Thursday, September 16, 2010

ကော်ပီ ၁၄

စာမျက်နှာ တစ်ဆယ့်လေး

နောက်ပိုင်းကာလများတွင် သူဌေးနှင့်ကျွန်တော်သိပ် စကားမများကြတော့..။ တစ်ခါတစ်ရံ
ဆိုင်ပိတ်ပါက သူ့ကားနှင့်လာခေါ်၍ လျှောက်လည်ပတ်ကြသည်။ Sunway Largoon သို့
လည်းသွားလည်ဖြစ်ကြသည်။နောက်ပိုင်းတွင် လစာ ၇၀၀ နှင့် ထမင်းဘိုး တစ်နေ့ ၈ ကျပ်
ပေးသည်။ရောင်းကောင်းပါက ၁၀ ပေးသည်။ကျွန်တော်လည်း လုပ်ငန်းအတော်ကျွမ်းကျင်
လာသည်။သူဌေးမရောက်ခင် စားမည့်သူများ ရောက်လာပါက ကျွန်တော်ကိုယ်တိုင် ကြော်
ချက်ရောင်းသည်။သူ့ သူငယ်ချင်း“ ကုံးကြိုင်” ကလည်း ကျွန်တော့်လက်ရာ ကောင်းမကောင်း
သိချင်၍ ညတိုင်း တစ်ခုမဟုတ်တစ်ခု ကျော်ခိုင်းပြီးစားတတ်သည်။ကျွန်တော် ကြော်သည့်အခါ
သူဌေးကြော်သကဲ့သို့ ဒယ်အိုးထဲတွင် မီးတောက်စေခြင်း ၊ ဒယ်အိုးကို ယောက်ချို ဇွန်းကြီးဖြင့်
တစ်ဂွမ်းဂွမ်းခေါက်ခြင်း ၊ စလောင်းဖုံးကို ဂွမ်းကနဲမြည်အောင် ပစ်ဖုံးခြင်းတို့ကို ကြည့်၍ သူဌေး
ရော သူ့ သူငယ်ချင်းများပါ အတော်သဘောကျကြသည်။ထိုကဲ့သို့ မီးဟုံးဟုံးတောက်ခြင်းနှင့်
ဒယ်အိုးနှင့်ဇွန်း ထိခတ်သံကျယ်လောင်လောင် တို့သည် Customer တို့ကို အာရုံစိုက်
စိတ်ဝင်စားစေသည်။ပို၍ရောင်းကောင်းသည်။သို့နှင့် ခေါက်ဆွဲဆိုင်တွင် ၆ လကျော်ကျော်
ကြာလာသည်။ လူလည်း မလေးရှားမှာနေရတာ အသားကျအဆင်ပြေလာသည်။ဆိုင်မှ
လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဟမီ ဆိုင်မှ မျိုးဆွေ ၊ လော်ပတ်ကော ဆိုင်မှ ကိုအောင်ဝင်း၊
ကိုက်ဖန့်ဆိုင် မှ ကိုဟန်တင်တို့နှင့် ခင်မင်ရင်းနှီးလာခဲ့ကြသည်။ မျိုးဆွေ ၊ကိုဟန်တင် ၊
ကိုအောင်ဝင်း တို့သည် လှိုင် ကမာရွတ်သားများဖြစ်ကြသည်။ကျွန်တော်တို့ဆိုင်၏ လမ်းတစ်
ဖက် မျက်နှာချင်းဆိုင်တွင် Kim Fat restaurant ရှိ ဆန်ပြုတ် ၊ ထမင်း နှင့် ဟင်းမျိုးစုံ ညလုံး
ပေါက်ရောင်းသောဆိုင်တွင် သာကေတမှ ကိုဖိုးရွှေ ၊ကျိုင်းတုံ မှ ရွှေဗျိုင်း တို့အလုပ်လုပ်ကြ
သည်။ ည ၁၂နာရီ ခွဲခန့် ဆိုင်ပိတ်သည်နှင့် ကျွန်တော်တို့ အုပ်စု ကိုဖိုးရွှေတို့ ဆန်ပြုတ်ဆိုင်သို့
ရောက်ပြီး စကားပြော နောက်ပြောင် ဘီယာသောက်လိုက်ကြဖြင့် နံနက် ၆ နာရီ မိုးလင်းမှ
အိမ်ပေါ်တက်အိပ်ကြသည်။မျိုးဆွေသည် ဆိုင်ပိတ်သည်နှင့် TV Game ဆိုင်သို့ တန်းပြေး
တော့သည်။ကျွန်တော်လည်း သူနှင့်ပေါင်းပြီး Game ကစားတတ်နေပြီ ကျွန်တော်ကတော့
အကြွေ ပြားနှစ်ဆယ်စေ့ ထည့်ဆော့ရသော Fighter , Soccer , စသည်များကိုသာ တစ်ကျပ်
ဖိုးလောက် ညစဉ် ဆော့သည်။မျိုးဆွေကတော့ မြင်းလောင်းသည့်စက်မှ မထတော့ မိုးလင်း
သည်အထိ နိုင်လိုက်ရှုံးလိုက်ဖြင့် လုံးလည်ချာလည်လိုက်နေသည်။မလေးတရုတ်များလည်း
တော်တော်လောင်းကြသည်။ တစ်ခါရှုံးလျှင် လေး ငါး ရာ ရှုံးကြသည်။ဂိမ်းစက်ထဲသို့ ကျပ်စေ့
ထည့်ရသည်။နိုင်ပါက ကျပ်စေ့များ တစ်ဝေါဝေါ ထွက်ကျသည်။သို့သော်ရှုံးသည်သာ များသည်၊
မျိုးဆွေဆိုလျှင်လစာပင်ပြုတ်သည်။ကျွန်တော်ကတော့တစ်ခါတစ်ရံသာစိတ်ပါကဝင်လောင်း
သည်။ကျွန်တော်ကတော့ ပါးပါးလေး သုံးလေးငါးကျပ်သာစာရင်းချုပ်လျှင်နိုင်လည်းမနိုင်ရှုံး
လည်းမရှုံးအရင်းပင်။မလေးတရုတ်များကတော့ စက်ထဲသို့ တစ်ခါလောင်းလျှင် လေး ငါးဆယ်
ထည့်လောင်းသည် ထိုစက်အနီးတွင် လူလေးငါးခြောက်ယောက် ဝိုင်းအုံ၍ မိမိလောင်းထား
သောမြင်း များပန်းဝင်ဘို့အရေး အော်ဟစ်အားပေးနေကြသည်။
..“ အိ...စံ....အိ...စံ..”
တစ်သုံး..တစ်သုံး...တစ်ကယ်ပန်းဝင်တော့..တစ်ငါး....... လည်းဆိုရော.........
..“ ကနီနာ..အုံး အုံး အုံး.......ချီပိုင်း..ဘုံး ဘုံး ဘုံး...Fuck...ဒုံး ဒုံး....”
စက်ကို တစ်အုံးအုံး တစ်ဘုံးဘုံးဖြင့် ဆောင့်ကန်ကြသည့် အသံများဖြင့် ဆူညံနေတော့သည်။
ကျွန်တော်လောင်းလျှင်ပိုင်မှလောင်းသည် အဆကိုကြည့်၍ လောင်းရသည်။၃ဆ ၊၄ဆ ၊၅ဆ ၊
၈ဆ များထဲမှ ၃ဆ အကျများသည်။ ထို ၃ဆ ငါးကြိမ် ၊ခြောက်ကြိမ်လောက် ဆက်တိုက်ကျပြီ
ဆိုသည်နှင့် ၈ဆ သို့မဟုတ် ၅ဆ ကျဘို့များသည်။ထိုအခါမျိုးတွင် ကျွန်တော်က ၈ဆ တွင်တစ်
ကျပ် ၅ဆ တွင် တစ်ကျပ် လောင်းလိုက်ရာ ၈ဆ သို့မဟုတ် ၅ဆ တန်းကျသည်။ကျွန်တော်
်ရပြီး သည်နှင့် နောက်ထပ်မလောင်းတော့ ။မေ့လောက်မှပြန်လောင်း
သည်။ရွှေဗျိုင်းသည် ဆန်ပြုတ်ဆိုင်ပိုင်ရှင်သူဌေး၏ ယောက်ဖဖြစ်သည်။သူ့အစ်မချောချော
နှစ်ယောက်ကို သူဌေးတို့ ညီအစ်ကိုနှစ်ယောက်က ယူထားကြသည်။ကျိုင်းတုံ ၊လားရှိုး ၊
ကွတ်ခိုင် ၊တာချီလိတ် ဖက်မှလူများသည် လောင်းကစားနှင့်ပါတ်သက်၍ တော်တော်
ကျွမ်းကျင်ကြသည်။အကုန်အစုံကစားတတ်သည်။ဘာလာလာရသည်။ရွှေဗျိုင်းသည် အသက်
၁၅ နှစ်ခန့်သာရှိသေးသော်လည်း ဖဲမှအစ ဘိလိယက် စနူကာအဆုံး မလေးတရုတ်များနှင့်
လက်ရည်တူ ယှဉ်ပြိုင်ကစားနှိုင်သည်။ ကျွန်တော်တို့များ ရန်ကုန်သားသာဆိုတယ်
ဘာမှမသိ ။စနူကာလည်းမထိုးတတ် ဖဲလည်းမရိုက်တတ် TV Gsme ပင်မနေ့တစ်နေ့ကမှ
ဆော့တတ်သည်။ကျွန်တော်တို့အားလုံး ကစား၍ဝစကားပြော၍ဝသည် နှင့် အိမ်ပေါ်တက်
အိပ်ကြသည်။မအိပ်လို့လည်းမရတော့ မနက်မိုးလင်း ၆ နာရီထိုးနေပြီ.........။နေ့လည် ၁၂
နာရီ ခန့်တွင် ဖုန်းသံမြည်လာ၍ အိပ်ချင်မူးတူးနှင့် ထကိုင်လိုက်ရသည်။
..“ ဟဲလို...ပြောပါ....ဟုတ်ကဲ့..ဘယ်သူပါလဲခင်ဗျာ....”
အသံကကြားတစ်ချက် မကြားတစ်ချက်.....
..“ ဟဲလို...သြော်..ရန်ကုန်က...ဘယ်သူနဲ့ပြောချင်လို့ပါလဲ....မျိုးဆွေ..သြော်မျိုးဆွေလား....
ရှိတယ်..ရှိတယ်...ခဏလေးကိုင်ထားနော်...ကျွန်တော်ခေါ်လိုက်မယ်...”
ကျွန်တော်စကားပြောခွက်ကိုချ၍
..“ မျိုးဆွေ... ရန်ကုန်က...ဖုန်းလာနေတယ်...စော်အသံကွ......”
မျိုးဆွေလူးလဲထပြီး ဖုန်းသွားပြောသည်..၁၅ မိနစ်ခန့်ကြာတော့ အခန်းထဲသို့
ပြန်ဝင်လာသည်။
..“ ဘာတဲ့လဲ...”
..“ ဘာမှမဟုတ်ပါဘူးကွာ....”
..“ အံမယ်...မင်းကလည်းလျှိုနေပြန်ပြီ....ငါကြားလိုက်ပါတယ်.....စော်အသံ...
မင်းစော်မှုတ်လား..”
..“ မဟုတ်ပါဘူးကွာ...အိမ်ကဒီကောင်မနဲ့..ငါ့ကိုနီးစပ်စေချင်တယ်....”
..“ ပြောပါဦး...ဇာတ်လမ်းလေး....”
..“ ငါကတော့လုံးဝမကြိုက်ပါဘူးကွာ.....သူငယ်ချင်းလိုပဲပေါင်းတာ...”
..“ စော်လေးက..မိုက်လား....”
..“ ဖွတ်....ဘယ်ကလာကွာ....ပုံစံက..မဲတူးခြောက်ကပ်ပိန်ညှောင်နေတာ....
မီးယပ်ပိန်..မီးယပ်ခြောက်....ငါးကျည်းခြောက်ကျပ်တိုက်ထားသလို....
နို့ရယ်လို့ကြည့်လိုက်ရင်...ပြားချပ်နေတာပဲ...ငါ့နို့ကမှ..သူ့ထက်ကြီးသေးတယ်...
လိပ်ခါး ဖားဖင်ဆိုသလို ခါးလဲမရှိ ဖင်လဲမရှိ နဲ့...အဝေးကလှမ်းကြည့်လိုက်ရင်
ဝါးခြမ်းပြားကို အဝတ်ပတ်ထားတာကျနေတာပဲ.......နောက်ပြီး ပေါင်နဲ့ခြေသလုံး
ကလည်း တစ်ညီတည်းပဲ...ဘယ်ဟာပေါင်...ဘယ်ဟာခြေသလုံးဆိုတာ..
စာရေးထားရမလိုဖြစ်နေတယ်...နောက်ရှိသေးတယ်..စကားပြောရင်လည်း..
မပီဘူး........”
..“ ဟင်း....မင်းဟာကလည်း...ပြောလိုက်တာ ရစရာကိုမရှိဘူး.......”
..“ တစ်ကယ်ပြောတာ...စကားပြောရင်..အခု..ကို....သူက..အဓု...တဲ့
အချစ်ကို...သူက..အရှစ်တဲ့...တော်တော်စိတ်ပျက်ဖို့ကောင်းတယ်....”
..“ ဟား...ဟား...ဟား...ဟုတ်လို့လား...”
..“ သြော်...တစ်ကယ်ပါဆို...ငါက..သူ့ကိုဖြေးဖြေးပြောခိုင်းလဲမရဘူး...
ငါက...အ..ဆို...သူက..လိုက်ရွတ်တယ်..အ...လို့....ငါက..ခု..လဲဆိုရော
သူက...ဓုတဲ့...သွားရောကွာ.....”
..“ ဟား...ဟား...ဟား...ဒီလောက်တောင်ပဲလားကွာ....”
..“ အေးပါဆို...ငါလဲသောက်မြင်ကပ်ကပ်နဲ့...ချင်းချောင်းခြံ..လို့ပြောစမ်း
လို့ပြောလိုက်တော့...သူကလည်းအားကျမခံ...ပြန်ပြောတယ်....
ဒါလေးများ.....ရှင်းရှောင်းရှံ...တဲ့....ကဲသွားရော.....”
..“ ဟား...ဟား...ဟား...”
ကျွန်တော်လည်းဟားတိုက် ရယ်လိုက်မိတယ်။
..“ ဒါနဲ့..သူ့နာမည်ကကော...”
..“ သူ့နာမည်က...ကဲကဲ..တဲ့..တစ်ရပ်ကွက်လုံးကတော့..ကဲကြီးလို့
ခေါ်ကြတယ်....”
..“ အံမယ်...နာမည်က...ကောင်းလှချည်လား....အပီကဲမယ်ဆိုတဲ့အထာပေါ့..”
..“ ကဲကြီးက..ငါ့ကိုအတင်းလိုက်ကြိုက်နေတာ....မင်းပဲစဉ်းစားကြည့်...ဒီပုံကြီးကို..
လိပ်ခါး...ဖားဖင်...ငါးကျည်း”
..“ တော်ပါတော့ကွာ...အိပ်တော့မယ်...”
..“ ဟေ့ကောင်...မင်းပဲမေးပြီးတော့...အဲဒါနဲ့...ငါလည်းသူ့ကိုကျွတ်ကျဲပြီး..
မလေးကိုထွက်ပြေးလာတာ.....”
..“ ခုနက....ဘာတဲ့လဲ.....”
..“ ထုံးစံအတိုင်းပေါ့ကွာ...သူသိပ်သတိရကြောင်း....ဘယ်တော့ပြန်လာမှာလဲ..
ဘာညာပေါ့ကွာ.....”
..“ မင်းက..ဘာပြန်ပြောလိုက်လဲ......”
..“ ဘယ်တော့မှ..ပြန်မလာဘူးလို့....”
ဟား...ဟား...ဟာ...ဟား...
.............။...............။.................။.....................။...................။....................။........................။....................။............။

No comments:

Post a Comment