Friday, September 24, 2010

နှစ်ဆယ့်နှစ် ကော်ပီ

စာမျက်နှာ နှစ်ဆယ့်နှစ်

ကျွန်တော်သည် မလေးရှားတွင်နေထိုင်စဉ် ငါးလုံးဝမသောက်ပါ။စင်္ကာပူရောက်
ရောက်ခြင်း အလုပ်မရှိသဖြင့် အိမ်သို့အလည်လာသော အသိတစ်ယောက်က
Chinatown အထပ် ၂၀ တွင် ကိုမောင်သန်း ရှိကြောင်း စင်္ကာပူတွင်ရောက်နေ
သည်မှာကြာပြီဖြစ်၍ သူလည်းကန်တော်လေးတွင် နေထိုင်သူဖြစ်သဖြင့် အလုပ်
ရနိုင်ကြောင်း သိရသဖြင့် ကျွန်တော် Chinatown သို့သွားပြီး ကိုမောင်သန်းအား
အကူအညီတောင်းသည်။ ကိုမောင်သန်းသည် Chinatown အထပ် ၂၀ တွင်
အိမ်ခန်းငှားထားပြီး ငါးရောင်းရာ ကျွန်တော့်ကို ငါး ၂ လုံးတိုက်ပြီး ပြုစုသည်။
ကျွန်တော်ငြင်းပေမဲ့ အားနာ၍ သောက်လိုက်သည်။သူကကောင်းတာနှင့် ပြုစု
သောကြောင့် ကျွန်တော်လည်းကောင်းသွားသည်။သူ့ထံသွားသည်မှာ အလုပ်မ
ရပဲ ငါးစွဲသွားသည်သာအဖတ်တင်သည်။ကျွန်တော်လည်း ငါးကောင်းမှန်းသိသ
ဖြင့် နေ့စဉ်လိုလို သောက်ဖြစ်တော့သည်။စင်္ကာပူ ရောက်သော မြန်မာလူငယ်
လူရွယ် မှန်သမျှ ငါးကိုကြိုက်၍ သောက်ကြသည်။ ထိုအချိန်က ငါးတစ်လုံးလျှင်
၁၀၀ ml ကော်ဗူးတစ်လုံးကို ၄ ဒေါ်လာသာပေးရသည်။ ၉၅ ခုနှစ်နောက်ပိုင်း
ကော်တစ်လုံး ၅ ဒေါ်လာဖြစ်သွားသည်။ ကျွန်တော်နှင့် ကိုသက်နိုင်သည် ညနေ
အလုပ်ပြီးသည်နှင့် Beach Rd ပေါ်ရှိ The Concourse တွင် ငါးအမြဲတမ်းဝယ်
သောက်သည်။ဖန်ပုလင်းတစ်လုံး ၇ ဒေါ်လာပေးရသည်။ငါးသောက်ပြီးသည်နှင့်
တစ်နေကုန် အလုပ်ထဲတွင်ပင်ပန်းခဲ့သမျှ မေ့ပျောက်ကုန်လျှက် လန်းဆန်းတက်
ကြွလို့နေတော့သည်။ ကျွန်တော်တို့ငါးသောက်ပြီးသည်နှင့် Clark Quay သို့သွားပြီး
TV Game ကစားခြင်း ၊ Clark Quay အလယ်တွင် Phillipino Stage Show ကြည့်
ခြင်းဖြင့် အချိန်ဖြုန်းခဲ့ကြသည်။ထိုအချိန်က Eagle အဖွဲ့၏ Hotel California သီချင်း
မှာ ခေတ်စားသည်။ Clark Quay တွင် ငါးသောက်ပြီးလျှောက်သွားရာမှ အကွဲပြေပါက
Rivervally Rd ရှိ Daimaru Shopping Center တွင် ထပ်မံ၍ ငါးဝယ်သောက်ကြ
သည်။ ငါးကောင်းပြီး အပြင်တွင်လည်ပတ်၍ ဝကြသောအခါ အိမ်ပြန်ကြသည် အိမ်ပြန်
ရောက်တော့ ည ၁၁ နာရီည ၁၂ နာရီ ဝန်းကျင်ခန့် တစ်ခါတစ်ရံ ထို့ထက်နောက်ကျ
သည်။ကျွန်တော်တို့ငါးစသောက်တုန်းက ကော်ဗူးကိုမသောက်ပဲ ဖန်ပုလင်းကိုသာ တစ်
နှစ်နီးပါးသောက်ကြသည်။ ထိုအချိန်က မြန်မာများ ငါးရောင်းသော ဈေးကွက်သည်
Bugis Street နှင့် Chinatown တို့တွင်သာရှိသည်။ Rivervally Rd ပေါ်တွင် ကိုမောင်စိုး
ရှိသည်။ ကိုစိုးက အိမ်တွင်ရောင်းသည်။ ထိုခေတ်ထိုအချိန်အခါက ငါးလောကတွင် ကိုစိုး
သည် နံပါတ်တစ်ဖြစ်သည်။ အချို့ သူ့ထံမှ ပုံးလိုက်ဆွဲ၍၎င်း အလုံးစားဖြင့်၎င်း ယူ၍ရောင်း
ကြသည်။ ကျွန်တော်တို့လည်း ဖန်ပုလင်းသောက်နေရာမှာ ကြာလာတော့ မတတ်နိုင်တော့
သဖြင့် ကော်ဗူးကိုပြောင်းသောက်ကြသည်။ကော်ဗူးတစ်လုံးသည် ဖန်ပုလင်းတစ်လုံးထက်
ပိုကွဲသည်။ဖန်ပုလင်းမှာမူ သိပ်မကွဲသော်လည်း လူကိုဥပါဒ်မပေး ။ ကော်ဗူးကို ၂ နှစ် ၃ နှစ်
ခန့် နေ့စဉ်သောက်ပါများလျှင် အကြောများထိခိုက်သည်။ ကျွန်တော်တို့ ညနေ ၅ နာရီ အ
လုပ်ပြီးသည်နှင့် Bugis ကိုတန်းပြေးတော့သည်။ Bugis Street ရှိ လမ်းဘေးပလက်ဖောင်း
အုတ်ဘောင်တစ်လျှောက်တွင် ကြိုကြား ကြိုကြား ငါးပစ်သူများကို တစ်ယောက်စ နှစ်
ယောက်စ တွေ့ရတတ်သည်။မတွေ့ပါက Victoria လမ်းအတိုင်း Pennisula Plaza ဖက်သို့
ထောင်တက်သွားလျှင် လမ်းဘေးပလက်ဖောင်းတစ်လျှောက် ငါးပစ်သူများ တစ်ယောက်မ
ဟုတ်တစ်ယောက် တွေ့ရသည်။ တစ်ခါတစ်ရံ Allson Hotel နှင့်ကပ်လျှက် Food Court
တွင် ရှိတတ်သည်။ကော်တစ်လုံး ၅ ဒေါ်လာ ၊ဖန်တစ်လုံး ၇ ဒေါ်လာ ပေးရသည်။ဖန်သည်
125 ml ပါသော်လည်း သောက်ပြီးလျှင် ဖြည်းဖြည်းခြင်းတက်၍ ကော်ဗူးမှာ 100ml သာ
ပါသော်လည်း သောက်ပြီးသည်နှင့် သိသိသာသာတက်သည်။ ထို့ကြောင့် နောက်ပိုင်းတွင်
ကော်ဗူးအရောင်းသွက်လာသည်။ ထိုအချိန်က ငါးလောကကို မြန်မာတွေသာချုပ်ကိုင်ထား
သည်။သောက်သုံးသူများမှာလည်း မြန်မာအများစုပင်ဖြစ်သည်။“စ” နိုင်ငံသားမလေးအချို့
နှင့် မလေးတရုတ် “စ” တရုတ် အချို့ အနည်းစုသာသောက်ကြသည်။ ထိုင်း မလေးရှား
စင်္ကာပူ ၃ နိုင်ငံတွင် စင်္ကာပူငါးသည် အကောင်းဆုံးဖြစ်သည်။ စင်္ကာပူရောက်မြန်မာများ
၏ ထက်ဝက်ခန့်သည် ငါးသောက်ကြသည်။ ငါးသည် သောက်လိုက်သည်နှင့် နှလုံးခုန်မြန်
လာသည် မျက်စိပြူးလာသည် လူလည်းသွက်လက်လာသည် တစ်နေကုန်အလုပ်ထဲတွင်
ပင်ပန်းခဲ့သမျှ ပြေလျှော့သွားသည် တက်ကြွလန်းဆန်းလာသည်။ငါး သောက်ပြီးသည်နှင့်
ခံတွင်းပျက်သွားပြီး ဘာမှမစားချင်တော့ပဲ စီးကရက် ကိုသာ မနားတမ်းသောက်တော့သည်။
အနည်းငယ်ကျသွားပါက Jasmine Tea ရေနွေးကြမ်းသောက်၍ပြန်ခေါ်လျှင် ပြန်ရောက်လာ
တတ်သည်။အိပ်ချင်စိတ်မရှိပဲ မျက်စိထဲတွင် ရှုပ်ပွနေသည်ဟုထင်သည့် အရာများကို လိုက်လံ
သိမ်းဆည်း ရှင်းလင်းနေတတ်သည်။တစ်ခါတစ်ရံ မိမိဘာလုပ်၍ ဘာလုပ်နေမှန်းပင်မသိ
သတိမေ့တတ်သည်။ ရည်ရွယ်တာနှင့်လုပ်နေတာ တစ်ခြားစီဖြစ်နေတတ်သည်။ပြောနေ
ရင်းနှင့်ပြောသည့်စကား၏အစကို မေ့နေတတ်သည်။ ချီးပုံးထဲရှိပစ္စည်းတစ်ခုကိုယူရန် ချီးပုံး
ကိုဖွင့်လိုက်သည်နှင့် အထဲတွင်အဝတ်အစားများ ၊အင်္ဂလိပ်စကားပြောစာအုပ်များ ၊အိမ်မှပို့
လာသောစာအဟောင်းများ ၊ကက်ဆက်ခွေ CD ခွေ များ ၊Body Spray ရေမွှေး များ ၊ တစ်ခါ
သုံး မုတ်ဆိတ်ရိတ်ဒါးများ ၊လိုအပ်မည်ထင်သော ရန်ကုန်မှထည့်ယူလာသည့် ပစ္စည်းများ ၊
ထိုပစ္စည်းများကိုမြင်သည်နှင့် ပစ္စည်းများ ဖရိုဖရဲ ဖြစ်နေသည် ထားသိုပုံစနစ်မကျဟုထင်ပြီး
ရည်ရွယ်ရင်းကိစ္စကိုမေ့ကာ အထဲမှပစ္စည်းများကို အပြင်ထုတ်လိုက် ပြန်စီလိုက်ဖြင့် မိုးလင်း
တော့သည်။ ထိုအရသာသည်ပင် ဖီလင်ဖြစ်နေသည်။
တစ်ယောက်သော ကျွန်တော့်သူငယ်ချင်း တစ်ယောက်သည် ဆေးလိပ်ကို ပါးစပ်တွင်တေ့၍
လက်ထဲတွင် မီးခြစ်ကိုင်ထားပြီး မီးညှိရန် မီးခြစ်လိုက်ရှာနေသည်။ တစ်ခန်းဝင် တစ်ခန်းထွက်
မီးဖိုချောင်သွားလိုက် အိမ်ရှေ့ထွက်လာလိုက် ကျွန်တော့်အခန်းတွင်းသို့လည်း ၂ ခါလောက်
ရောက်လာသည်။နောက်တစ်ခေါက်အခန်းထဲဝင်လာတော့
“ ဟေ့ကောင်....ဆေးလိပ်ကြီးခဲပြီး....ဘာလိုက်ရှာနေတာလဲကွ.....”
“ကျနော်...ဆေးလိပ်သောက်မလို့...မီးခြစ်လိုက်ရှာနေတာ......”
“မီးခြစ်က...မင်းလက်ထဲမှာလေ.....”
သူကခေါင်းကိုတွင်တွင်ခါ၍
“ ဟား....ကျွတ်.....သွားပြီ.....ကျွန်တော်မီးခြစ်လိုက်ရှာနေတာ...တစ်အိမ်လုံးနှံ့နေပြီ....
လက်စသတ်တော့...လက်ထဲမှာရောက်နေတာကိုး......”
အဲ့ဒီလို..ငါးကောင်းပုံများ...။
သူ့ကိုကြည့်၍ အားလုံးဝိုင်းရယ်နေကြသည်။အားလုံးလည်းသူ့လိုပါပဲ...။
ကျွန်တော်တို့အိမ်တွင် စနေနေ့ညဆိုလျှင် အမုန်းကွဲကြသည်။နောက်တစ်နေ့ တနင်္ဂနွေ
အလုပ်ပိတ်သောကြောင့် ညလုံးပေါက် ကွဲကြသည်။အခြားသူငယ်ချင်းများလည်း မုတ်ရှူ
ချင်သဖြင့် လာကွဲကြသည်။တစ်ချို့ Workpermit နှင့်လုပ်သော သူများသည် တစ်ခါတစ်ရံ
Sunday အလုပ်ဆင်းရသည်။ကျွန်တော့်အသိတစ်ယောက်သည် အတော်ကွဲနေပြီး နောက်
နေ့အလုပ်ဆင်းရမည်ဖြစ်သောကြောင့် ပြန်ရန်ပြင်နေသည်။ အိမ်ရှေ့ဖိနပ်စင်ရှေ့တွင် ခြေ
အိတ်ဝတ်နေစဉ် ကျွန်တော့်သူငယ်ချင်း နောက်တစ်ယောက်က နောက်ဖေးသို့အပေါ့သွား
ရာမှတွေ့သွားပြီး အခန်းတွင်းသို့ ပြန်ခေါ်လာပြီး.....
“ ကိုသိန်းအေး...ကိုစိန်ဝင်းက..ပြန်တော့မလို့တဲ့...”
“ ဟာ...ဟေ့လူ..နေပါဦှးဗျ...ခင်ဗျားကလည်း...အစောကြီးရှိသေးတယ်...အခုမှ..
ကောင်းတုန်း ရှိသေးတယ်....အေးဆေးပေါ့...”
သို့နှင့်သူလည်း ခြေအိတ်တစ်ဖက်ဝတ်လျှက်တန်းလန်းဖြင့် ကျွန်တော်တို့ သီချင်းသီဆို
တီးခတ်သံကို နားသောတဆင်နေသည်။သူလည်းပြန်ဘို့ရာမေ့သွာတော့သည်။

No comments:

Post a Comment