Sunday, September 19, 2010

တစ်ဆယ့်ကိုး( အသစ် )

စာမျက်နှာ တစ်ဆယ့်ကိုး
မနေ့က တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဆိုင်တွင်အတော်ရောင်းကောင်းသည်။ဒီမနက်ခြံထဲ
တွင်အမှိုက်များရှုပ်ပွနေသည်။ထို့ကြောင့် ဆိုင်အလုပ်သမားလေးများကို အမှိုက်ရှင်းခိုင်းပြီး
ကျွန်တော်ကိုယ်တိုင် ဝင်ကူသည့်အနေဖြင့် ရေပိုက်ဖြင့်သစ်ပင်များကို ကူညီရေဖျန်းပေးနေ
သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး အေးချမ်းတိတ်ဆိတ်လို့နေသည်။တစ်ခါတစ်ရံသာ လမ်းမ
ကြီးပေါ်မှ ကားဖြတ်သွားသံများကိုသာ ကြားရသည်။အဝေးတစ်နေရာမှ ပျံ့လွင့်လာသော





တေးသံကြောင့် အာရုံစိုက်နားစွင့်မိသည်........


နံနက်ခင်း....ဆီးနှင်းတို့ဝေးမလွင့်မီ.....နေရောင်ခြည်အရှေ့အရပ်ကအကြိုဆိုက်ပြီ......
မကြည်လင်တာတွေ....မှောင်ရိပ်ထဲသိပ်ခဲ့ကွယ်...မကြာခင်ဆိုရင်မိုးလင်းနိုးထတော့မယ်..

ဝေဟင်ပေါ်...ပျံသန်းတဲ့ငှက်ကလေးတွေ....ဘယ်ဆီမှာဆင်းသက်တစ်ထောက်ခိုနားမယ်...
နဒီမင်္ဂလာ...ခြေသွားလမ်း..ကမ်းတစ်ဖက်မှာ...လေပြည်အလာ......
ပန်းရနံ့တို့.... သင်းပျံ့နေ............

ဟိုတစ်ဖက်ကမ်းက...တရားဒေသနာ....အာရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား.....
ပူလောင်ကျွမ်းတဲ့..နှလုံးသားကိုယ့်အသည်းကို...
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ......

ငြိမ်သက်အေးချမ်းတိတ်ဆိတ်နေတဲ့ အာရုဏ်ဦးကလေး...နေရောင်ကလည်းမပီ့တပီ....
ညအမှောင်ကလည်း လွင့်ပျယ်မသွားခင်....မိုးမသောက်မှောင်ရိပ်မပြေးမီ ( ဆရာငြိမ်းကျော်
၏ ဝတ္ထုခေါင်းစဉ် ) အချိန်ကလေး...ထိုအချိန်ကလေးမှာပင်..အဝေးမှရှုခင်းများ...ခပ်လှမ်း
လှမ်းမှ..အရိပ်အရောင်များသည်...ဆီးနှင်းတို့ကြောင့်...မပီပြင်ဝေဝါးမှုန်မှိုင်းလျှက်...ကုန်
လွန်ခဲ့ပြီဖြစ်တဲ့..ဘဝတစ်လျှောက်လုံးမှာ...ရုန်းကန်လှုပ်ရှားခဲ့ရတာတွေ....မအောင်မြင်ကျရှုံး
ခဲ့ရတာတွေ...အခက်အခဲဒုက္ခ...ပင်ပန်းဆင်းရဲခဲ့ရတာတွေ....ဘဝကြင်ဖေါ်နဲ့လွဲခဲ့ရတာတွေ...
မပီပြင်တဲ့ဘဝ ရပ်တည်ဖြတ်သန်းခြင်း...လှိုင်းထန်ခဲ့တဲ့ဘဝကို...ပင်ပန်းကြီးစွာ ကြိုးစားရပ်
တည်ခဲ့ရတာတွေကို ပြန်လှန်သုံးသပ်ရင်း...ရှေ့ဆက်ရမဲ့ ခရီးအတွက်...အတိတ်ကိုအတိတ်
မှာထားရစ်ခဲ့ပြီး ထွက်ပြူလာမဲ့ နေရောင်ခြည်နှင့်အတူ အနာဂတ်ဘဝအတွက် ပြင်ဆင်နိုင်
ဘို့ ကြိုးစားရင်း မျှော်လင့်ခြင်းအလင်းရောင်တွေ...ရည်မှန်းချက်ပန်းတိုင်တွေ...ရရှိမဲ့အခွင့်
အရေးတွေ...ရှေ့ဆက်ရမဲ့ခရီးအတွက်..ရင်ဆိုင်ဖြတ်သန်းကျော်ဖြတ်နိုင်ဖို့...ခွန်အားသစ်ကို..
မွေးဖွားကြရတော့မယ်.........

ဖြတ်သန်းကုန်လွန်ခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ ပင်ပန်းဆင်းရဲခဲ့ရတာတွေအတွက် ခေတ္တ
ခဏပဲဖြစ်ဖြစ်...အချိန်ကာလလေးတစ်ခုပဲဖြစ်ဖြစ်...မသေခင်အချိန်အထိ ရုန်းကန်ရမဲ့ ဘဝ
အတွက်....ခရီးတစ်ထောက်လောက်တော့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဘဝအ
ခြေခိုင်နိုင်စေဖို့ ရှေ့ခရီးအတွက် တင်ကြိုအားအင်သစ်တွေမွေးဖွားနိုင်ဖို့ စဉ်းစားတွေးတော
နေရင်း...မြစ်ကမ်းနံဘေးတစ်လျှောက် လူသွားလမ်းဘေးမှ စိုက်ပျိုးပြုစုပျိုးထောင်ထားတဲ့
ပန်းဥယျာဉ်ကလေးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်နှင့်အတူ စွဲမက်ဖွယ် ပန်းရနံ့
များ မွှေးထုံ ပျံ့သင်းလို့နေပါတော့တယ်........

ဒီလိုငြိမ်သက်အေးချမ်းတိတ်ဆိတ်နေတဲ့ အာရုဏ်ဦးအချိန်ကလေးမှာ တစ်ယောက်တည်း
အထီးကျန်...နာကျင်စွာဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံးကို အပြန်ပြန်အလှန်လှန် သုံး
သပ်နေစဉ်မှာပင် မြစ်တစ်ဖက်ကမ်းမှ မပီဝိုးတဝါး လွင့်ပျံ့လာတဲ့ မြတ်စွာဘုရာရှင်ကိုယ်
တော်မြတ်ကြီး၏ တရားဒေသနာတော်တို့ကို သံဃာတော်တို့မှ ရွတ်ဖတ်သရဇ္စာယ်သံကိုကြား
လိုက်ရသဖြင့် ငြိမ်သက်အေးချမ်းသာယာလျှက်ရှိသော အာရုဏ်ဦးကလေးကို ပို၍ ပဏာရ
တင့်တယ်စေလျှက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံဂုဏ်တင့်နေစေတော့သည်.....။
ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး ပူပင်သောကရောက်ခဲ့ရတာတွေ.....ဝမ်းနည်းပူဆွေး
ခဲ့ရတာတွေ..အချစ်အတွက်ပူလောင်ကြေကွဲ ခံစားခဲ့ရတာတွေ...ရှုံးနိမ့်ခဲ့ရတာတွေ...လမ်းစ
ပျောက်ခဲ့ရတာတွေ...အားလုံးကိုခဏမေ့ထားပြီး....အခုလို ငြိမ်သက်အေးချမ်းတိတ်ဆိတ်
သာယာလှတဲ့ နံနက်ခင်းအာရုဏ်ဦးအချိန်ကလေးမှာ....ငြိမ်းအေးမြင့်မြတ်တဲ့ ဓမ္မတရားတော်
ကိုနာယူမှတ်သားရင်း....ခေတ္တချွေးသိပ်ထားပါရစေလားကွယ်.......

CHOး အပိုဒ် ပြီးသည်နှင့် SOLO အတီး အပိုဒ်ဝင်လာသည်..
ဂစ်တာအိုးပေါ် မေးတင်လျှက် ဂစ်တာကြိုးပေါ် ပြေးလွှားဆော့ကစား တီးခတ်နေသော လက်
ချောင်းကလေးများကို ကြည့်ငေးရင်း မျက်စိထဲမှ ကိုခင်ဝမ်းသီချင်း၏ ပုံရိပ်ယောင်တို့ကို မြင်
ယောင်ထင်ယောင်နေမိတော့သည်။ Rythm ကို ကိုဝင်းဗိုလ်က ပီပြင်စွာခပ်ငြိမ့်ငြိမ့် တီးခတ်
လျှက် အခန်းတွင်းရှိ လူအားလုံးလည်း သီချင်းသံစဉ်စာသားနောက်သို့ စီးမျောခံစားလျှက်
အသက်ရှူ ဘို့ရာမေ့နေသကဲ့သို့ ချောင်းဟန့်သံ စကားပြောသံများ တိတ်ဆိတ်လျှက် အခန်း
တွင်းဝယ် ဂစ်တာတီးခတ်သံတို့ကသာ လွှမ်းမိုးကြီးစိုးလို့နေပါတော့တယ်.....
ရည်ရွယ်ရာ...ခရီးလမ်းဆုံးမရောက်သေးမီ.....ကြင်နာသူ တွဲလက်ဖျက် အဖော်မဲ့ပြီ....
( အခြားတစ်ယောက်နဲ့ ကျန်ရစ်ပြီ ) ...
ယုံကြည်တာတွေ...ပျောက်ဆုံးလို့ဝေးမသွားခင်...ဒီရင်ခွင်မှာ...မင်းအမြဲတိုးစိုးမိုးနေ...
( မင်းအရိပ်တို့ စိုးမိုးနေ )......................

တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ အပျို လူပျို ဖော်ဝင်စ အချိန်ကတည်းက သွားအတူလာ
အတူ ...ဘဝအခြေခိုင်ဘို့ ကြိုးစားရုန်းကန်ရင်း နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်ဘို့ ချစ်
ရည်တူမျှခဲ့တဲ့ ဘဝလက်တွဲဖေါ် ရင်နင့်အောင်ချစ်ခဲ့ရတဲ့ချစ်သူက မိမိနှင့်လက်တွဲဖြုတ် အခြား
တစ်ပါးသူရင်ခွင်တွင် ပျော်မွေ့ကျန်ရစ်ခဲ့ပြီး..ကိုယ်မှာတော့ တစ်ယောက်တည်း အထီးကျန်
လျှက် တစ်နေ့နေ့ တစ်ချိန်ချိန် မိမိရင်ခွင်တွင်း ပြန်လာနိုးပြန်လာနိုး နှင့်စောင့်မျှော်နေရင်း
နေ့ရက်တိုင်း အချိန်တိုင်း မင်းနဲ့အတူ သွားခဲ့ လာခဲ့ စားသောက်ပျော်မြူးခဲ့ ကြည်နူးခဲ့တာ
တွေကို ပြန်လည်မြင်ယောင် တမ်းတရင်း ကိုယ့်ဘဝတစ်လျှောက်လုံး မင်းသာလျှင် စိုးမိုးလို့
နေပါတော့တယ်........ဒီဝေဒနာ ခံစားချက်တို့ ဘယ်အချိန်ထိအောင် နှိပ်စက်ခံနေရဦးမယ်မသိနိုင်တော့ပါဘူးလေ......
ဘဝရဲ့တည်ငြိမ်အေးချမ်းမှုတို့ကို အာသာငမ်းငမ်း လိုချင်တောင့်တနေမိပါတော့တယ်..........။

No comments:

Post a Comment