Thursday, September 16, 2010

ကော်ပီ ၁၇

စာမျက်နှာ တစ်ဆယ့်ခုနှစ်

ကျွန်တော်တို့ မြဘုရားရောက်တော့ နေ့လည် ၁နာရီခွဲခန့်ရှိနေပေပြီ။ မြဘုရားဖူးပါက
အဝင်ဂိတ်တွင် နိုင်ငံခြားသားများ ဝင်ကြေး ဘတ် ၁၀၀ ပေး၍ဝင်ရသည်။သို့သော်ကျွန်
တော်တို့ Free ဝင်ခွင့်ရကြသည်။တစ်မျိုးမထင်ပါနှင့် ကျွန်တော်တို့ရောက်ရှိနေခိုက်ကာ
လတွင် ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်ကွယ်လွန်သော အထိမ်းအမှတ် ဒါနပြုသောအ
နေဖြင့် အားလုံး Free ဝင်ခွင့်ရ ကြ ခြင်းဖြစ်သည်။သူတို့နိုင်ငံသားများသည် ဘုရင်ကိုအ
ထွတ်အမြတ်ထားရိုသေလေးစားကြသည်။ အဘယ့်ကြောင့်နည်း။နေရာတစ်ကာတွင်ဘုရင်
မင်းမြတ်မယ်တော်၏ ဓါတ်ပုံကို လွမ်းသူ့ပန်းခွေချ၍ အလေးအမြတ်ပြု ဝမ်းနည်းကြောင်းဆု
တောင်းမေတ္တာပို့ကန်တော့ကြသည်။လေးစားစရာပင်။ ကျွန်တော်တို့ ရွှေသာလျှောင်းဘုရား
သို့လည်း သွားရောက်ဖူးမျှော်ကန်တော့ကြသည်။ဘန်ကောက်မြို့တော်သည် နေ့လည်နေ့
ခင်းဖက်များတွင် ပူစပ်ပူလောင်ဖြင့် နေရထိုင်ရ အတော်ခက်သည်။ Air Con မရှိလျှင် နေ
ထိုင်ရန်မလွယ်။နေ့လည်နေ့ခင်းဖက်များတွင် Shopping Centre များ Plaza များတွင်အေး
သောကြောင့် လူများကျိတ်ကျိတ်တိုး စည်ကားလှသည်..။လမ်းမများတွင် အသွားအလာနည်း
ပါးသည် ညနေပိုင်းတွင်သာ သွားရလာရတာ အဆင်ပြေ၍ သက်တောင့်သက်သာ ရှိသည်။
ညနေစောင်းရောက်တော့ လေးမျက်နှာဘုရားသို့ သွားရောက်ဖူးမျှော် ကန်တော့ကြသည်။
ထိုင်းအမျိုးသမီးများသည် ရိုးရာတူညီဝတ်စုံ ဝတ်ဆင်၍ ပန်းများ ၊ဆီမီးခွက်များ ကိုင်ဆောင်ပြီး
ရိုးရာထိုင်းအကဖြင့် လေးမျက်နှာဘုရားကို ပူဇော်ကန်တော့ကြသည်။လေးမျက်နှာဘုရားသည်
တန်ခိုးကြီး၍ ဘုရားဖူးများဖြင့် အလွန်စည်ကားသည်။ထိုအချိန်က ဘန်ကောက်မြို့တော်၏
လမ်းဘေးပလက်ဖောင်းတစ်လျှောက်တွင် အကင်ဆိုင်များ နေရာအနှံ့ တွေ့ရသည်။ ကြက်
သား ၊ဝက်သား ၊အမဲသား ၊ ဆိတ်သား ၊ငါး၊ပုဇွန် ၊စသောအသားငါးများကို ကင်ရောင်းသော
ဆိုင်များအတော်ခေတ်စားသည်။
( ဖားကင်လည်းရှိသည် ကျွန်တော့်မိတ်ဆွေ ချင်းလူမျိုး ကိုပီတာသည် ဖားကင်ပြီး ရောင်းဖူးသည်
နားချိန်ပင်မရ အတော်အလုပ်ဖြစ်သည်။ ဆိုင်ရှေ့တွင် ကြိုတင်၍ ဖားကင် ထားသောကြောင့်
လမ်းသွားလမ်းလာများက မြင်သည်နှင့် စားချင်စိတ်ပေါက်လာတော့သည်......။)
ကျွန်တော်တို့သည် ဘန်ကောက်မြို့၏ အစည်ကားဆုံး အဓိကလမ်းမကြီးဖြစ်သော စီးလုံ
လမ်းမကြီးတစ်လျှောက် လည်ကြပတ်ကြသည်။လမ်းဘေးတစ်လျှောက်တွင် ရှေးဟောင်း
ပစ္စည်းဆိုင်များ ၊ အထည်ဆိုင်များ ၊ ပန်းဆိုင်များ ၊ အမှတ်တရပစ္စည်းဆိုင်များ ၊အစီအရီ ရှိ၍
အတော်စည်ကားသည်။ ကျွန်တော်တို့ G.P.O အနီးမှ တုတ်တုတ် ငှားစီး၍ ပက်ပုံးသို့သွားကြ
သည်။ ပက်ပုံးဆိုလျှင် ဘန်ကောက်မြို့တွင် နာမည်ကြီး၍ နိုင်ငံခြားသား အတော်များများ သိ
ကြသည် မြန်မာတွေလည်း သိကြသည်။ကျွန်တော်တို့ Madonna ဆိုင်အတွင်းသို့ ဝင်ခဲ့ကြ
သည်။ဝင်ကြေးတစ်ယောက်လျှင် ဘတ် ၈၀ ပေးရသည် ။ဘီယာပုလင်းအသေး တစ်ယောက်
တစ်လုံးပေးသည်အခန်း၏ ပါတ်ပါတ်လည်တွင် စားပွဲဝိုင်းများ ခင်းကျင်းထားသည်။စားပွဲဝိုင်း
များတွင်ထိုင်ချင်ထိုင် မထိုင်လိုက မတ်တတ်ရပ်၍လည်း ကြည့်ရှုအပန်းဖြေနိုင်ကြသည်။ဆိုင်
အတွင်းသို့ ဝင်ဝင်ခြင်း ညာဖက်ခြမ်းတစ်လျှောက်တွင် စတိတ်စင်တစ်ခု ၊ အလယ်ဗဟိုတည့်
တည့်တွင် ဘဲဥပုံသဏ္ဌန် စတိတ်စင် ၊ ထိုဘဲဥပုံသဏ္ဌန် စတိတ်စင်၏ ပါတ်ပါတ်လည်တွင်
Customer များထိုင်ရန် မတ်တတ်ထိုင်ခုံများ အစီအရီ ချပေးထားသည်။ အနောက်နိုင်ငံများ
မှ Tourist များသာ ထိုနေရာတွင်ထိုင်နိုင်ကြသည်။ အနီးကပ်ကြည့်ရှုနိုင်၍ ဈေးကြီးသည်။
ဈေးကြီးသော အစားအစာများ မှာယူစားသောက်နိုင်မှသာ ထိုနေရာတွင်ထိုင်နိုင်ကြသည်။
နို့ မဟုတ်လျှင် ရှက်စရာ...။ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ်ကျနသော ထိုင်းမ ချောချော
လေးများသည် ပထမပိုင်းတွင် ဘီကနီ ဝတ်စုံများဝတ်ဆင်၍ ထိုအလယ်စတိတ်စင်တွင်က
ကြသည်။ကျွန်တော်တို့သည် ဝင်ဝင်ချင်း စတိတ်စင်ရှေ့နားတွင် မတ်တတ်ရပ်ဘီယာသောက်
ရင်းအလယ်စတိတ်စင်သို့ ကြည့်ရှုငေးမောနေကြသည်။ နောက်ဖက်ရှိ စတိတ်စင်တွင် ထိုင်းမ
ချောချောလေးများ ၁၅ ယောက်ခန့် ကိုယ်လုံးတီး ကပြဖြေဖျော်နေကြသည်။အခန်းတွင်းရှိ
Waitress ထိုင်းမလေးများမှာလည်း ကိုယ်လုံးတီးများပင်...။ကျွန်တော်တို့သည် ထိုင်းမချော
ချောလေးများကို မိမွေးတိုင်း အတိုင်းသားမြင်နေရသဖြင့် ရင်ထဲတွင် ကလိကလိ ဖြစ်နေသည်။
တစ်ခါတစ်ရံ လူကိုဝင်တိုက်သွားသဖြင့် စိတ်ကိုမနည်းထိမ်းနေရသည်။ အလယ်စတိတ်စင်မှ
ထိုင်းမချောချောလေးများကလည်း အမေပေးသော လယ်တစ်ကွက်၏ အစွမ်းများကို ပြသနေ
ကြသည် ။ ထိုအမေပေးသော လယ်တစ်ကွက်အတွင်းမှ ဘလိတ်ဒါးများကို ကြိုးနှင့်သီ၍ အ
တန်းလိုက်ဆွဲထုတ်ပြသည် ။ ပြီးနောက် မွေးနေ့ကိတ်ကြီးတစ်လုံးယူလာပြီး ကိတ်မုန့်တွင် စိုက်
ထူထွန်းညှိထားသော မွေးနေ့ဖယောင်းတိုင်မီးများကို အမေပေးသော လယ်တစ်ကွက်တွင်
ပြောင်းတစ်ခုတပ်၍ တစ်ဖူးဖူးမှုတ်ကာ ဖယောင်းတိုင်မီးများကို ငြိမ်းသတ်ပြသည်။ ပရိတ်သတ်
များလက်ခုပ်သံတစ်ဖြောင်းဖြောင်း လေချွန်သံတစ်ရွှီးရွှီး ဖြင့်အော်ဟစ်အားပေးနေကြသည်။
ထိုအလယ်စားပွဲဝိုင်းတွင် စားသောက်နေကြသော အဖြူကောင်များသည် ဘီယာပုလင်းများကို
မှာယူ၍ စတိတ်စင်ပေါ်ရှိ ထိုင်းမချောချောလေးထံသို့ပေး၍ဘီယာပုလင်းအဖုံးကိုဖွင့်ခိုင်းသည်။
ထိုင်းမချောချောလေးကလည်း ထိုဘီယာပုလင်းအဖုံးများကို အမေပေးသော လယ်တစ်ကွက်
ဖြင့် ညှပ်၍ တစ်ဖေါင်းဖေါင်းဖြင့် မနားတမ်းဆက်တိုက် ဖောက်ပေးနေရသည်။ ထိုဖောက်ပြီး
သော ဘီယာပုလင်းများကို အဖြူကောင်များက ပါးစပ်တွင်တေ့၍ မြိန်ရေယှက်ရေ သောက်ကြ
သည်။ ထိုဘီယာသည် ပို၍ ဈေးကြီးပေးရသည်။ အခန်းထဲတွင် သီချင်းသံများ စကားပြောသံ
များဆူညံနေသော်လည်း ထိုဘီယာပုလင်းအဖုံး ဖွင့်သံသည် တစ်ဖေါင်းဖေါင်းဖြင့်ကျယ်လောင်
စွာ အတိုင်းသားကြားရသောကြောင့် လူများအတော်ထူးဆန်း အံ့သြ နေကြသည်။ချီးကျူးစရာ
ပင်..။ထို့ကြောင့်လည်း နာမည်ကျော်ခြင်းဖြစ်မည်...။နောက်တစ်ခါ မိုးပျံပူဖောင်းများကို ယူလာ
ပြီး Customer များကိုနေရာအနှံ့ ကိုင်ခိုင်းထားပြီး စတိတ်စင်မှ ထိုင်းမချောချောလေး၏ အမေ
ပေးသောလယ်တစ်ကွက်တွင် မှုတ်ပြောင်းတပ် မြှားထည့်ပြီး ထိုမိုးပျံပူဖောင်းများကို တစ်ရွှတ်
ရွှတ်ဖြင့် ပစ်ဖောက်နေသည်မှာ တစ်ဖောင်းဖောင်းဖြင့် တစ်လုံးပြီးတစ်လုံး နေရာအနှံ့ ပေါက်
ကုန်တော့သည်..။အတော်ထူးဆန်းအံ့သြဘွယ်ပင်.။တစ်ချို့မျက်လုံးများပင် ပြူးသွားသယောင်
မျက်တောင်ခတ်ရန်ပင် မေ့ကုန်ကြတော့သည်။ ထို့နောက်တစ်မျိုးပြီးတစ်မျိုး လှည့်၍ စတိတ်
စင်ပေါ်မှ ဖြေဖျော်ကြသည်။ ကျွန်တော်တို့လည်း သောက်နေသောဘီယာပုလင်း အသေးလေး
လဲကုန် ကြည့်စရာလည်းကုန်ပြီ ဖြစ်သောကြောင့် ရင်ထဲမှာကလိကလိ စိတ်ထဲမှာ မချင့်မရဲဖြင့်
ပြန်ထွက်လာခဲ့ကြတော့သည်။ မျက်စိထဲမှာတော့ အလယ်စတိတ်စင်ပေါ်တွင် ဖြေဖျော်နေ
သောထိုင်းမချောချောလေးများ အနောက်ဖက်စတိတ်စင်ရှိ စီတန်းဖြေဖျော်နေသော ထိုင်းမ
ချောချောလေးများ Waitress ထိုင်းမလေးများကို အစီအရီမြင်ယောင်လျှက် လေးလံသောခြေ
လှမ်းများကိုသယ်ဆောင်၍ မချိတင်ကဲ ခံစားချက်များဖြင့် ခေတ္တတည်းခိုအိမ် ရှိရာ Appartm
-ent သို့ မပြန်ချင့်ပြန်ချင် ပြန်လာခဲ့ကြရတော့သည်။
ဘန်ကောက်တွင် တစ်ပါတ်ခန့် ပျော်ပါးလည်ပါတ်၍ ဝကြသောအခါ ကိုဖိုးရွှေ ကိုဟန်တင် နှင့်
ကိုအောင်ဝင်းတို့ မြန်မာပြည်သို့ပြန်ရန် လေဆိပ်သို့ ဆင်းခဲ့ကြသည်။ကျွန်တော်နှင့်မောင်မောင်
ကျော်တို့နှစ်ယောက် ကိုဖိုးရွှေ တို့ကို လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ကျွန်တော်လည်း
လိုရမယ်ရ ကိုဖိုးရွှေ ထံမှ အစိမ်း ၃ ရွက်ဆွဲထားလိုက်ပြီး မြန်မာပြည်ပြန်ရောက်ပါက အိမ်တွင်
ပေါက်ဈေးအတိုင်း သွားတောင်းယူပါရန် အိမ်ကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း ဒီ
က အခြေအနေအကြောင်းစုံကိုလည်း ကျွန်တော့်မိဘများအား ရှင်းပြပြောပြပေးရန် မှာကြားပြီး
သူတို့အုပ်စုလည်း Immigration ဖြတ် ၊လေယာဉ်ပေါ်တက် ကျွန်တော်နှင့်မောင်မောင်ကျော်
လည်း လက်ပြ နှုတ်ဆက် လမ်းခွဲခဲ့ကြသည်......။
Appartment ပြန်ရောက်တော့ ကျွန်တော်တို့လည်း “ စ ” တက်ရန် ပြင်ဆင်ကြရတော့သည်။
ကိုကျော်ဇောကို ROYAL NEPAL AIR LINE မှလေယာဉ်လက်မှတ် ၂ စောင်ဝယ်ခိုင်းပြီး
Date ပါ တစ်ခါတည်း ချိတ်ခိုင်းလိုက်သည်။ နောက်တစ်နေ့ ညနေတွင် ကိုကျော်ဇော ပြန်
ရောက်လာပြီး နောက်နှစ်ရက် ည ၁၀ နာရီတွင် စင်္ကာပူသို့ လေယာဉ် ထွက်မည်ဖြစ်ပြီး စင်္ကာ
ပူ အဝင်တွင် လိုအပ်သည်များ ၊ ပြင်ဆင်စရာရှိသည်များ ၊ ဝတ်စားဆင်ယင်ပုံများ မှာကြားရင်း
လေယာဉ်လက်မှတ်နှင့် Passport စာအုပ်များကိုကျွန်တ်ာတို့ကို ပြန်ပေးသည်။ ကျွန်တော်တို့
ကလည်း ထိုင်းတွင် ရောက်ရှိနေခိုက် ကိုကျော်ဇောအိမ်တွင် တည်းခိုစရိတ် စားစရိတ်များ
ပြန်လည် ရှင်းလင်းပေးအပ်ခဲ့ကြသည်။ကျွန်တော်တို့ ဘန်ကောက်တွင် ၁၀ ရက်ခန့်ကြာ
သွားသည်။ ဘန်ကောက်လေယာဉ်ကွင်းသို့ ည ၈ နာရီခန့် တွင် ကျွန်တော်တို့နှစ်ယောက်
ကိုကျော်ဇောကို နှုတ်ဆက်၍ Taxi ငှားပြီး ထွက်ခွါလာခဲ့ကြသည်။ လေဆိပ်ရောက်တော့
ည ၉ နာရီ ။
Passport ကြားတွင် လေယာဉ်လက်မှတ်ညှပ်၍ Immigration Counter တွင် တန်းစီရင်း ရင်
တွေ တစ်ဒိတ်ဒိတ် ခုန်နေသည်။ ကောင်တာရောက်တော့ ကျွန်တော့ကို သင်္ဘောသားလား...
စင်္ကာပူသွားပြီး သင်္ဘောတက်မလို့လားဟု မေးသဖြင့် ကျွန်တော် ယောယောင် ခေါင်းညိတ်ပြ
လိုက်သည်။ အေးအေးဆေးဆေးပင် ဒုံးကနဲ တုံးထုပေးပြီး ဘန်ကောက်မှ ထွက်ခွါခွင့် ပြုလိုက်
သည်။ ထို့နောက် ကျွန်တော်တို့ ၂ ယောက် လေယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။လေယာဉ်
သည် လူစုံသည်နှင့် စတင်ထွက်ခွါရန် ပြေးလမ်းရှိရာသို့ ဘီးကိုလှိမ့်ပြီး ဖြေးညှင်းစွာ မောင်းနှင်
ထွက်ခွါလာသည်။ အပြင်တွင် မိုးတစ်ဖျောက်ဖျောက်ရွာနေသည်...။လေယာဉ်ပြေးလမ်း တစ်
လျှောက်ဘေးဘီဝဲယာတွင် နှင်းခွဲမီးများကို လူတစ်ရပ်အမြင့်ခန့် ကွန်ကရစ်တိုင်ထိပ်များတွင်
အစီအရီ ထွန်းထားသည်။ လေယာဉ်သည်ပြေးလမ်းတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် အမြင့်သို့
ပျံသန်းရန် အားယူမောင်းနှင်နေသည်။ လေယာဉ်တောင်ပံများ လှုပ်ခတ်နေသည် ။လေယာဉ်
ကိုယ်ထည်လည်း တုန်ခါနေသည်။ကျွန်တော်သည် ပြတင်းပေါက်ဘေးတွင် ထိုင်လိုက်လာရင်း
အပြင်မှ ရှုခင်းများနှင့် လေယာဉ်တောင်ပံကို အဓိပ္ပါယ်မဲ့ ကြည့်ငေးရင်း လိုက်ပါလာခဲ့သည်...။
လေယာဉ်သည် ညင်သာစွာပင် လေထဲသို့ပျံတက်လိုက်သည်...။
အောက်တွင် ကျွန်တော်တို့ လည်ပတ်ပျော်ပါးခဲ့ကြသော ၊ ခေတ္တ ခရီးတစ်ထောက် နားခိုခွင့်ပြု
ခဲ့သော ၊ ပျော်စရာ ကြည်နူးစရာ သာယာအေးချမ်းစရာ များစွာတို့နှင့် ပြည့်နှက်နေသော ဘန်
ကောက်မြို့တော်ကြီးသည် မီးရောင်စုံထိန်ထိန်ညီးလျှက် စည်ကားသိုက်မြိုက်လျှက် ကျွန်တော်
တို့အား လက်ပြနှုတ်ဆက်လျှက် တစ်ရွေ့ရွေ့ ဝေး၍ ဝေး၍ မှေးမှိန် ပျောက်ကွယ် ကျန်ရစ် ခဲ့
လေတော့သည်.........။
တစ်ခါတစ်ခေါက်..... အခါအခွင့်ကြုံလျှင်... တစ်ကြိမ်တစ်ခါလောက်တော့ .......
လာရောက်ချင်ပါသေးတယ် .........ဘန်ကောက်မြို့တော်ကြီးရယ်..............................။

No comments:

Post a Comment