Thursday, September 16, 2010

ကော်ပီ ၁၅

စာမျက်နှာ တစ်ဆယ့်ငါး

တစ်ရက်တွင် ကော်ဖီရှော့ပ် သို့လူသစ်မြန်မာတစ်ယောက် ရောက်လာသည်။
..“ နာမည်ဘယ်လိုခေါ်သလဲ...”
..“ ကျွန်တော့်နာမည် မောင်မောင်ကျော် ပါ...”
..“ သြော်....ဘယ်တုန်းကရောက်လဲ..”
..“ ရောက်တာ တစ်ပတ်လောက်တော့ရှိပြီ..”
..“ ဟုတ်လား...လမ်းကြောင်းအခြေအနေ..ဘယ်လိုရှိလဲ..”
လမ်းကြာင်းအခြေအနေ ကောင်းကြောင်း သူတို့ကို ရဲတွေက အဝင်တွင် ဖမ်းမိပြီး
ရဲအချုပ်ခန်းထဲတွင် ထားကြောင်း ၁၀ ရက်ခန့်ကြာသောအခါ သူတို့ပွဲစားက ပိုက်
ဆံပေးပြီးလာရွေးကြောင်း ၊ ရဲတွေကိုယ်တိုင် ရဲကားဖြင့် KL အထိလိုက်ပို့ကြောင်း
များသူပြောပြ၍ သိရသည်။ ကောင်းလိုက်တာ သူများတွေများ...။
ရဲစခန်းတွင်နေစဉ် ရဲတွေက သူတို့ကိုအပြင်သို့ခေါ်ထုတ်၍ ရဲတွေကတစ်ဖက် ယာယီ
အချုပ်သားမြန်မာတွေက တစ်ဖက် ဘောလုံးကန်ကြကြောင်း၊ ပျော်စရာကောင်း
ကြောင်း ပြောပြသည်။ တယ်ဟုတ်ပါလား...။
..“ ရန်ကုန်ကပဲလား...ဘယ်မှာနေလဲ...”
..“ ဟုတ်တယ် ရန်ကုန် မင်္ဂလာတောင်ညွန့် ၁၀၁ လမ်းမှာနေတယ်....”
..“ ဟာ...ကျွန်တော်က ၉၂ လမ်းမှာနေတာ....”
..“ ဟုတ်လား...အေးဗျာ...ခုလိုရပ်ကွက်သားခြင်းတွေ့ရတာ..ဝမ်းသာလိုက်တာ...
ကျွန်တော့်ကိုလည်း တတ်နိုင်သမျှ ကူညီပါနော်...”
မောင်မောင်ကျော်၏ ဖခင်သည် မျက်စိကုဆရာဝန်ကြီးဖြစ်ပြီး မကွေးမြို့တွင်တာဝန်ထမ်း
ဆောင်ရသောကြောင့် မောင်မောင်ကျော်လည်း ဖခင်နှင့်အတူ ငယ်စဉ်ကတည်းကမကွေး
မြို့တွင်လိုက်ပါနေထိုင်ရသောကြောင့် မကွေးသူနှင့်အိမ်ထောင်ကျပြီး ရန်ကုန်မှာမွေးသော်
လည်း မကွေးသားဖြစ်နေသည်။ သူ့အပေါင်းအသင်း မိတ်ဆွေများမှာလည်း မကွေးသားများ
သာများသည်.....။
သို့နှင့်ပင် ကျွန်တော်နှင့်မောင်မောင်ကျော်တို့ ရင်းနှီးခင်မင်သွားခဲ့ကြသည်။ မောင်
မောင်ကျော်သည် ကော်ဖီရှော့ပ်တွင် တစ်လ နှစ်လခန့်သာ လုပ်ပြီး ကိုဖိုးရွှေ တို့ဆန်
ပြုတ်ဆိုင်တွင် လူလိုသဖြင့်ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။မောင်မောင်ကျော် အလုပ်
ပြောင်းသွားသော်လည်း အိမ်တစ်အိမ်ထဲတွင် ကျွန်တော်တို့အတူ နေထိုင်ကြသော
ကြောင့် ဖဲအတူရိုက်လိုက်ကြ ၊ ရုပ်ရှင်အတူကြည့်လိုက်ကြ ၊စနူကာထိုးလိုက်ကြ ၊မြင်း
လောင်းလိုက်ကြ ၊ လျှောက်လည်လိုက်ကြ ဖြင့် ရင်းနှီးသထက်ရင်းနှီး ခင်မင်သထက်
ခင်မင်လာခဲ့ကြသည်...။ကျွန်တော်လည်း ခေါက်ဆွဲကြော်ဆိုင်ရှင်နှင့် သိပ်အစေးမကပ်
တော့သဖြင့် အလုပ်မှထွက်ပြီး ဂိန်နေတော့သည်...။သို့သော်လည်း စုဆောင်းထားသော
ငွေများ အတော်အသင့် ရှိနေသောကြောင့် သိပ်ပြဿနာမရှိ..။ကျွန်တော်ခေါက်ဆွဲဆိုင်
တွင်လုပ်စဉ် ဆိုင်ဘေးမှ Asam Laksa ရောင်းသော တရုတ်လင်မယားတွင် သမီးတစ်
ယောက်ရှိသည် ။ သူတို့သမီး၏ ယောက်ျား “အားကွေ့” သည် ကျွန်တော့်အရင် သူဌေး
ရောင်းသော ခေါက်ဆွဲဆိုင်မျိုး အခြားတစ်နေရာတွင် ဖွင့်ရန်ဆန္ဒရှိနေရာ တစ်ရက်တွင်
ကျွန်တော့်ထံ ရောက်လာပြီး သူနှင့်အလုပ်တွဲလုပ်ရန် ၊ သူ့ဆိုင်တွင်လုပ်ရန် ကမ်းလှမ်းလာ
သည်။ အရင်သူဌေးကလစာ ဘယ်လောက်ပေးလဲ ၊ ထမင်းဘိုးဘယ်လောက်ပေးလဲ ၊ဟု
မေးပြီး သူပေးသလောက်ထက် သူပိုပေးမည်ဟု ကမ်းလှမ်းလာသည်..။ သို့သော် ကျွန်
တော်က ကျွန်တော့်အရင်သူဌေးနှင့် စားစရာအမည်တူနေသဖြင့် အားနာ၍ မလုပ်ချင်
ကြောင်း ၊ သူသင်ပေးထားသည့် ပညာဖြင့် သူ့ကိုကန်၍ မလုပ်လိုကြောင်း ပြောရာ အား
ကွေ့ ကကြော်နည်းသာ အခြေခံတူညီကြောင်း ထည့်သည့်အစာနှင့် အဓိကခေါက်ဆွဲတို့
မှာ ကွာခြားကြောင်း သူရောင်းမည့်စတိုင်သည် ပီနန်းစတိုင်ဖြစ်ပြီး ၊ကျွန်တော့်အရင်သူဌေး
၏ စတိုင်မှာ ဟောင်ကောင် စတိုင်ဖြစ်၍ ပြဿနာမရှိကြောင်းများရှင်းပြ ပြောပြသဖြင့် ကျွန်
တော်သဘောတူလိုက်သည်....။
အားကွေ့ သည်ကျွန်တော့်အပေါ် တော်တော်သဘောကောင်းရှာပါသည်။သူနှင့်ကျွန်တော်
လက်တွဲလုပ်ကိုင်ရာတွင် ပြဿနာတစ်စုံတစ်ရာမရှိ။တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ရှိရှိ
ဖြင့်ကြိုးစားရောင်းဝယ် လုပ်ကိုင်ခဲ့ကြသည်။ကျွန်တော့်ကို ခါးပတ်အိတ်တစ်လုံး ပေးထားပြီး
ငွေအကြွေ အမ်းနိုင်ရန် အကြွေ ၁၅ ကျပ်နေ့စဉ် ထည့်ပေးသည်။ယခင် သူဌေးလိုမဟုတ် ။
ယခင်သူဌေး မှာ အမ်းစရာရှိက နောက်တစ်ခေါက် သွားပြန်အမ်းပေးရသောကြောင့် အချိန်ကုန်
လူပမ်း ဖြစ်ရသည်။ စားသုံးသူမှ ၅ ကျပ်တန်ပေးလျှင် ထို ၅ ကျပ်တန်ကို သူဌေးဆီ ပေးမှ သူဌေး
က ၂ ကျပ် ပြန်ပေးပြီး ကျွန်တော်က သွားပြန်အမ်းပေးရသည်။မယုံကြည်ခြင်း ဖြစ်သည်..။
အားကွေ့ ကတော့ဒီလိုမဟုတ် သူ့ယောက္ခမများထံမှ ကျွန်တော့်အကြောင်းစုံကို သိထားသော
ကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးထားသောကြောင့်
ကျွန်တော်သူ့ဆိုင်တွင် လုပ်ရသည်မှာ အဆင်ပြေ၍ အတော်စိတ်ချမ်းသာလှသည်။
ယခင်က ကျွန်တော် အခန်းတစ်ခန်းထဲတွင် လေး ငါး ယောက် ကျပ်ကျပ်တည်းတည်း
နေထိုင်ခဲ့ရသော်လည်း အားကွေ့ ဆိုင်တွင်လုပ်မှ အခန်းတစ်ခန်းထဲတွင် တစ်ယောက်ထဲ
လွတ်လွတ်လပ်လပ် နေထိုင်ရသည်။ ယခင်လုပ်ခဲ့သောနေရာမှာ Pandan Indah ဖြစ်ပြီး ယခု
အားကွေ့ နှင့်ဆိုင်သစ်ဖွင့်သောနေရာမှာ Pandan Padanar ဖြစ်သောကြာင့် ယခင်နေရာ
ဟောင်းနှင့် သိပ်မဝေးလှ..။ ညဖက်ဆိုင်သိမ်းပြီး အားကွေ့ Pandan Indah ရှိ သူ့မိန်းမနေထိုင်
ရာသို့ ဆိုင်ကယ်ဖြင့်ပြန်သည်။ကျွန်တော် Pandan Indah သို့သွားလိုပါက သူ့ဆိုင်ကယ်
နောက်တွင် တစ်ခါတစ်ရံ လိုက်သွားတတ်သည်။ နောက်တစ်နေ့ ဆိုင်ဖွင့်ချိန် ၂ နာရီ ခန့်တွင်
အားကွေ့ ဆိုင်ကယ် နှင့်ရောက်လာပြီး ကျွန်တော်တို့ နှစ်ယောက်အတူ Pandan Padanar
သို့ပြန်ကြသည်။ တစ်နေ့ အားကွေ့ ပြန်သွားပြီး ကျွန်တော် ဆိုင်သိမ်းနေစဉ် ယခင် သူဌေးဟောင်း
ရောက်လာပြီး သူ့ဆိုင်တွင် နီပေါ တစ်ယောက်ကို ကျွန်တော့်နေရာတွင် အစားထိုးခန့်ထားပြီး
ကျွန်တော့်လောက် ပါးရည်နပ်ရည်မရှိ မကျွမ်းကျင် မလျှင်မြန် မဖျတ်လတ်သောကြောင့် သူ
မကြိုက်ကြောင်း ကျွန်တော့်ကိုပြန်လာစေချင်ကြောင်းများကို ဘီယာတိုက်ရင်း ပြောပြသည်။
သူ Pandan Indah သို့ပြန်သောအခါ ကျွန်တော် သူ့ကားနှင့်လိုက်သွားသည်။ကျွန်တော်လည်း
အားနာကြောင်း ပြန်လာချင်သော်လည်း အားကွေ့ကိုသနားကြောင်း မပူပါနှင့် တစ်နေ့နေ့တစ်ချိန်
ချိန်တွင် ပြန်လာလုပ်လိုကြောင်း သူကျေနပ်အောင် ချော့မော့နှစ်သိမ့် ချွေးသိပ်လိုက်ရသည်။
သူကျေနပ်သွားပုံရသည်။ ထိုနေ့ညက မှတ်မှတ်ရရ မျိုးရွှေ ကို ရဲဖမ်းသွားသည်။ Pandan
Indah တွင် ရွှေများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ကိုဖိုးရွှေ ၊ မောင်မောင်ကျော် ၊ကိုဟန်တင် ၊
ကိုအောင်ဝင်း တို့ ကြောက်လန့်နေကြသည်။
ကျွန်တော်အားကွေ့ဆိုင်တွင် တစ်လခန့်ကြာသောအခါ မောင်မောင်ကျော် က သူ့ညီ စင်္ကာပူ
တွင်ရှိကြောင်း အဆင်ပြေကြောင်း ၊သူ့ကိုလည်း လာလိုကလာနိုင်ကြောင်း ၊အတတ်နိုင်ဆုံး
ကူညီမည်ဖြစ်ကြောင်း သူ့ညီနှင့်ဖုန်းအဆက်အသွယ်မပြတ်ကြောင်း ကျွန်တော့်ကိုပြောပြတိုင်ပင်
သည်။သူနှင့်အတူစင်္ကာပူသို့လိုက်စေလိုကြောင်း ကျွန်တော့်ကိုပြောပြဆွေးနွေးသည်။
သူစင်္ကာပူသို့ သွားလိုကြောင်း ကျွန်တော့်ကိုပြောပြသည်။ကျွန်တော်ကလည်း သေချာရဲ့လား၊
စင်္ကာပူကို ဝင်ရန် ဗီဇာကိစ္စ ၊ရှိုးမန်းနီး ၊မလေးမှထိုင်းသို့ပြန်ထွက်ရေး ကိစ္စများ ပြန်လည်ဆွေး
နွေးဖြစ်ခဲ့ကြသည်။နောက်ပြီး စင်္ကာပူသို့ သွားရန်ငွေစုဖို့လိုကြောင်း ၊ချက်ချင်းထသွားရန် မဖြစ်
နိုင်ကြောင်း နှစ်လ သုံးလခန့် အစိမ်း တစ်ထောင်ကျော်လောက် လက်ထဲတွင်ကိုင်နိုင်မှ သွား
သင့်ကြောင်း ၊ မောင်မောင်ကျော်ကိုလည်း ယခုမှစ၍ တတ်နိုင်သမျှ ငွေများကိုစုခိုင်းထားသည်။
မလေးမှပြန်ထွက်ဖို့ကိစ္စကိုလည်း တစ်ဖက်မှစုံစမ်းရသေးသည်။ကျွန်တော်တို့ မလေးမှပြန်ထွက်
ရန် ကြည်စိုး ကိုအကူအညီ ထပ်တောင်းရပြန်သည်။ ကျွန်တော်တို့ စင်္ကာပူကို ထွက်ရန်ကြံစည်
နေစဉ် ကိုဖိုးရွှေ ၊ကိုဟန်တင် ၊ကိုအောင်ဝင်း တို့ကလည်း မြန်မာပြည် ပြန်ရန် ကြိုးစားနေသည်။
မလေးမှထိုင်းကို အတူထွက်ရန် အပြန်လမ်းကြောင်းအတွက် ကြည်စိုးကို စုံစမ်းခိုင်းရာ သူ့အသိ
ကိုဥာဏ်ထွန်း အဆက်အသွယ်ဖြင့် မလေးမှထိုင်းသို့ ပို့ပေးမည့်ပွဲစားနှင့် ချိတ်ဆက်မိသည်။ပွဲစား
က အထုပ်အပိုးများကို အဆင်သင့်ပြင်ထားရန် လမ်းကြောင်းကောင်းပါက တစ်ပါတ်ကြိုတင်၍
ပြောမည်ဖြစ်ပြီး မလေးမှထွက်ရန် ရက်အတိအကျရပါက မထွက်ခင် နှစ်ရက်ကြိုပြောမည် ထွက်
မည့်နေ့တွင် ည ၈ နာရီ ခန့်လာခေါ်မည်ဟု ပြောပါသည်။သို့နှင့် ကျွန်တော်လည်း အားကွေ့ ကို
..“ငါ့ကိုခွင့်လွှတ်ပါ...ငါ မြန်မာပြည်ပြန်တော့မယ်....မကြာမီ..ငါပြန်လာခဲ့မယ်.. ငါ့သူငယ်ချင်းထံ
မှ ပြန်ရဖို့ရက်သိရပါက အလုပ်မှထွက်ခွင့်ပြုပါ.....” ဟု....
ကျွန်တော်အားကွေ့အား နားလည်အောင် ရှင်းပြလိုက်သည်။ သူကလည်း မထွက်စေချင်သော်
လည်း မြန်မာပြည်ပြန်မည် ဆိုသဖြင့် ခွင့်ပြုလိုက်သည်။ ကျွန်တော် အားကွေ့ ဆိုင်ရောက်မှ
ငွေတော်တော် စုမိသည် နှစ်လလောက်နှင့် အစိမ်း တစ်ထောင်ကျော် နှစ်ထောင်နီးပါး စုမိသည်။
ကျွန်တော်မလေးရှားတွင်နေထိုင်လုပ်ကိုင်ခဲ့သမျှ အလုပ်ရှင်များထဲမှ အားကွေ့ သည်ကျွန်တော့်
အပေါ် ညီရင်းအစ်ကိုသဖွယ် အတော်ကောင်းရှာပါသည်။ စိတ်သဘောထား ပြည့်ဝသူဖြစ်သော
ကြောင့် ကျွန်တော် မလေးစားပဲမနေနိုင်တော့။ပွဲစားထံမှ သတင်းစကားကို စောင့်ဆိုင်းရင်း
ကျွန်တော်တို့ အုပ်စုဖဲရိုက်လိုက်ကြ ရုပ်ရှင်ကြည့်လိုက်ကြ လျှောက်သွားလိုက်ကြဖြင့် မလေးရှား
မှ ထွက်နိုင်မည့်နေ့ရက်ကို အထုပ်အပိုးပြင်၍ စောင့်မျှော်နေရင်း အချိန်တို့ တစ်ရွေ့ရွေ့ ကုန်ဆုံးခဲ့
ကြသည်။ အားကွေ့ ဆိုင်မှထွက်ပြီး နှစ်ပါတ်လောက်အကြာတွင် ကြည်စိုးထံမှ
..“ မင်းတို့နောက်အပါတ်လောက် ဖြစ်ဖို့များတယ် ...အခု..ငါနဲ့ပွဲစား..မင်းတို့ဆီလာခဲ့မယ်..
စောင့်နေ...”
..“ အေး...ငါစောင့်နေမယ်...Kim Fat က ကိုဖိုးရွှေ တို့ဆိုင်မှာ..ငါတို့ရှိနေမယ်...”
ကျွန်တော် ကိုဖိုးရွှေ ၊ မောင်မောင်ကျော် ၊ ကိုဟန်တင် ၊ ကိုအောင်ဝင်း တို့ဘီယာသောက်ရင်း
စောင့်နေကြစဉ် ကြည်စိုးနှင့် ထိုင်းသို့ပို့ပေးမည့်ပွဲစားတို့ ရောက်လာကြသည်။
..“ မင်းတို့ကိုသူနဲ့အတူ...ခေါ်သွားလိမ့်မယ်....”
..“ တစ်ယောက်ကို...ဘယ်လောက်လဲ...”
..“ တစ်ယောက်ကို ရင်းဂစ် ၅၀၀ ....”
..“ သူက..တို့ကို ဘယ်အထိ ပို့ပေးမှာလည်း...”
..“ မင်းတို့ကို...KL ကနေ..Express Bus နဲ့မလေးနယ်စပ်အထိ သွားမယ်..အဲဒီကနေမှတစ်ဆင့်
ထိုင်းနယ်စပ်..စွန်ဂိုင်းဂလုတ်ကို ကူးမယ်..စွန်ဂိုင်းဂလုတ် ကနေဘန်ကောက်အထိ..မင်းတို့
သွားချင်တဲ့ ကားဖြစ်ဖြစ်...ရထားဖြစ်ဖြစ်...လက်မှတ်ကိုသူဝယ်ပေးလိမ့်မယ်....”
..“ ဒီကနေ...ဘန်ကောက်ကို သွားမဲ့ ရထားလက်မှတ်ပါ..အပါပေါ့...”
..“ အေး...သဘောတူလား.....”
..“ ကိုဖိုးရွှေ...မောင်မောင်ကျော်...ခင်ဗျားတို့ကော..ဘယ်လိုထင်လဲ....”
..“ သွားကြမယ်လေ....ဘာဖြစ်လဲ....”
..“ ကဲ...ကြည်စိုး...မင်းကြားတဲ့အတိုင်းပဲ...လမ်းကြောင်းကငြိမ်းတယ်မဟုတ်လား......”
..“ အားလုံးအေးဆေးပါတယ်....သူပို့နေတာလူပေါင်းမနည်းတော့ဘူး.....”
..“ ဒါဆိုရင်လည်း....ငါတို့သွားမယ်...ဘယ်တော့လောက်ထွက်ကြမလဲ.....”
..“ လာမဲ့အပါတ်..သောကြာနေ့..ည ၈ နာရီ လာခေါ်မယ်...Taxi ငှားပြီး..ပူထရာပဲလေ့စ်
အဝေးပြေးကားဂိတ်ကိုသွာကြမယ်....”
..“ အဝေးပြေးကားက...ဘယ်အချိန်ထွက်မှာလည်း...”
..“ ၁၀ နာရီလောက်ထွက်မယ်ထင်တယ်.....”
..“ အေး...အေး...ငါတို့အဆင်သင့်လုပ်ထားမယ်...”
..“ ဒါဆိုရင်...ငါတို့သွားတော့မယ်....”
..“ တစ်ခုခု..သောက်ကြဦးလေ...”
..“ မသောက်တော့ပါဘူး...သွားပြီ......”
..“ ကောင်းပြီလေ...ကျေးဇူးအများကြီးတင်တယ်ကွာ ကြည်စိုး..သူငယ်ချင်း...”
..“ ရပါတယ်ကွာ....”
မလေးမှ ထွက်မည့်နေ့ ည ၈ နာရီခန့်တွင် ကြည်စိုးရောက်လာပြီး Taxi ငှား၍ ပူထရာပဲ
လေ့စ် အဝေးပြေးကားဂိတ်သို့ထွက်ခဲ့ကြသည်..။
ကျွန်တော် မောင်မောင်ကျော် ကိုဖိုးရွှေ ကိုဟန်တင် ကိုအောင်ဝင်း နှင့်ထိုင်းသို့ပို့ပေးမည့်
ပွဲစားတို့ ကွာလာလမ်ပူမြို့ပူထရာပဲလေ့စ် အဝေးပြေးကားဂိတ်မှ ည ၉နာရီ ခွဲတွင်မလေး
နယ်စပ်မြို့ “ ကိုတာကင်နာဘာရူး ” သို့ ထွက်ခွါလာခဲ့ကြသည်။ ကြည်စိုးနှင့်အတူ သူ့မိတ်
ဆွေများ ကျွန်တော်တို့အား လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။ ထိုအချိန်မှစ၍ ကြည်စိုး
နှင့်ကျွန်တော် လုံးဝမတွေ့ဖြစ်ကြတော့ပေ။ နောင်နှစ်ပေါင်း ဘယ်လောက်ကြာမှ ပြန်ဆုံနိုင်
ကြမည်ကိုတော့ ခန့်မှန်း၍ မရနိုင်တော့ပြီ........။မလေးရှားမှာ ကျွန်တော်ရှိနေစဉ် ကျွန်
တော့်အား အစစအရာရာ ကူညီစောင့်ရှောက်ပေးခဲ့သော ကျွန်တော့် သူငယ်ချင်း.......
ကောင်းရာသုဂတိ...လားပါစေ.........။
ဆောရီး.....ဆောရီး.........အစစအရာရာ....အဆင်ပြေချောမွှေ့ပါစေ..............။..........။

No comments:

Post a Comment