Thursday, September 16, 2010

ကော်ပီ ၁၆ ( အပိုင်း နှစ် )

အပိုင်း ( ၂ )

စာမျက်နှာ တစ်ဆယ့်ခြောက်

အဝေးပြေးကားသည်ဂိတ်မှစထွက်ပြီး မြို့တွင်း၍သာ ဖြေးညှင်းစွာမောင်းနှင်နေသော်လည်း
မြို့ပြင်ရောက်သည်နှင့် တောက်လျှောက်အပြင်းမောင်းတော့သည်။
လိုက်ပါလာသည့် ခရီးသည် များအား စောင်တစ်ထည်စီနှင့် KFC တစ်ယောက်တစ်ထုပ်စီ ပေးသည်။ထိုင်ခုံများမှာလည်း
လေယာဉ်ထိုင်ခုံကဲ့သို့ နောက်သို့လှန်၍ရသောကြောင့် ခရီးသည်များ
အတွက် သက်တောင့် သက်သာ ရှိသည်။လေယာဉ်စီးရသည်မှာ သက်တောင့်သက်သာရှိသော်လည်း လေယာဉ်ကွင်း
အတက်အဆင်းတွင် နားအူသဖြင့် ဘတ်စ်ကားစီးရတာလောက်သိပ်မမိုက်။ဘတ်စ်ကားစီးရ
တာပို၍ဇိမ်ကျသည်။အဲယားကွန်းမှ ထုတ်လွှတ်သောအအေးဓါတ်သည် အစပိုင်းတွင်သိပ်မသိ
သာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိမ့်အေးလာသည်။ကျွန်တော်တို့လည်း အစပိုင်း
တွင် ဟိုကြည့်သည်ကြည့် စကားတစ်ပြောပြောဖြင့် လိုက်လာရာမ
ှ ကြာလာတော့ ပြောစရာ စကား မရှိကြတော့ ....။ထိုင်ခုံကို နောက်သို့အနည်းငယ်လှန်၍ ပေးထားသောစောင်ကို ခြုံပြီး
အိပ်လိုက်လာခဲ့ကြသည်။ ည ၂ နာရီခန့်တွင် “ အာလောစတား ” မြို့သို့ရောက်ရှိကြပြီး ခရီး
သည်များအား အပေါ့အပါးသွားရန် ၊ ကော်ဖီသောက်ရန် ၊အညောင်းအညာပြေစေရန် ၊ ၁၅ မိ
နစ်ခန့် ခေတ္တခဏရပ်နားပြီး ခရီးဆက်လက် ထွက်ခွါလာခဲ့ကြသည်။
နံနက် ၆ နာရီတွင် ကျွန် တော်တို့အားလုံး“ ကိုတာကင်နာဘာရူး” မြို့ အဝေးပြေးဂိတ်သို့ ရောက်ရှိကြပြီး ခရီးစဉ်အဆုံး
သတ်ခဲ့သည်။ထိုအဝေးပြေးဂိတ်သည် မလေးရှားနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည်။ကျွန်တော်တို့
ထိုအဝေးပြေးဂိတ်မှ TAXI ငှား၍ မလေးနှင့်ထိုင်း နယ်နိမိတ် ပိုင်းခြားသတ်မှတ်ထားသော
မြစ်ကမ်းအနီးသို့ ဆက်လက်ထွက်ခွါလာခဲ့ကြသည်။ မြစ်ကမ်းနဖူး
အနီးတွင် အိမ်နှင့်ဆိုင် တွဲလျှက် လက်ဘက်ရည်ဆိုင်ကလေး ရှိသည်။
ကျွန်တော်တို့ ထိုလက်ဘက်ရည်ဆိုင်ကလေး တွင် လက်ဘက်ရည်
သောက်ရင်း လာခေါ်မည့် စက်လှေကို စောင့်မျှော်နေကြသည်။ ပွဲစား
ကတော့ လက်ဘက်ရည်မသောက်နိုင်ပဲ လာခေါ်မည့်စက်လှေနှင့်
အချိတ်အဆက် လုပ်နေသည်။ ၁၅ မိနစ်ခန့်ကြာသော် စက်လှေရောက်
လာ၍ကျွန်တော်တို့စက်လှေဖြင်ထိုင်းနိုင်ငံဖက်သို့ကူးခဲ့ကြသည်။ထိုင်း
ဖက်ခြမ်းရောက်တော့ နံနက် ၈ နာရီထိုးနေပြီ။ထိုမှတစ်ဆင့် HILUX ခရီး
သည်တင်ကားဖြင့် “ စွန်ဂိုင်းဂလုတ်” ထိုင်းနိုင်ငံ၏ရထားလမ်းဆုံးမြို့
သို့ဆက်လက် ထွက်ခွါ လာခဲ့ကြသည်။ယခင်ကျွန်တော်တို့ ရောက်ရှိခဲ့
သော Hat Yai မြို့ကလေးနှင့်“ စွန်ဂိုင်းဂလုတ် ” မြို့ ကြားတွင် ဘူတာငယ်ကလေးတစ်ခုသာခြားသည်။ ၎င်း “ စွန်ဂိုင်းဂလုတ် ” ဘူတာ
သည် ထိုင်းနိုင်ငံ၏ ရထားလမ်းဆုံးမြို့ဖြစ်သည် Hat Yai ထက်ပိုစည်
ကားသည်။ Hotel များ Shopping Centre များရှိသည်။ထိုစွန်ဂိုင်းဂလုတ်
မှ ရထားလမ်းသည် မလေးရှားနိုင်ငံ ကွာလာလမ်
ပူမြို့အထိ ဆက်သွယ်ဖေါက်လုပ် ထားသည်။ ကွာလာလမ်ပူမှ ဂျိုဟိုး...
ဂျိုဟိုးမှ စင်္ကာပူ အထိ တောက်လျှောက် ဖေါက်လုပ်ထားသည်....။
ကျွန်တော်တို့ စွန်ဂိုင်းဂလုတ်ရောက်တော့ ပွဲစားအိမ်တွင် ရေမိုးချိုးပြီး ထိုင်းဘတ်ငွေများ
အနည်းငယ်စီ လဲလှယ်လိုက်ကြသည်။ပွဲစားကတော့ ကျွန်တော်တို့အ
တွက် ရထားလက် မှတ်နှင့်ကျွန်တော်တို့ ပတ်စ်ပို့ စာအုပ်များတွင် မလေးအထွက်တုံးနှင့် ထိုင်းအဝင်တုံးများ သွားလှုပ်ရှားနေသည်။
ရထားက ညနေ ၄ နာရီ တွင် ဘန်ကောက်မြို့သို့ထွက်ခွါမည်ဟုသိရ
သည်။ မလေးရှားသို့ ကျွန်တော်တို့ ဝင်ခဲ့စဉ်က အကြီးအကျယ် ဒုက္ခရောက်ခဲ့သလောက် ပြန်အထွက် တွင် ငှက်ပျောသီးအခွံနွှာစားရ
သကဲ့သို့ လွယ်ကူလှသည်။ကျွန်တော်တို့ထက် တစ်နှစ်ခန့် နောက်ကျမှ
မလေးသို့ဝင်လာသူများသည် ကျွန်တော်တို့လောက် မခက်ခဲ ၊မပင်ပန်း
ဒုက္ခ မရောက်ကြရပေ..။ပွဲစားများသည် မလေးရှားသို့ဝင်နိုင်မည့်
လမ်းကြောင်းများကို သိရှိထား ကြသည်။
စွန်ဂိုင်းဂလုတ် မှ ညနေ ၄ နာရီ တွင် ဘန်ကောက်မြို့သို့ ကျွန်တော်တို့အားလုံးရထားဖြင့် ခရီး
ဆက်လက်ထွက်ခွါလာခဲ့ကြသည်။နောက်တစ်နေ့ နံနက် ၁၀ နာရီ
ခန့်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြတော့သည်။ ဘူတာရုံမှ အထုပ်ကိုယ်စီဆွဲ၍ ထွက်လာခဲ့ကြသည်..။ ဒီတစ်ခေါက်
တော့ ရောက်ခဲ့ဖူးပြီးဖြစ်သဖြင့် မျက်စိမလည်တော့။ပထမတစ်ခေါက်
က တစ်ရက်ခန့်သာနေခဲ့ ရသဖြင့် ဘယ်မှလျှောက်မလည်ဖြစ်။ဘူတာရုံမှ အထွက်တွင် ကိုဖိုးရွှေ တို့အုပ်စုနှင့် ကျွန်တော် တို့ လမ်းကွဲခဲ့ကြသည်။
ကိုဖိုးရွှေ ကိုဟန်တင် ကိုအောင်ဝင်း တို့ကတစ်တွဲ ကျွန်တော်နှင့်မောင်
မောင်ကျော် တို့ကတစ်တွဲ ကွဲခဲ့ကြသည်။ကျွန်တော်တို့နှစ်ယောက်လည်း
ကိုဖိုးရွှေ တို့ကိုရှာဖွေ ရင်း G.P.O ဗဟိုစာတိုက်ကြီး ဖက်သို့ လျှောက်လာ
ခဲ့ကြရာ လမ်းခုလတ်တွင် မောင်မောင် ကျော်မလေးသို့လာစဉ်ခေတ္တ
တည်းခိုခဲ့ သောအိမ်မှ ကိုကျော်ဇော နှင့်တွေ့ပြီး သူ့အိမ်တွင်လိုက်
တည်းရန်ခေါ်သဖြင့် ကျွန်တော်တို့နှစ်ယောက် ကိုကျော်ဇော အိမ်သို့ရောက်သွားတော့သည်..။
ကိုကျော်ဇော အိမ်သို့ရောက်ပြီး ခေတ္တစကားအနည်းငယ်ပြောဆိုပြီး
ကိုဖိုးရွှေ တို့ အရှာထွက်ခဲ့ကြသည်..။ G.P.O ထိပ်ရောက်တော့ ကိုဖိုးရွှေ အထုပ်များရှေ့ချ၍ တစ်ယောက်တည်းရပ်နေ သည်ကိုတွေ့ရတော့သည်။
..“ ဟေ့....ကိုဖိုးရွှေ......ခင်ဗျားတို့....ဘူတာရုံကနေ ဘယ်ပျောက်သွားကြတာလဲ......”
..“ ဟာ........ဟေ့ကောင်တွေ.......မင်းတို့ကလည်းကွာ...ငါတို့မင်းတို့ကိုလိုက်ရှာနေတာ..”
..“ ကျွန်တော်တို့လဲ...ကိုဖိုးရွှေ တို့ကိုလိုက်ရှာနေကြတာ....
ဘယ်လိုဖြစ်လို့....... ပျောက်သွားကြတာလဲ..”
..“ ဟိုကောင်...အောင်ဝင်းလေ...သူ့ ရေဘင်မျက်မှန် ရထားပေါ်..
ကျန်ခဲ့လို့ဆိုပြီး.. သွားပြန်ရှာတာ....”
..“ ပြန်ရလား....”
..“ တော်သေးတာပေါ့...ပြန်ရခဲ့တယ်....”
..“ ဒါနဲ့..သိန်းအေး...မင်းတို့အိတ်တွေကော......”
ကိုဖိုးရွှေ ကကျွန်တော့်ကိုကြည့်ရင်း..မေးသည်...။
..“ ကျွန်တော်တို့ မောင်မောင်ကျော့်အသိ ကိုကျော်ဇော နဲ့ တွေ့လို့...သူ့အိမ်လိုက်တည်း ပါဆိုလို့.....အဲဒါ...ကျွန်တော်တို့လည်း ..သူ့အိမ်ရောက်သွားခဲ့တာ..အခုအိတ်တွေထားခဲ့
ပြီး...ကိုဖိုးရွှေ တို့ကိုလိုက်ရှာနေတာ.....”
..“ မင်းတို့ကလည်း...ငါတို့ကိုတောင်မပြောဘူး...”
..“ ဟာ...ကိုဖိုးရွှေကလည်း...ကိုဖိုးရွှေတို့ပဲ...ဘယ်ပျောက်သွားမှန်းမှ
မသိတာ.....”
ကိုဖိုးရွှေ စိတ်နဲနဲ ခုသွားသည်..။
..“ ကိုဖိုးရွှေတို့..တည်းဖို့နေရာရပြီလား.....”
..“ မရသေးလို့ပြောတာပေါ့....ကွ......”
တင်းနေသည်။ဟုတ်တော့လည်းဟုတ်ပါသည်။ထိုင်းကသိပ်မလွယ် ထိုင်းရဲများမြန်မာများကို
တွေ့ပါက စစ်ဆေးတတ်သည်။ ရိုးရိုး စစ်ဆေးရုံနှင့်ပြီးသွားလျှင်
အကြောင်းမဟုတ် ကျွန်တော်တို့ ကြားဘူးသည်မှာ တစ်ချို့မြန်မာ
အထာနပ်သော ရဲများသည် စစ်ဆေးပြီး ပတ်စ်ပို့
စာအုပ်ကိုပြန်မပေးပဲ ဆိုင်ကယ်မောင်းပြေးတတ်သည်ဟု ကြားဘူးသည်..။
ထို ပတ်စ်ပို့ စာအုပ်ကို မြန်မာများထံသို့ ပြန်ရောင်းသည်ဟုကြားဘူးသည်.။ ထို့ကြောင့် ထိုင်းရဲများ ဆိုင်ကယ်နှင့် ပတ္တရောင်လှည့်တာကိုတွေ့သည်နှင့် လန့်နေကြရသည်...။ ထိုင်းရဲများ၏ အဆင်အပြင်မှာ မလေးရှားရဲများထက်
ပို၍ ခန့်ငြားဝင့်ကြွားပြီး စမတ်အတော်ကျသည်....။
နေရာတစ်နေရာတည်းတွင် ကြာကြာရပ်မနေရဲ အနီးရှိ ဆဲဗင်းအလဲဗင်း ဆိုင်ထဲသို့ဝင်၍ ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း .......
..“ ကိုဖိုးရွှေ...ခင်ဗျားတို့..တည်းဖို့..ခိုဖို့..ရှာဦး....”
..“ အေးလေ....အဲဒါပြောတာပေါ့...တော်ကြာ..ရဲနဲ့တွေ့နေလို့...
ရှုပ်ကုန်ဦးမယ်."..
" ဟိုလူတွေကော....”
..“ ဒီကောင်တွေ...သွားစုံစမ်းဦးမယ်ဆိုပြီး....ငါ့ကိုအထုပ်တွေနဲ့ထားခဲ့ပြီး...ထွက်သွားကြတာ..
အခုထိ...ပြန်မလာကြသေးဘူး..ခွေးမသားတွေ....”
ကိုဖိုးရွှေ ဒေါဖောင်းနေသည်။ ထိုအချိန်တွင် ကိုဟန်တင် တို့အုပ်စု
ပြန်လာသည်။
..“ မင်းတို့တစ်တွေဘယ်ပျောက်နေကြတာလည်း...လီးဘဲ....ဒီမှာအထုပ်တွေနဲ့ငါတစ်ယောက်တည်း...”
..“ မဟုတ်ဘူး..ကိုဖိုးရွှေ ကလည်း..ကျွန်တော်တို့ တည်းဖို့လိုက်ရှာ
နေကြတာ...”
..“ ရလား...”
..“ ရတယ်...G.P.O နားက Unico မှာတည်းကြမယ်...ပြောပြီးပြီ..
အဲဒီမှာ...သင်္ဘောသားတွေ တည်းတာများတယ်....”
..“ ဟေ့ကောင်သိန်းအေး...မင်းတို့ကော...တို့နဲ့လိုက်တည်းမှာလား...”
ကိုဟန်တင် ကျွန်တော့်ကိုကြည့်၍ လှမ်းမေးလိုက်သဖြင့်
..“ ကျွန်တော်တို့က မောင်မောင်ကျော့်အသိ ...ကိုကျော်ဇောအိမ်မှာ..
ရပြီးနှင့်ပြီ...”
ကိုဖိုးရွှေ က
..“ ဒီကောင်တွေကလည်း...မမိုက်ပါဘူးကွာ...ငါ့လီး...ငါတို့ကိုတောင်
မစောင့်ဘူး...”
..“ ဟာ...ကိုဖိုးရွှေ ကလည်း...မဟုတ်ပါဘူး..ကိုဖိုးရွှေ တို့ပဲ ဘယ်ပျောက်သွားမှန်းမသိပဲနဲ့...”
ကိုဖိုးရွှေ ကျွန်တော်တို့ကို မကြည်။ဟုတ်တော့လည်းဟုတ်ပါသည်
ကျွန်တော်နှင့် မောင်မောင် ကျော်က “ စ ”တက်မည်ဖြစ်သဖြင့်သူတို့ကို တမင်လမ်းခွဲခဲ့သည်ဟု ထင်နေသည်။
..“ ကဲကဲ...ကိုဖိုးရွှေ..ဘာမှပြောမနေနဲ့...ကျွန်တော်တို့ Unico ကို
သွားကြမယ်... လမ်းမကြီးပေါ်မှာ...အန္တရာယ်များတယ်.. တော်ကြာရဲနဲ့တိုးနေရင်ဒုက္ခ.....”
သို့နှင့်သူတို့ Unico တွင်တည်းဖြစ်ကြသည်။ကိုဖိုးရွှေလည်း စိတ်နဲနဲပျော့သွားသည်။သူတို့
အုပ်စုအထုပ်အပိုးများ Unico တွင်ထားပြီး ပြန်ထွက်လာကြသည်။
..“ ကိုဖိုးရွှေ..ကျွန်တော်တို့ ဗိုက်ဆာနေပြီ...ထမင်းသွားစားကြရအောင်...
ကိုဖိုးရွှေတို့ကော စားပြီး ကြပြီလား...”
..“ ဘယ်စားရဦးမလဲကွ....ငါ့လီး...လာဟေ့ကောင်တွေ...ဟိုဖက်နားမှာ..မြန်မာကုလား
ထမင်းဆိုင်ရှိတယ်ပြောတယ်...ငါတို့အမဲနှပ်နဲ့ထမင်းသွားစားကြရအောင်....”
..“ ဟင်...ကိုဖိုးရွှေက ဒီမှာ..မြန်မာကုလားထမင်းဆိုင်ရှိမှန်း..ဘယ်လိုသိလဲ...”
..“ ငါ့အသိတစ်ယောက်မလေးမှာပြောလို့...ကွမ်းလဲရတယ်ပြောတယ်...”
..“ တယ်ဟုတ်ပါလား...”
ကျွန်တော်တို့စကားတစ်ပြောပြောဖြင့် လျှောက်လာကြရာ မကြာမီမြန်မာထမင်းဆိုင်သို့ရောက်
သွားပြီး အမဲနှပ်ဟင်းနှင့်ထမင်းစားလိုက်ကြသည်။ဗိုက်ဝသွားပြီဖြစ်
သောကြောင့် ဟိုနားဒီနား လျှောက်ကြည့်ကြသည်။
..“ ကိုဖိုးရွှေ...နောက်နေ့ကျရင်...ကျွန်တော်တို့ မြဘုရား
သွားဖူးကြရအောင်...”
..“ အေးကောင်းသားပဲ...ငါတို့ဘန်ကောက်မှာ..တစ်ပါတ်လောက်
နေပြီးမှ..မြန်မာပြည်ပြန်ကြတာပေါ့......”
ကျွန်တော်တို့ Shopping Centre များကိုလျှောက်ကြည့်ကြပြီး လိုအပ်တာများဝယ်၍
ပြန်ကြသည်။ ထိုင်းတွင် အဝတ်အထည်များ ၊ လူ့အသုံးအဆောင်
ပစ္စည်းများမှာ မလေးမှာထက် ပို၍ ဈေးချိုသည်။တည်းခိုအိမ်ပြန်
ရောက်တော့ ကိုကျော်ဇော နှင့် “ စ ” ကိစ္စဆွေးနွေးဖြစ်ကြသည်။
..“ ကိုကျော်ဇော...ကျွန်တော်တို့ “ စ ” တက်ရင်ဘာတွေလိုအပ်မလဲ...”
..“ ဘာမှတော့သိပ်မလိုပါဘူး...”
..“ ဗီဇာကော...”
..“ မလိုဘူး...ရှိုးမန်းနီးတော့..ပြရတယ်ကြားတယ်...မင်းတို့ ရှိုးမန်းနီး
ကော ပါရဲ့လား......”
..“ ပါပါတယ်....ဘယ်လောက်ပြရင်ရမလဲ......”
..“ အစိမ်း...၇၀၀/၈၀၀ လောက်ပြရင် ရလောက်တယ်...”
..“ လေယာဉ်လက်မှတ်ကကော....”
..“ လေယာဉ်လက်မှတ်က...Royal Nepal Air Line က အစိမ်း ၁၂၀လို့ပြောတယ်...”
..“ ကျွန်တော်တို့ လေယာဉ်လက်မှတ်ကို သွားခါနီး ၂ ရက်အလိုလောက်
ကျမှ..ဝယ်မယ်.. ဟိုလူတွေမြန်မာပြည် ပြန်ပြီးမှ...ကျွန်တော်တို့ “ စ ”
တက်မယ်...ဖြစ်တယ်မဟုတ်လား..”
..“ ဖြစ်ပါတယ်......”
ကျွန်တော်တို့နောက်တစ်နေ့ကျတော့ ကိုဖိုးရွှေ တို့နှင့်အတူ မြဘုရားသို့သွားရောက်ဖူးမျှော်ကန်
တော့ကြသည်။ဘန်ကောက်မြို့သည် ကားအလွန်ကျပ်သောမြို့ဖြစ်သည်။ကျွန်တော်တို့ မြဘုရား
သို့ ဘတ်စ်ကားစီးပြီးသွားရာလမ်းများပေါ်တွင် ကားများ ပြွတ်သိပ်
ကျပ်ညပ် နေသဖြင့် ကားပေါ် တွင် ၁ နာရီခွဲခန့် အချိန်ကုန်ခဲ့ရသည်။
ကျွန်တော်တို့ရောက်ရှိနေခိုက်တွင် စင်္ကာပူ နိုင်ငံကဲ့သို့ မြို့
တွင်းပါတ်လည်ပြေးဆွဲရန် MRT ရထားလမ်းများ ဆောက်လုပ်ဆဲ
ဖောက်လုပ်ဆဲ ဖြစ်သည်။
လက်မှတ်ရောင်းသည် ဝါးဆစ်ဗူးကဲ့သို့ သံဗူးလေးကိုင်ပြီး လက်မှတ်လိုက်ဖြတ်ရောင်းသည်။ဗူးကို အကန့်
နှစ်ကန့်ပြုလုပ်ထားပြီး ထိပ်အကန့်သည်ကျဉ်း၍ ကျန်အကန့်သည် ငွေအကြွေများထည့်ရန် အကန့်ကျယ်ပြုလုပ်ထားသည်။ထိပ်အကန့်
ကျဉ်းသည် လက်မှတ်ဖြတ်ရန်ဖြစ်သည်။

No comments:

Post a Comment