ရဲကားထိုးရပ်သည်နှင့် မောင်မောင်ကျော်လည်း ကြောက်လန့်ပြီးထွက်
ပြေးတော့သည်။ရဲများကလည်း လိုက်ဖမ်းရာ တစ်နေရာအရောက် မောင်မောင်ကျော်ကိုရဲများ
ဖမ်းမိသွားသည်။ ထိုအကြောင်းများကို မင်းမင်းစိုးနှင့်ခေါင်းကြီးတို့ ဖုန်းဆက်ပြောပြ၍ သိရ
ခြင်းဖြစ်သည်။ကျွန်တော်တို့လည်း မဲကြီးပါသွာပြီဖြစ်သဖြင့် ထိပ်လန့်နေကြသည်။ ည ရ
နာရီခန့်တွင် ရဲ ၂ ယောက်နှင့်အတူ မောင်မောင်ကျော် လက်ထိပ်ခတ်လျှက်အိမ်သို့ရောက်
လာသည်။အားလုံးထိတ်လန့်တစ်ကြီး ပုန်းအောင်းကြရသည်။ အိမ်ရှေ့တွင်ကျွန်တော်နှင့်
ကွမ်းသီးနှစ်ယောက်သာ ကျန်ခဲ့သည်။မောင်မောင်ကျော်က
“ ကျွန်တော်ဘယ်လိုပြောပြော
ပြောမရလို့..အိမ်ကိုခေါ်လာရတာ..မျိုးလေးကြောင့်ဒီလိုဖြစ်တာ...”
ဟုငိုမဲ့မဲ့ဖြင့်ပြောပြသည်။
ရဲတွေကလည်း သဘောကောင်းကြပါသည်။မောင်မောင်ကျော်တွင် ဖိနပ်မရှိတော့။ထို့
ကြောင့် အနီးရှိ ဖိနပ်တစ်ရံဝတ်ပေးနေစဉ် ရဲကကျွန်တော့်ကို
“ ဘာနှင့်နေတာလဲ...”
“..ကျွန်တော်...ကျောင်းသားပါ...”
“ မင်း...ကျောင်းသားကဒ်...ခဏပြပါ..”
ကျွန်တော့်တွင်လောလောဆယ်ကျောင်းသားကဒ်မရှိကြောင်း ကျောင်းမှဆရာအားခေတ္တ
ပေးထားကြောင်း လျှောက်ပြောရာ ရဲက ကျောင်းသားကဒ်ကိုဆရာကိုပေးစရာအကြောင်း
မရှိကြောင်း မင်းလိမ်တာဟု ကျွန်တော့်ကိုပြောရာ ကျွန်တော်လည်းကြောက်လန့်ပြီး အ
ခန်းတွင်းသို့ဝင်ပြေးခဲ့ရလေသည်။အပြင်တွင်ကွမ်းသီးသာကျန်ခဲ့သည်။ ရဲက သိသော်လည်း
ကျွန်တော်တို့ကိုဘာမှမလုပ်ပါ။ ဝရံတာမှ ထွက်၍ ရဲကားသွားမသွားချောင်းကြည့်ပြီး ရဲကား
ထွက်သွားသည်နှင့်ကျွန်တော်တို့အုပ်စု အိတ်ကိုယ်စီဆွဲ၍ မိန်မိန်းအိမ်မှ ရွှေ့ခဲ့ကြပြန်သည်။
မိန်မိန်းလည်း ထိုအချိန်မှစ၍ ဒုက္ခရောက်ခဲ့ရသည်။အားလုံးက မျိုးလေးကိုမကြည်ကြ။မျိုး
လေးကြောင့် မောင်မောင်ကျော် အဖမ်းခံရသည်ဟု အားလုံးကရော ကျွန်တော်ကပါ သူ
ငယ်ချင်းများကို ပြောပြသည်။ထိုအချိန်က “စ” တွင် မိမိကြောင့်အခြားလူများ ဒုက္ခရောက်
ရသည်ဆိုလျှင်လူတိုင်းက နှာခေါင်းရှုံ့ကြသည်။ထိုလူမျိုးနှင့် အပေါင်းအသင်း အဆက်အဆံ
မလုပ်ကြ။လူရာမသွင်းလူကဲ့သို့မဆက်ဆံ စောက်မြင်ကပ်ပြီး စောက်ခွက်ရိုက်ချင်ကြသည်။
မဲကြီးကိုရဲစခန်းတွင်ထားပြီး မဲကြီးမှ ကိုဝင်းဇော်ဦးထံ လေယာဉ်လက်မှတ်လာပို့ပေးရန် ဖုန်း
ဆက်အကြောင်းကြားသဖြင့် ကိုဝင်းဇော်ဦးနှင့်ကိုဇော်ထွန်း တို့မှ လေယာဉ်လက်မှတ်ဝယ်ပြီး
မောင်မောင်ကျော်ထံ ပေးပို့လိုက်သောကြောင့် တစ်ပါတ်ခန့်အကြာတွင် မဲကြီး မြန်မာပြည်
သို့ပြန်ရောက်သွားသည်။မဲကြီးပြန်သွားပြီး တစ်ပါတ်ခန့်အကြာတွင် ကျွန်တော်နှင့်မျိုးအောင်
Changi ရှိမျိုးလေးတို့ ဆေးသုတ်ရာနေရာသို့ သွားကြရာ မျိုးလေးထွက်လာပြီး
“ ဟေ့ကောင်...သိန်းအေး...မဲကြီးအဖမ်းခံရတာ..ငါ့ကြောင့်လို့ မင်းကပြောတယ်ဆို...”
“ အေးလေ...ခင်ဗျားကြောင့်မဲကြီး အဖမ်းခံရတာပဲဟာ...ဒါအမှန်ပဲလေ..မဲကြီးကိုယ်တိုင်လဲ
ဒီအတိုင်းပဲပြောသွားတာပဲ...”
ခေါင်းကြီး ၊ရွှေထက် ၊ မင်းမင်းစိုး ၊ကိုသက်နိုင် ၊ မျိုးအောင် ၊တို့ရှေ့တွင် ကျွန်တော်အဲ့ဒီလို
ပြောလိုက်တာကြောင့် မျိုးလေး အောင့်သွားသည်။ မဲကြီးကို ရဲစခန်းမှာ ရဲတွေက မင်းတို့အ
ခန်းက ဆူညံနေတာကို ဘေးအခန်းက Conplain တက်လို့ လာရောက်ဖြေရှင်းပေးရန်BLK
အောက်တွင်စောင့်ဆိုင်းနေစဉ် ဓါတ်လှေကားထဲမှ မင်းတို့ဆင်းလာလို့စစ်ဆေးရတာ လို့ရဲ
တွေကပြောကြောင်း မဲကြီးအိမ်ကို သူ့အဝတ်အစားများလာယူစဉ် ပြောပြ၍သိရကြောင်း
များကို မျိုးလေးကို အားလုံးရှေ့တွင်ပြောပြလိုက်သည်။ ထိုအချိန်နောက်ပိုင်းမှစ၍ မျိုးလေး
နှင့်ကျွန်တော်တို့အုပ်စု ပါတ်သက်မှုသိပ်မရှိတော့ပဲ ကင်းကွာသွားတော့သည်။ကျွန်တော်တို့
လည်း မိန်မိန်းအိမ်မှ Geylang Lor 25 (A) ကိုဆန်းမင်းအိမ်သို့ပြောင်းရွှေ့ခဲ့ကြသည်။ကို
ဆန်းမင်းအိမ်တွင် တစ်လခန့်နေပြီး Geylang Lor 26 ကိုမြင့်မိုးနှင့် ကိုကျော်ကျော်မိုး တို့
အိမ်သို့ထပ်မံပြောင်းရွှေ့ခဲ့ကြပြန်သည်။

No comments:

Post a Comment