Tuesday, October 19, 2010

စာမျက်နှာ နှစ်ဆယ့်ခုနစ်

“ သက်နိုင်ရဲ့စိတ်ဓါတ်ကတော်တော်ကိုယုတ်ညံ့တယ်...နေရာတစ်ကာသူ့ဖို့ပဲသိတယ်
အတ္တကြီးပြီး တစ်ကိုယ်ကောင်းအရမ်းဆန်တယ်...ငါနဲ့“ စ ” မှာနဲနဲပါးပါးခင်ပြီး သူနဲ့
တစ်နှစ်နီးပါးအတူနေဖူးတယ်...ငါ့ပိုက်ဆံတွေကို ငါမသိပဲနဲ့အလွဲသုံးစားလောင်းကစား
ပစ်တယ်...”
“ ဟင်...ဒီကောင်ဒီလောက်တောင်ပဲလား...”
“ဒါတင်ဘယ်ကမလဲ...အဲဒီတုန်းက...သူရယ်..ငါရယ်..မောင်မောင်ရယ်..၃ယောက်ရှယ်
ပြီးငါးရောင်းသေးတယ်...”
“ဟုတ်လား...ငါတောင်မသိပါလား...”
“ အဲဒီတုန်းက..မင်းနဲ့မတွေ့သေးဘူး...”
“ဆက်ပါဦး...”
“ အဲဒီအချိန်တုန်းက..ငါကအလုပ်ကောင်းပြီး ပိုက်ဆံရှိတော့ သက်နိုင်နဲ့မောင်မောင်တို့က
တစ်ယောက်ကို ၁၅၀၀ စီထည့်ရင် ငါက ၃၀၀၀ ထည့်မယ်..ဒါပေမဲ့ လုပ်ငန်းကိစ္စနဲ့ပါတ်သက်
လို့ သူတို့နှစ်ယောက်ကိုပဲ ဦးစီးခိုင်းတယ်...ပစ္စည်းရရှိရေးနဲ့ ဖြန့်ဖို့ကိစ္စကို မောင်မောင်က တာ
ဝန်ယူပြီး လက်လီရောင်းဖို့ သက်နိုင်က တာဝန်ယူ ပြီး လုပ်ငန်းကိစ္စနဲ့ပါတ်သက်လို့ ငါက အ
လုပ်တစ်ဖက်နဲ့မို့ နဲနဲပါးပါးပဲ ကူလုပ်ပေးနိုင်မယ်...ရတဲ့အမြတ်ကို အညီအမျှခွဲဝေယူမယ်လို့...
အားလုံး သဘောတူထားခဲ့ကြတာ...”
“နောက်တော့...”
“ တစ်ကယ်တန်း ပိုက်ဆံထုတ်တော့ ငါပဲအားလုံးစိုက်ရတာ...ဒီကောင်တွေကလေပဲစိုက်တာ..
ငါလဲသိပေမဲ့...မပြောပါဘူး...ငါကလုပ်ငန်းစပြီဆိုတာနဲ့..ဒီကောင်တွေကို ၃၀၀၀ တန်းထုတ်
ပေးတာ အမှန်တစ်ကယ် ပစ္စည်းပုံးလိုက်ဝယ်တာ ၁၀၀၀ ဘိုးတောင်မရှိဘူး...
မင်းစဉ်းစားကြည့်...”
“ ဒါဆိုဒီကောင်တွေက...မင်းပိုက်ဆံနဲ့လုပ်စားတာပေါ့...အမှန်တစ်ကယ်ဆို..မင်းကငွေစိုက်
ထုတ်တာဆိုတော့..မင်းအမြတ်များများရသင့်တာပေါ့...”
“ ဒီအတိုင်းပဲဖြစ်သင့်တာပေါ့...ဒါပေမဲ့လည်း..သြော်..သူတို့လဲမရှိလို့ပဲလေ ငါ့အနေနဲ့လိုအပ်
သမျှ ငွေစိုက်ထုတ်ထားလို့ ငါအမြတ်များများရပါစေရယ်လို့ စိတ်ကူးမရှိပါဘူး..အားလုံးအဆင်
ပြေရင်ပြီးရော...အပေါင်းအသင်းအချင်းချင်းပဲ...သူ့ရှိလဲကိုယ့်ပြန်ကြည့်...ကိုယ့်ရှိလဲသူ့ပြန်
ကြည့် သဘောမျိုးပါပဲ...ဒါပေမဲ့ ဒီကောင်တွေက ငါ့လိုစိတ်ဓါတ်မျိုး လုံးဝမရှိဘူး...အမြီးကျက်
အမြီးစား...ခေါင်းကျက် ခေါင်းစား ကောင်မျိုးတွေ....”
“မင်းက..ဒါနဲ့များ ဒီကောင်တွေနဲ့ သွားရှယ်ရသလား...”
“ငါလဲမသိလို့ပေါ့ကွာ...သိများသိလို့ကတော့...ဒီကောင်တွေကို အီးနဲ့တောင်လှည့်မပေါက်ဘူး...”
“ အေးကွာ...ယောက်ျားတစ်ယောက်ဖြစ်ပြီး...ဒီလောက်တောင်စိတ်ဓါတ်အောက်တန်း
ကျရသလား..”
“ သက်နိုင် ဆိုရင် စေးလိုက်တာမှ ပြောမနေနဲ့ ...ငါ့ဘဝမှာ တစ်ပြားကို နှစ်ပြားခွာတယ်ပဲကြား
ဖူးပါတယ် သက်နိုင်ကတော့ တစ်ပြားကို သုံးပြားခွာတယ်...တစ်ကယ်လက်လန်တယ်..”
“ အဲလောက်တောင်ပဲစေးရသလား...”
“ စေးတာကိုလက်ခံပါတယ်...စေးပိုးတာကိုလက်မခံတာ..ဆေးလိပ်ဆိုရင် ဘယ်တော့မှ ဝယ်မ
သောက်ဘူး...လူတစ်ကာဆီက လိုက်တောင်းသောက်တယ်...”
“ဟင်...စောက်ရှက်လဲမရှိဘူး...”
“ အရှက်.....ဒီကောင်ကြားတောင်မကြားဖူးဘူး...”
“ သိန်းအေးရာ....ကြံကြံဖန်ဖန်...မင်းမို့လို့ဒီကောင်မျိုးနဲ့ သွားဆုံဖြစ်တယ်...”
“ ဝဋ်ကြွေးလို့ပဲ..မှတ်ပါတယ်ကွာ...”
ပြောရင်း အရက်တစ်ငုံစီ ကောက်မော့လိုက်ကြပြီး အားလူးကြော်နှိုက်ဝါးရင်း ဘေးပါတ်ဝန်း
ကျင်ကို ကြည့်လိုက်ရာ ညအတော်မှောင်နေပေပြီ...နာရီကိုကြည့်လိုက်ရာ ညဉ့်တစ်ချက်ထိုး
“ ငါတို့ အိပ်ရင်ကောင်းမယ်...”
“ အေး...နောက်နေ့မှ ဆက်ကြတာပေါ့....”
သို့နှင့် ကျွန်တော်တို့နှစ်ယောက်သား ထိုင်ခုံနောက်မှီကိုမှီ၍ အိပ်လိုက်လာခဲ့ကြသည်။
တောင်ကြီးမြို့သို့ နောက်တစ်နေ့မှရောက်မည်ဖြစ်သည်။
တောင်ကြီးရောက်တော့ ကားဂိတ်တွင် ရဲညွန့် စောင့်နေသည်ကိုတွေ့ရသည်။
“ ဟေ့ကောင်ကြီး...စောင့်နေရတာကြာနေပြီလားကွ...”
“ နဲနဲတော့ကြာနေပြီကွ...ဂိတ်ကိုစုံစမ်းကြည့်တော့ မကြာခင်ရောက်မယ်ပြောလို့ ငါလည်း
စောင့်လက်စနဲ့မထူးဘူးဆိုပြီး ဆက်စောင့်နေတာ....ဘယ်လိုလဲ မင်းတို့ခရီးပမ်းလာကြပြီလား..”
“ အေးကွာ...တစ်ညလုံးကားစီးလာရတာ...ငြီးစီစီနဲ့...”
“ လာ...ဟေ့ကောင်တွေ..ငါ့သူငယ်ချင်းအိမ်မှာတည်းကြမယ်...မင်းတို့အထုတ်အပိုးတွေကော...”
“ ဘယ်...ငါတို့ကျောပိုးအိတ်နဲ့လာတာ...အဝတ်အစား ၂ စုံ ၃စုံလောက်ပဲထည့်လာတာ ရှုပ်လို့...”
“ ကောင်းရောကွာ..မင်းတို့ကတော့ ဂျစ်ပစီစတိုင်လ်ပဲ...”
“ ဟုတ်တယ်လေ..မင်းတစ်ယောက်လုံးရှိနေတာပဲ..ငါတို့ယူလာတဲ့အဝတ်အစားတွေနဲ့
မလောက်ရင် မင်းဟာတွေယူဝတ်မှာပေါ့..”
“အေးပါ...အေးပါ...ရပါတယ်...”
ကျွန်တော်တို့ နှစ်ယောက်သား ရဲညွန့်ခေါ်ရာနောက်သို့လိုက်ခဲ့ကြသည်။
“ ဟေ့ကောင်ရဲညွန့်..မင်းပြောတဲ့ခြံတစ်ခြံ ရောင်းဖို့ရှိတယ်ဆိုတာ ဘယ်နေရာမှာလဲ...”
“ ဟာ...အောင်အောင် မင်းကလည်း ခရီးရောက်မဆိုက် ..နေပါဦးကွာဖြေးဖြေးပေါ့...
ခဏနားပါဦး နောက်မှအေးအေးဆေးဆေး သွားကြည့်ကြတာပေါ့...”
“ အေးလေ..မင်းကလည်း ဟုတ်သားပဲ မလောပါနဲ့...”
ကျွန်တော်တို့ ၃ ယောက်သား စကားတစ်ပြောပြောဖြင့် လျှောက်လာကြရာ နှစ်ထပ်တိုက်ခံ
အိမ်ကလေးရှေ့သို့ရောက်လာကြသည်။ ရဲညွန့်က ဦးဆောင်၍အိမ်ခြံဝင်းအတွင်းသို့ ဝင်သွား
ရာ ကျွန်တော်တို့လည်း ရဲညွန့်နောက်မှဝင်လိုက်ခဲ့ကြသည်။
“ ဟေ့ကောင်...ငတိုး...”
“ ဟာ..ငရဲ...ရောက်လာကြပြီလား...ဧည့်သည်တွေကို...ဧည့်ခန်းထဲခေါ်ခဲ့လေ...”
ဧည့်ခန်းထဲရောက်သည်နှင့် အထုတ်အပိုးများထားကာ ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် ရဲညွန့်က
“ဟေ့ကောင်..သိန်းအေးနဲ့အောင်အောင် မင်းတို့ကို ငါ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးရဦးမယ်...”
ရဲညွန့် သူငယ်ချင်းက ဖော်ရွေစွာပင်
“ လာ..အစ်ကိုတို့ ထိုင်ကြပါဦး..အေးအေးဆေးဆေးနားလို့ရတယ်..လွတ်လွတ်လပ်လပ်
သာနေ ဘာမှအားနာစရာမလိုဘူး..”
“ ဟုတ်ကဲ့...ကျေးဇူးပါပဲ...”
“ ဟေ့ကောင်..ငတိုး သူက ကိုသိန်းအေး...သူက ကိုအောင်အောင်...”
“ သိန်းအေးနဲ့အောင်အောင်..မင်းတို့လည်း မှတ်ထားကြ သူ့နာမည်က တိုးနိုင် ငါ့ရဲ့အရင်း
နှီးဆုံးကျောင်းနေဖက်သူငယ်ချင်းပေါ့...ငါ့လိုပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံလို့ရတယ်...”
“ ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်...”
“ ဟုတ်ကဲ့..ကျွန်တော် ကိုသိန်းအေးနဲ့ကိုအောင်အောင် တို့အကြောင်းကို ဒီကောင်ငရဲ
ပြောပြောနေလို့ သိနှင့်ပြီးပါပြီ...တွေ့ရတာဝမ်းသာပါတယ်...”
“ ဟုတ်ကဲ့...ကျွန်တော်တို့လည်းတွေ့ရတာဝမ်းသာပါတယ်...”
အောင်အောင်က လက်ဆွဲနှုတ်ဆက်ရင်းပြောသည်။ကျွန်တော်ကလည်း လက်ဆွဲနှုတ်
ဆက်ရန် လက်ကမ်းရင်း
“ ကဲ..အောင်အောင် ငါတို့မိတ်ဆုံစားပွဲလေး ညနေကျရင် နွှဲလိုက်ကြရအောင်...”
“အေး...ကောင်းသားပဲ...ကိုတိုးနိုင်ကော သောက်တတ်တယ်မဟုတ်လား...”
ရဲညွန့်က ဝင်၍
“ ဟေ့ကောင်တွေ...ဒီကောင်ကိုသွားမတိုက်နဲ့...”
“ဘာဖြစ်လို့လဲ...မကြိုက်ဘူးလား...”
“ ဘယ်ကလာ..မင်းတို့တိုက်လို့ဆုံးမှာမဟုတ်ဘူး...ဒီကောင်ကသိပ်ကြိုက်တာ...”
“ဟား..ဟား..ဟား..အကြိုက်ချင်းတူရင်ရန်သူတဲ့နော် ကြားဖူးတယ်မဟုတ်လား...
ဒါပေမဲ့ ဒီအကြိုက်ချင်းတူလို့ကတော့ ရန်သူမဖြစ်ပဲ မိတ်ဆွေဖြစ်ကုန်ကြတာများတယ်...”
“ ဟုတ်တယ်နော်..ရိုးရိုးတန်းတန်း ခင်မင်တာနဲ့ သောက်ရင်းစားရင်း ကွဲရင်းပြဲရင်း ခင်ကြ
တာက ပိုပြီးနက်ရှိုင်းမှုရှိသလိုပဲနော်...”
“ ဟုတ်တယ်ဗျ..ကျွန်တော်လည်းသတိထားမိတယ်...”
ကိုတိုးနိုင်က ဝင်ပြောလိုက်သဖြင့် ရဲညွန့်က
“ ငတိုး ...မင်းကလည်း သောက်လို့ကောင်းအောင် ဖောနေပြန်ပြီ...”
“ဟေ့ကောင်...ငရဲ...”
“ ဘာလဲ..”
“ မင်းကငါ့ကို...ဧည့်သည်မိတ်ဆွေသစ်တွေရှေ့မှာ အရှက်ခွဲတာလား...”
ရဲညွန့်ပြုံးစိစိဖြင့် ငြိမ်နေသည်။
“ အေး...ညကျရင် မင်းအလှည့်...မင်းကိုဒီထက်အရှက်ကွဲအောင် ငါလုပ်ပြမယ်...”
“ ဟေ့ကောင်..ဟေ့ကောင်..မင်းနော် တောင်ကြီးမြို့ကကျဉ်းကျဉ်းလေးနော်...မင်းပေါက်
ကရလျှောက်မလုပ်နဲ့နော်...”
“ဟား....ဟား...ဟား...ကြောက်နေပြီလားကွ...ဟေ့ကောင်ငရဲ မင်းငါ့ကို မလှန်ရဲပါဘူးကွာ...”
“ ဘယ်လှန်ရဲမလဲ...မင်းပေါင်မှာဝဲတွေနဲ့...”
“ဟား...ဟား...ဟား...”
ကျွန်တော်တို့ ပြိုင်တူရယ်မိလိုက်ကြသည်။သို့နှင့်ပင်ကျွန်တော်တို့နှင့်အဖွဲ့ကျသွားတော့သည်။
ညနေပိုင်းရောက်တော့ ကျွန်တော်တို့အုပ်စု တောင်ကြီးမြို့ပေါ်ရှိ ချယ်ရီမြိုင် စားရိပ်မြုံ တွင်
ဆိုင်ဖွင့်ရန်ကိစ္စ အနည်းအကျဉ်းဆွေးနွေးရင်း “ စ ” တွင်နေထိုင်ကြစဉ် ရှေးဟောင်းနှောင်းဖြစ်

ပျော်ခဲ့ပါးခဲ့ အတူတစ်ကွနေထိုင်ရင်းနှီးခဲ့ကြသည်များကို စားမြုံ့ပြန်ရင်း မိတ်ဆုံစားပွဲလေးကို အကျဉ်းရုံးဆင်နွှဲခဲ့ကြသည်။

No comments:

Post a Comment