Thursday, September 16, 2010

ကော်ပီ ၂

စာမျက်နှာ နှစ်

..........၁၉၉၁...ဝန်းကျင်

“သိန်းအေး...မင်းအားရင်ငါနဲ့ခဏလိုက်ခဲ့..ပတ်(စ်)ပို့ရုံးသွားမလို့...”
...“ မင်းထမင်းကျွေးမှာလား....”
....“ဒါလေးများ.....ရပါတယ်ကွာကျွေးတာပေါ့.....”
ဗိုလ်ချုပ်ဈေးသစ်ရှိအထည်ဆိုင်တစ်ဆိုင်တွင်အရောင်းအလုပ်သမားအဖြစ်
ကြည်စိုးတစ်ယောက်လခစားဝင်လုပ်နေသည်မှာ၅နှစ်သာသာခန့်ရှိနေပေပြီ...။
မြို့ထဲတွင်အလုပ်ဆင်းရသောကြောင့်ဒီကောင်ဗဟုသုတစုံသည်လူပေါင်းစုံဖြင့်
တွေ့ထိဆက်ဆံရသဖြင့်သတင်းစုံကြောင်းစုံကိုသိနေသူဖြစ်ုသည်။
ယနေ့ခေတ်သည်သင်္ဘောသားများခေတ်မစားတော့ပဲကုန်းပေါ်တွင်
အလုပ်လုပ်ကိုင်သောခေတ်ဖြစ်နေသည်။ဂျပန်၊ထိုင်ဝမ်၊ကိုရီးယား၊မလေးရှား
စသည့်နိုင်ငံများသို့သွားရောက်၍အလုပ်လုပ်ကိုင်သူများတနေ့တခြားများများလာသည်။
ကျွန်တော်ကတော့သိပ်မသိသေး။ဒီကောင်ကြည်စိုးကတော့အခြေအနေ
အကြောင်းစုံကိုသိနေသူဖြစ်သောကြောင့်မလေးရှာမှာသွားအလုပ်လုပ်ဖို့
ကြိုးစား နေသည်။ဂျပန်ကတော့သိပ်မကပ်နိုင်၊၅သိန်းခန့်ပေးနိုင်မှရမည်။
ထိုင်ဝမ်ကလည်းဝင်ရဖို့သိပ်မလွယ်၊
ကိုရီးယားကလည်းဗီဇာဖြင့်ဝင်နိုင်ရန်မလွယ်ကူပေ။
ကိုရီးယားသို့လူ၁၀၀သွားလျှင်လေးငါးဆယ်ယောက်လောက်သာကံစွတ်ပြီး
ဝင်ခွင့်ရကြသည်။သင်္ဘောသားများကတော့ကိုရီးယားဆိပ်ကမ်းကပ်သည်နှင့်
ခုန်ချကြသည်။ဂျပန်တွင်လည်းသင်္ဘောသားများခုန်ချကြသည်ဟုကြားဘူးသည်။
ထိုအချိန်ကဖိလစ်ပိုင်ဝန်ကြီးတစ်ဦးဂျပန်တွင်အစည်းအဝေးသွားတက်ရာ
ထိုဝန်ကြီးနှင့်အတူစာနယ်ဇင်းသမားများနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းများ
ဝန်ကြီးနှင့်အတူလိုက်ပါခွင့်ရကြသည်။
အစည်းအဝေးပြီးဆုံး၍ဖိလစ်ပိုင်သို့ဝန်ကြီးပြန်သောအခါဝန်ကြီးတစ်ဦးတည်းသာ
ပြန်လာ၍စာနယ်ဇင်းသမားများနှင့်အခြားသူများပါမလာတော့ပဲ
ဂျပန်တွင်နေရစ်ခဲ့ကြသည်ဟုသတင်းစာတွင်ဖတ်ရဘူးသည်.။
သင်္ဘောတစ်စီးဂျပန်ဆိပ်ကမ်းသို့ဆိုက်ကပ်ရာထိုသင်္ဘောပေါ်တွင်
မြန်မာသင်္ဘောသားများ၆ယောက်ခန့်သင်္ဘောသားအဖြစ်လိုက်ပါလာသည်..။
တစ်ယောက်သောသူသည်အရာရှိဖြစ်သောကြောင့်လစာကောင်းသည်
ကျန်၅ယောက်မှာသာမန်သင်္ဘောသားများဖြစ်သောကြောင့်လစာသိပ်မကောင်းကြ။
ထို့ကြောင့်ဂျပန်ဆိပ်ကမ်းသို့သင်္ဘောကပ်သောအခါထိုမြန်မာသင်္ဘောသား
၅ယောက်စလုံးဂျပန်တွင်ခုန်ချကြသည်.။သင်္ဘောဆိပ်ကမ်းမှခွာသောအခါ
ထိုသင်္ဘောသားများပါမလာတော့သဖြင့်သင်္ဘောကပ္ပတိန်သည်ဒေါကန်ပြီး
ကျန်အရာရှိကိုပါ
ထားရစ်ခဲ့သည်ဟုကြားဘူးသည်။ဂျပန်နိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်ပါက
တစ်လလျှင်မြန်မာငွေတစ်သိန်းခွဲခန့်ပြန်ပို့နိုင်ကြသည်။ကိုရီးယားနိုင်ငံမှာမူ
တစ်လလျှင်မြန်မာငွေရှစ်သောင်းခန့်၊ထိုင်ဝမ်မှာတစ်သိန်းခန့်ပြန်ပို့နိုင်ကြသည်။
ထို့ကြောင့်ထိုနိုင်ငံများသို့သွားနိုင်ရန်တော်ရုံလူများငွေကြေးမတတ်နိုင်ကြ။
တစ်ချို့လည်းချေးငှားပေါင်နှံပြီးသွားကြသည်။မလေးရှားကတော့
သာမန်လူများအတွက်သွားဖို့ရာအဆင်ပြေသည်။မလေးရှားတွင်
သွားရောက်အလုပ်လုပ်ကိုင်ပါကအရင်းအနှီးသိပ်မများသုံးသောင်းခန့်ရှိလျှင်
သွားလို့ရသည်။ဝင်ရတာလည်းလွယ်ကူသည်။
မလေးရှားတွင်သွားရောက်အလုပ်လုပ်ကိုင်ပါကတစ်လလျှင်
နှစ်သောင်းသုံးသောင်းခန့်ပြန်ပို့နိုင်ကြသည်။ထို့ကြောင့်မလေးရှားသွားမည့်သူများ
တစ်နေ့တစ်ခြားပို၍များများလာသည်။ကြည်စိုးလည်းအပါအဝင်ပေါ့။
ကျွန်တော်တို့နှစ်ယောက်သားဗိုလ်ချုပ်ဈေးသစ်မှစကားတပြောပြောဖြင့်လျှောက်လာကြရာ
ပန်းဆိုးတန်းလမ်းအလယ်ဘလောက်ရှိ မ.န.လ ရုံးရှေ့သို့ရောက်လာကြသည်။
ရန်ကုန်မြို့၏အစည်ကားဆုံးနေရာတစ်ခုဟုဆိုရလောက်အောင်လူများကိုယ့်ကိစ္စနှင့်ကိုယ်
အလုပ်ရှုပ်နေကြသည်။စာအုပ်စတင်လျှောက်ထားသူများ၊လျှောက်ထားဆဲများ၊ပွဲစားများ၊
စာအုပ်လာရောက်ထုတ်ယူသူများ၊မိမိအမည်ကြော်ငြာဘုတ်တွင်ပါမပါလာရောက်
ကြည့်ရှူသူများ၊ဖြင့်ပျားပန်းခတ်မျှလှူပ်ရှားသွားလာနေကြသည်ကိုကြည့်ရင်း
ခေါင်းတောင်နောက်တောက်တောက်ဖြစ်လာသည်။
“ ငါ့နာမည်ပါလာပြီကွ..”
“ ဒါဆိုရင်..မင်းဘာဆက်လုပ်ရမှာလည်း...”
“ ဘဏ်(၃) မှာစာအုပ်ဖိုး(၅၀၀)ကျပ် သွားသွင်းရမယ်..ပြီးရင်ဘဏ်ချလံပြပြီး
စာအုပ်ထုတ်ရုံပဲရှိတော့တယ်..”နာရီကိုကြည့်လိုက်ရာ ၁၁း၀၀ နာရီရှိနေပြီး
ဗိုက်လဲအတော်ဆာနေပြီကြည်စိုငွေသွင်းဖို့မှီမမှီချိန်ဆနေသည်။
..“ ဘဏ်ကိုအရင်သွားကြည့်ကြရင်ကောင်းမယ်. မှီနိုင်မယ်ထင်ရင်ဒီနေ့တစ်ခါတည်း
ငွေသွင်းပြီးမနက်ဖြန်မှ..စာအုပ်လာထုတ်ကြတာပေါ့..”
..“ အေးကောင်းသားပဲ..”
ဘဏ်ကလည်းသိပ်မဝေးတော့အဆင်ပြေသည်။ဘဏ်ရောက်တော့လူသိပ်မများသဖြင့်
၁နာရီခန့်တန်းစီပြီးငွေသွင်းဖြစ်လိုက်သည်။
..“ ချလံတော့ရပြီ..နောက်နေ့မှပဲအေးအေးဆေးဆေးစာအုပ်လာထုတ်ကြတာပေါ့.....
ဗိုက်လဲတော်တော်ဆာနေပြီ ငါတို့ဘယ်မှာထမင်းသွားစားကြရင်ကောင်းမလဲ..”
..“ ငါတော့မသိဘူး..မင်းစားချင်တဲ့နေရာမှာစားကြတာပေါ့..”
..“ လာငါတို့ လေဟာပြင်ဈေးထဲကတရုတ်မောင်စိန်ဆိုင်မှာသွားစားကြတာပေါ့..”
..“ အေး..”
နှစ်ယောက်သားတရုတ်မောင်စိန်ဆိုင်ရှိရာလေဟာပြင်ဈေးသို့
ခပ်သုတ်သုတ်လျှောက်လာခဲ့ကြသည်။
..“ တို့ဘာစားကြရင်ကောင်းမလဲ..”
..“ အသားကင်တစ်ပွဲ......အခေါက်ကင်တစ်ပွဲ.....ထမင်းနှစ်ပွဲနဲ့နောက်ပြီး...
မင်းအစိမ်းကြော်စားမလား..”
..“ မင်းကြိုက်တာသာမှာ..”
စားပွဲထိုးလေးကိုခေါ်လိုက်ပြီးမှာစရာရှိတာမှာလိုက်သည်။
..“ မင်းကိစ္စပြီးပြီလား..”
..“ ငါတို့စားပြီးတာနဲ့ ငါဆိုင်ကိုခဏသွားလိုက်ဦးမယ်..ပြီးရင်ပန်းဆိုးတန်းက
ကြေးနန်းရုံးမှာဖုန်းသွားဆက်မယ်မင်းကောလိုက်ဦးမလား..”
..“ ရပါတယ်..ငါလိုက်ခဲ့မယ်..ငါလည်းအားနေတာပဲ....ဗဟုသုတရတာပေါ့......”
ကြည်စိုးသူ့အထည်ဆိုင်ပိုင်ရှင်ကိုရှမ်းနှင့်ပြောဆိုပြီးပြန်ထွက်လာသည်။
ထို့နောက်ကြေးနန်းရုံးသို့ဆက်လက်ထွက်လာခဲ့ကြသည်ကြေးနန်းရုံးသို့
ရောက်သောအခါ မိမိဆက်သွယ်လိုသောဖုန်းနံပါတ်နှင့်နိုင်ငံအမည်ကို
over-sea call counter တွင်ပေးခဲ့ပြီးခေတ္တစောင့်ဆိုင်းကြရသည်။
..“ မင်းစာအုပ်ရပြီးရင်ဘာဆက်လုပ်ရဦးမှာလည်း..”
..“ စာအုပ်ရပြီးရင်ပုံစံ(၁၇)အရင်လုပ်ပြီးရင်ပုံစံ(၁၉)....လေယာဉ်လက်မှတ်ဝယ်
အမေရိကန်ဒေါ်လာကိုနိုင်ငံခြားငွေလဲလှယ်မှုဘဏ်မှာသွားလဲ.....
ပြီးရင်(D-Form)..လုပ်ပြီးရင်သွားလို့ရပြီ.....”
..“ ဒေါ်လာလဲတော့မင်းတို့ကိုအစိုးရကဘယ်လောက်လဲလှယ်ခွင့်ပေးလဲ.....”
..“ လူတစ်ယောက်ကို ၆၅ ဒေါ်လာနဲ့ ၅၀ ဆင့်လဲပေးတယ်...တစ်ဒေါ်လာကို
အစိုးရဈေးနှူံး၃ ကျပ် ၅၀ ပြားနဲ့လဲလှယ်ခွင့်ပေးတယ်....”
..“ ၆၅ ဒေါ်လာခွဲ နဲ့နိုင်ငံခြားမှာသုံးလို့လောက်ငှရဲ့လား..”
..“ ဘယ်လောက်မလဲကွ....ဒေါ်လာမှောင်ခိုရောင်းတဲ့လူတွေဆီမှာ
နှစ်ရာသုံးရာလောက်ထပ်ဝယ်ရဦးမှာပေါ့..”
..“ အပြင်မှာတစ်ဒေါ်လာဘယ်လောက်ပေါက်လဲ...”
..“ တစ်ဒေါ်လာကိုမြန်မာငွေ၉၀ နဲ့ ၁၀၀ ကြားပေါက်ဈေးရှိတယ်...”
..“ လေယာဉ်လက်မှတ်ကကော...”
..“ လေယာဉ်လက်မှတ်က ကိုးထောင် နဲ့ တစ်သောင်းလောက်တော့ရှိတယ်...”
..“ အဲဒီလေယာဉ်ကမလေးရှားအထိလား...”
..“ ဘယ်ကလာ...မင်းကလဲ...ယပက်လက် ဗန်ကောက်အထိ...
ဗန်ကောက်ကနေမှ..အဝေးပြေးကားဒါမှမဟုတ်ရထားစီးပြီးမလေးရှားနဲ့
ထိုင်းနယ်စပ်မြို့ဟတ်ချိုင်း(HatYai)..ကိုသွားရတယ်...အဲဒီမှာ
(Tour)အဖွဲ့တွေရှိတယ်...သူတို့ကမလေးထဲဝင်နိုင်ဖို့ကူညီပေးတယ်...
ပွဲစားခတော့နဲနဲပါးပါးတော့ပေးရတယ်....”ကြည်စိုးသွားစဉ်ကထိုင်းနယ်စပ်မှ
( Tour)...များကိုပွဲစားခမည်ရွေ့မည်မျှပေးရသည်ကိုတော့ကျွန်တော်မသိပါ.။
သိပ်မကြာခင်မှာပဲကြည်စိုးတစ်ယောက်မလေးရှားသို့ထွက်သွားသည်......။
၂နှစ်ကျော်ကျော်ခန့်ကြာတော့ကျွန်တော့်ဆီသို့ကြည်စိုးထံမှ
စာတစ်စောင်ရောက်လာသည်..။
သူလက်ရှိအလုပ်လုပ်နေသောစက်ရုံလိပ်စာနှင့်မင်းလာရင်ဒီလိပ်စာအတိုင်း
Taxi ငှားလာဘို့၊မလေးမှာအဆင်ပြေကြောင်း၊ကျွန်တော့်ကိုလည်း
သတိရကြောင်းများရေးထားသည်...။
ကျွန်တော်လည်းသတိရကြောင်း၊အဆင်ပြေတာကိုလည်းဝမ်းသာကြောင်း
စာတစ်စောင်ပြန်ရေးပို့လိုက်သည်...။
ထိုအချိန်အထိကျွန်တော်နိုင်ငံခြားထွက်ဖို့စိတ်မဝင်စားသေး...............။

No comments:

Post a Comment