Wednesday, September 15, 2010

တစ်ဆယ့်ရှစ်

စာမျက်နှာ တစ်ဆယ့်ရှစ်

ROYAL GARDEN RESTAURANT ( Dream World )
နေ့စဉ် ဆိုင်မဖွင့်မီ ၁ နာရီအလိုခန့်တွင် ခြံတွင်းရှိ သစ်ပင်ပန်းမန်များကို
ရေဖျန်းခြင်း ၊အမှိုက်သရိုက်များ ရှင်းလင်းခြင်း ၊တံပျက်စည်းလှည်းခြင်း ၊
စသည်များကို နံနက်ပိုင်းဝန်ထမ်းများအား စီစဉ်ညွှန်ကြား၍ ဆိုင်ဖွင့်နိုင်ရန်
ကြိုတင်ပြင်ဆင်စိုင်းပြင်းရသည်...။ ဆိုင်ဝန်ထမ်း ၅ ဦး ငွေရှင်းကောင်တာ
ရှေ့တွင် တန်းစီရပ်နေကြသည် အလုပ်စတင်ရန်အဆင်သင့် ဖြစ်နေသည်။
..“ ဒီနေ့် ခင်ဗျားတို့..၅ ယောက်ထဲက ၂ ယောက်က သစ်ပင်တွေကို ရေပိုက်
နဲ့ ရေဖျန်းရမယ်..ကျန် ၃ ယောက်က ခြံထဲက အမှိုက်တွေကို ရှင်းလင်းသိမ်း
ဆည်းရမယ်...ပြီးရင် အားလုံးစုပေါင်းပြီး စားပွဲတွေ၊ ထိုင်ခုံတွေ ပြင်ဆင်ခင်း
ကျင်းရမယ်....”
..“ ဟုတ်ကဲ့...အစ်ကိုကြီး....”
..“ သစ်ပင်တွေကို... မဖျန်းခင်ဆိုင်ခေါင်မိုးကိုနေရာအနှံ့..ရေအရင်ပက်...
ဒါမှခေါင်မိုးပေါ်မှာရှိတဲ့..အညစ်အကြေးတွေ..ကင်းရှင်းသွားမယ်..သစ်ပင်တွေ
ကိုရေဖျန်းတဲ့အခါ...အပင်ကြီးတွေရဲ့ထိပ်ဖျားကို အရင်ဖျန်း...ဒါမှအပေါ်ကစီးကျ
လာတဲ့ရေတွေကြောင့်..အောက်ခြေအပင်တွေကို...သိပ်ဖျန်းစရာမလိုတော့ဘူး..”
..“ စိတ်ချပါ...အစ်ကိုကြီး...”
ပြောသာပြောရသည် နေ့စဉ်ပြောနေကျ ဖြစ်သောကြောင့် အားလုံးသဘောပေါက်
နားလည်ပြီးသား ဖြစ်နေကြသည်...။ထို့နောက် မီးဖိုခန်းထဲသို့ဝင်၍ မီးဖိုချောင်ဝန်
ထမ်းများဆီသို့လျှောက်ကြည့်ရင်း လိုအပ်သည်များကို ဆက်လက်သတိပေးလုပ်
ဆောင်စေသည်။
..“ ရေခဲနေတဲ့ အသားငါးတွေ ရေစိမ်ပြီးကြပြီလား...”
..“ ကြက် ၊ ဝက် ၊ ဘဲ ၊ဆိတ် ၊ အမဲသား ၊ ငါး ၊ ပုဇွန် ၊ ငါးဖယ် ၊ အားလုံးအဆင်သင့်ပါ
ဘဲ ..အစ်ကိုကြီး....”
..“ အသီးအရွက်တွေကော...”
..“ လှီးချွတ်နေကြပါပြီ.....”
..“ အရိုးပြုတ်ရည်အိုးကော...တည်ပြီးကြပြီလား...”
..“ အခုတည်မလို့ပါ....”
..“ ဂက်စ် ကော...အလုံအလောက်ရှိရဲ့လား....”
..“ ကျွန်တော်..စစ်ဆေးပြီးပါပြီ...နောက်တစ်ပါတ်လောက်တော့..သုံးနိုင်ပါသေးတယ်..”
..“ ဂက်စ် ကုန်မဲ့ရက်ကိုလည်း....ပြက္ခဒိန်မှာ...သေချာတေးမှတ်ထားလိုက်ဦး....တော်
ကြာမေ့နေလို့...အားလုံးဒုက္ခဖြစ်ကုန်မယ်...”
..“ ဟုတ်ကဲ့...အစ်ကိုကြီး....”
..“ ဈေးဝယ်ဖို့..စာရင်းတွေကော...”
..“ ဒီမှာပါ...”
ကျွန်တော်ဝယ်ရမည့် စာရင်းများကို ကြည့်ရှုစစ်ဆေးရင်း.........
..“ နေဦးကွ....နောက်နှစ်ရက်ဆိုရင်...စတိုခန်း ရှင်းလင်းရမှာမဟုတ်လား......စတိုခန်း
ထဲသိုလှောင်ရမဲ့...အခြောက်အခြမ်းတွေကို....နှစ်ရက်စာလောက်ပဲ ဝယ်ရင်ကောင်း
မယ်...ဒါမှ ခင်ဗျားတို့ စတိုခန်းရှင်းတဲ့ အခါ သက်သာမှာ....”
..“ သြော်...ဟုတ်သားပဲ...ကျွန်တော်မေ့နေလို့...ဆောရီး....ဆောရီး....”
..“ ရတယ်....ရတယ်...ကိစ္စမရှိဘူး...”
ပြောရင်းစတိုခန်းရှိရာသို့ လျှောက်လာခဲ့သည်...စတိုခန်းတံခါးကို တွန်းဖွင့်ပြီး မီးခလုတ်ကို
ဖွင့်လိုက်သည်။စတိုခန်းကို လေဝင်လေထွက်ကောင်းစေရန် အလုံပိတ်ကာမထားပဲ အမြင့်
၎ ပေခန့်အထိသာ အုတ်စီထားပြီး အပေါ်ပိုင်းကို သံဇကာ အကွက်စိတ်ကာရံထားသည်။
ကြမ်းပြင်နှင့်နံရံများကို ကြွေပြားများအပြည့်ခင်းထားသဖြင့် ကြွက်နှင့်ပိုးမွှားများရန်မှ ကင်း
ဝေးစေသည်။စတိုခန်းအဝင်တံခါး အောက်ခြေ၏ အပြင်ဖက်တွင်အုတ်ဘောင်ဖြင့်ကာရံ
ထားပြီး တံခါးပိတ်လိုက်သည်နှင့် ကြွက်မဆိုထားနှင့် ပိုးဟပ်ပင် ဝင်နိုင်ရန်မလွယ်ကူအောင်
အတိအကျကွက်တိ စရွေးကိုက်ပြုလုပ်ထားသည်။စတိုခန်းကို ၂ ပါတ်လျှင် တစ်ကြိမ် သန့်
ရှင်းရေး လုပ်သည်။ စတိုခန်းအတွင်းရှိ လက်ကျန်ပစ္စည်းများကို အပြင်ထုတ်ထားပြီး ပစ္စည်း
တင်သောစင်များကို ပထမဦးစွာ တံပျက်စည်းအကြမ်းဖြင့် လှည်းကျင်းပြီး အပြင်ထုတ် နေ
လှန်းထားကာ အခန်းတွင်းရှိ အမှိုက်သရိုက်များကို အရင်ရှင်းထုတ်ပြီးမှ ဆပ်ပြာမှုန့်ရေဖျော်၍
အက်ဆစ်အနည်းငယ် ရောထည့်ပြီး ကြမ်းပြင်နှင့် နံရံများအားလုံး တံပျက်စည်းအကြမ်းဖြင့်
ပွတ်တိုက်ဆေးကြောစေသည်။ စိတ်ကြိုက်ဆေးကြောပြီးသည်နှင့် ရေသန့်ဖြင့် ထပ်မံဆေး
ကြောပြီး ခြောက်သွေ့သွားအောင်ထားပြီးမှ ပိုးသတ်ဆေးများဖြန်းပြီး ခေတ္တတံခါးပိတ်ထား
လိုက်သည်။ ဆေးနံ့ပျယ်မှ စားသောက်ကုန်ပစ္စည်းများကို စနစ်တကျ ပြန်လည်ထားသိုကြ
သည်။ ထို စတိုခန်းရှင်းလင်းသည့်ကိစ္စကို မီးဖိုချောင်ဝန်ထမ်းများအား တာဝန်ယူစေသည်။
နံနက် ၁၀နာရီမှစတင်၍ ဆိုင်တွင်းဆိုင်ပြင်သန့်ရှင်ရေးလုပ်ခြင်း၊သစ်ပင်ပန်းမန်များရေလောင်း
ပေါင်းသင်ခြင်းများပြုလုပ်ပြီးနံနက် ၁၁ နာရီတွင် ဆိုင်စတင်ဖွင့်သည်။ နံနက် ၁၀ နာရီမှ ညနေ
၉ နာရီအထိ နံနက်ပိုင်းဝန်ထမ်း ၅ ဦးနှင့် ဆိုင်စတင်ဖွင့်လှစ်ပြီး ညနေ ၅ နာရီမှ ည ၂ နာရီအထိ
ညနေပိုင်းဝန်ထမ်း ၁၅ ဦးကို အလှည့်ကျ စနစ်ဖြင့် တာဝန်ထမ်းဆောင်စေသည်။
ဝန်ထမ်း ၅ ဦး စီကို နံနက်ပိုင်း ဝန်ထမ်းအဖြစ် ရက်သတ္တပါတ် တစ်ပါတ်လျှင် ၂ ရက်ကျစီ
အလှည့်ကျ လုပ်ကိုင်စေသည်။
ကျွန်တော်တို့ စားသောက်ဆိုင်များသည် နံနက်ပိုင်းနှင့် နေ့လည်နေ့ခင်းများတွင် စားသောက်
သူများ အနည်းအကျဉ်းသာရှိတတ်သည်။ ညနေပိုင်းမှစ၍ ညမိုးချုပ်သည်အထိ စားသောက်
သူများတစ်ဖွဲဖွဲ ရောက်လာကြတော့သည်။ ထို့ကြောင့်ညနေပိုင်းကို ဝန်ထမ်းအင်အား ပိုမိုအ
သုံးပြုရသည်။ အားလပ်ရက်များတွင် ပို၍ရောင်းအားကောင်းသည်။ စားသုံးသူမျာအတွက်
အေးချမ်းမှု ၊ ဆိတ်ညိမ်မှု ၊ပန်းခြံကဲ့သို့ သက်တောင့်သက်သာရှိမှု ၊ ဈေးနှုံး သင့်တင့်မှု
တို့ကြောင့် ကျွန်တော့်ဆိုင်ကို သဘောကျ နှစ်ခြိုက်သူအတော်အသင့်များလာသည်။
ငြိမ့်ညောင်းသာယာသော တေးသီချင်းများကို ခပ်တိုးတိုးဖွင့်ပေးထားသည်..။ လျှပ်စစ်မီး
ရောင်များကိုလည်း ခပ်မှိန်မှိန် ထွန်းပေးထားသည်။ စားပွဲဝိုင်းများကိုလည်း တစ်ဝိုင်းနှင့်
တစ်ဝိုင်း ခပ်ကျဲကျဲ ခင်းကျင်းပြင်ဆင်ပေးထားပြီး တစ်ဝိုင်းနှင့်တစ်ဝိုင်း အကြားတွင် စည်းရိုး
သဘောမျိုး စံပါယ်ပန်းပင်များ ၊ ထင်းရှူးပင်များကို စိုက်ပျိုးကာရံပေးထားသည်။ မိသားစု
အလိုက် ၊ အပေါင်းအသင်း မိတ်ဆွေ အသင်းအဖွဲ့လိုက် အေးချမ်းစွာအပန်းဖြေရင်း စား
သောက်နိုင်ကြသဖြင့် ကျွန်တော့ဆိုင်ကို သဘောကျ ကျေနပ် နှစ်သက်ကြသည်......။
ကျွန်တော်သည် Restaurant ဖွင့်ဘို့ရာရည်ရွယ်ထားသူဖြစ်သဖြင့် မင်္ဂလာဒုံဖက် လမ်းမကြီး
ပေါ်တွင် ပေ ၆၀ ပေ ၈၀ ကျယ်ဝန်းသောမြေကွက်ကိုဝယ်ယူပြီး သစ်ပင်ပန်းမန်များကို စနစ်
တစ်ကျစိုက်ပျိုးထားခဲ့သည်။ ခြံ၏ဝင်ဝင်ခြင်း ဘယ်ဖက်တစ်လျှောက် စကားဖြူ ၊ခရေ ၊
ဂန့်ဂေါ် ပင်များ ခြံ၏ ညာဖက်တစ်လျှောက်တွင် ခရေ ၊ ဂန့်ဂေါ် ၊စကားဝါ ပင်များကို
တစ်ပင်နှင့်တစ်ပင် ပေ ၂၀ စီ ခွာ၍စိုက်ပျိုးထားခဲ့သည် ။ခြံ၏မျက်နှာစာ တစ်ဖက်တစ်ချက်
တွင် စိန်ပန်းနီ နှစ်ပင်ကို စိုက်ပျိုးထားခဲ့သည်။ပုဏ္ဏရိတ်ပင်များကို ခြံ၏စည်းရိုးအဖြစ်စိုက်
ပျိုးထားခဲ့သည်....။
ခြံ၏အဆုံးမှစတင်၍ ပေ၂၀ ထိ ၁၅ ပေ ၂၀ ပေ ကျယ်ဝန်းသော ဘားကောင်တာတစ်ခု
ဆောက်လုပ်ထားပြီး အနံ ၁၀ ပေ အလျှား ၃၀ ပေ ကျယ်ဝန်းသော မီးဖိုချောင် ၊ ၁၅ ပေ
၁၀ ပေကျယ်ဝန်းသော စတိုခန်း ၊စတိုခန်းဝင်ပေါက်ဘေးတွင် လက်ဆေးကြွေဇလုံ ၃ လုံး
အိမ်သာ ၃လုံး ဆောက်လုပ်ပေးထားပြီး မီးဖိုခန်းနှင့်စတိုခန်းရှေ့တွင် စားပွဲဝိုင်း ၃ ဝိုင်း ခင်း
ကျင်းပေးထားသည်။စားပွဲဝိုင်းတစ်ဝိုင်းစီ၏ အကျယ်အဝန်းမှာ ၁၀ ပေ ၁၅ ပေခန့် ကျယ်ဝန်း
သည်။ ခြံ၏ အလယ်ဗဟိုတည့်တည့်တွင် အနက် ၃ ပေ ရှိ၍ ၂၀ ပေပတ်လည် ကျယ်ဝန်း
သောရေကန် ၊ ရေကန်၏အလယ်တွင် အမြင့် ပေ ၂၀ ခန့်ရှိသော သဘာဝကျောက်တုံးကြီး
များဖြင့် စီမံပြုလုပ်ထားသော ရေတံခွန် တစ်ခု တည်ဆောက်ထားသည်။ ရေတံခွန်ကို မြေ
ပြင်မှ ဆလိုက်မီးများဖြင့် ပင့်၍ထွန်းထားသဖြင့် ရေတံခွန်ကြီးသည် စိမ်းလန်းစိုပြည်သော
တောအုပ်ကလေး၏ အလယ်မှ ငွါးငွါးစွင့်စွင့် ဖြင့် မြင်ရသူတိုင်း၏ စိတ်တွင် တင့်တယ်လှပချင်
တိုင်းလှနေတော့သည်။ရေတံခွန်၏ တောင်နံရံတစ်လျှောက်တွင်လည်း သဇင် ၊သစ်ခွ စ
သောတန်ဖိုးရှိအပင်များကို သူ့နေရာနှင့်သူ အလျဉ်းသင့်သလို စိုက်ပျိုးထားပြီး ရေကန်ထဲ
တွင်လည်း ကြာပင်များ အလှမွေးငါး မျိုးစုံကိုလည်း စိုက်ပျိုးမွေးမြူထားသည်။ခြံတစ်ဝန်းလုံး
ညီညာပြန့်ပြူးသော မြေပြင်ပေါ်တွင် ဂျပန်မြက်ပင်များ နေရာမလပ်စိုက်ပျိုးထားသည်။
စားပွဲဝိုင်းတစ်ဝိုင်းနှင့် တစ်ဝိုင်းအကြားတွင် စည်းရိုးသဘောမျိုး ထင်းရှူးပင် ၊စံပါယ်ပန်းပင်
များကိုလည်း စိုက်ပျိုးထားသည်။စားပွဲဝိုင်းများ၏ ထောင့်လေးထောင့်တွင် သစ်သားတိုင်
များစိုက်ထူပြီး ထိုတိုင်ထိပ်တွင် တန်းပစ်ပြီး ထိုတန်းကိုမှီခို၍ သစ်ခွပန်းအိုးများကို ချိတ်ဆွဲ
ပေးထားသည်။စားပွဲဝိုင်းများ၏ ထောင့်တစ်နေရာတွင် အမှိုက်ပုံးတစ်ခုစီနှင့် လူခေါ် ဘဲလ်
တစ်ခုစီ ထားပေးသည်။ ဘဲလ် နှိပ်လိုက်သည်နှင့် မည်သည့်ဝိုင်းမှခေါ်သည်ကို သိရှိနိုင်ရန်
စီစဉ်ထားသည်။ခြံတွင်းရှိ သစ်ပင်ပန်းမန်များကို နေ့စဉ် နံနက် ၁၀ နာရီမှစတင်၍ ပင်ထိပ်
ဖျားမှ အောက်ခြေအထိ ရေဖျန်းပေးသောကြောင့် သစ်ရွက်များတွင်ကပ်ညိနေသော ဖုန်
မှုန့်များကို အမြဲသန့်ရှင်းနေစေသောကြောင့် ခြံတွင်းရှိ သစ်ပင်များသည် အမြဲတမ်း အချိန်
တိုင်း စိမ်းလန်း စိုပြည်နေတော့သည်။ ကျွန်တော်၏ ခြံလေးကိုအဝေးမှ လှမ်းကြည့်လိုက်
လျှင် စိမ်းလန်းစိုပြည်နေသော တောအုပ်ကလေးအတွင်းမှ မြင့်မားခန့်ငြားသော ရေတံခွံ
ကြီးကို ငွားငွားစွင့်စွင့် အဝေးမှလှမ်း၍ မြင်တွေ့လိုက်ရသဖြင့် မြင်ရသူတိုင်း၏ ဘဝင်နှလုံးတွင်
အေးချမ်းစွာအနားယူ အပန်းဖြေလိုစိတ်များ မတားနိုင်မဆီးနိုင် တစ်ဖွားဖွား ဖြစ်ပေါ်နေပေ
တော့သည်။ ကျွန်တော်၏ ခြံကလေးအတွင်းသို့ ဝင်လိုက်သည်နှင့် မွှေးပျံ့သောပန်းရနံ့များနှင့်
အတူ သာယာနာပျော်ဘွယ် ရေတံခွံ မှ သဘာဝရေစီးကျသံများ ၊ ငြိမ့်ညောင်းသာယာသော
တေးသံသာများ ၊ စိမ်းလန်းအေးချမ်းသောအရာများက ဝင်ရောက်လာသူတိုင်း၏ ဘဝင်နှလုံးကို
ညှို့ငင်ဖမ်းစားလျှက် စွဲဆောင်ဖျားယောင်းနေတော့သည်။
ဝင်လာသူတိုင်း အိမ်ပြန်ဘို့ရာ အခက်တွေ့နေစေတော့သည်................။

No comments:

Post a Comment