ရဲညွန့်က ကျွန်တော့်ထံဆေးလိပ်ဗူးလှမ်းပေးရင်း
“..ဟေ့ကောင်..သိန်းအေး...”
“ ဘာလဲ..”
“ အခုငါတို့သွားကြည့်တဲ့...ခြံဝိုင်းအခြေအနေ ဘယ်လိုလဲ...”
“ မဆိုးပါဘူး...ဈေးတော့နဲနဲများတယ်..ငါတို့ရှိတာနဲ့ မမှီနိုင်ဘူး
ထင်တယ်...အလျှော့အတင်းနည်းနည်းပါးပါးရှိပေမဲ့...ပြင်ဆင်ရမဲ့
စရိတ်တွေ...ပစ္စည်းဝယ်ရမှာတွေနဲ့ဆိုရင်...ငါတို့ ၃ ယောက်မှာရှိတဲ့
ငွေနဲ့ မလောက်လောက်ဘူး...”
ခြံလေးကမဆိုး အတန်အသင့်ကျယ်ဝန်းပြီး စားသောက်ဆိုင်ဖွင့်ရန်
သင့်တော်သည်။နေရာအနေအထားကလည်း ကောင်းသည်။ဒါကြောင့်လည်း
ခေါ်ဈေးမြင့်ခြင်းဖြစ်မည်။လက်ရှိအနေအထားအရ ကျွန်တော်တို့ ၃ ယောက်ထံ
ရှိသမျှ ငွေအင်အားနှင့် လိုက်မမှီနိုင်။ထို့ကြောင့် စိတ်လျှော့လိုက်ရသည်။
ကျွန်တော်က အောင်အောင့်ကို မေးငေါ့ရင်း
“ မင်းကကော...ဘယ်လိုသဘောရလဲ...”
“ ငါ့ဆန္ဒကတော့...ငွေမှီရင်လုပ်လိုက်ချင်တယ်...တို့ဆီမှာရှိတဲ့ငွေအင်အားနဲ့..
မလုံလောက်တော့လည်း..ဘယ်တတ်နိုင်မလဲကွာ..လက်လျှော့လိုက်ရုံပေါ့...”
ရဲညွန့်ကဝင်၍
“ ဟိုကောင်...ကချင်ကြီးကို..ရှယ်ယာခေါ်ရင်ကော....”
“ မင်းကလည်း...မြွေပွေးကို တုတ်နဲ့သွားထိုးချင်နေပြန်ပြီ...ငါတို့မင်းဆီလာရင်း
အဝေးပြေးကားပေါ်မှာတောင်..ဒီကောင့်အကြောင်းပြောဖြစ်ကြသေးတယ်...မင်း
မယုံရင် အောင်အောင့်ကို မေးကြည့်ပါလား...”
အောင်အောင်က ကျွန်တော့်ထံမှ ကြားသိရသမျှကို ရဲညွန့်အား ပြန်ပြောပြလိုက်
သည်။
“ ဟုတ်လို့လား...ဒီကောင်.. ဒီလောက်တောင်ပဲလား...”
ရဲညွန့်အံ့သြဟန်ဖြင့် ပြောသည်။
“ မင်းမယုံရင်..ဒီကောင်နဲ့ ထဲထဲဝင်ဝင် ပေါင်းကြည့်လိုက်လေ...ငါကိုယ်တိုင်ကြုံဖူး
လို့သိလိုက်ရတာ...”
“ ဟေ့ကောင်..ရဲညွန့်ရေ...ဒါအကင်းပဲရှိသေးတယ်...ဒီကောင်ငါ့ကိုပြောပြတာ မပြီး
သေးဘူး...ငါတောင်ဒီလိုကောင်မျိုးနဲ့ မပါတ်သက်ချင်တော့ဘူး...”
“ ဟိုတစ်လောက...ငါ့ဆီကိုတောင်ရောက်လာသေးတယ်ကွ...ဒါနဲ့ အခုဒီကောင်
ကချင်ကြီး..ဘာတွေလုပ်နေလဲ...”
“ ဟိုလူ့ဆီမြှောက်ပင့်ကပ်စား...ဒီလူ့ဆီဖောရှောဝင်ရော လုပ်နေမှာပေါ့...ဒီလိုကောင်
မျိုး အကျင့်စရိုက်ကိုက...စောက်ရှက်မရှိလုပ်ရပ်တွေနဲ့ လုံးလည်ချာလည်လိုက်နေမှာ
ပေါ့...”
အောင်အောင် ချဉ်တူးတူးဖြစ်ပြီး ဝင်ပြောသည်။ရဲညွန့်က ဆေးလိပ်ဖွာရင်း ကချင်ကြီး
အကြောင်း နောက်ကြောင်းပြန်စဉ်းစားနေပုံရသည်။
“ မင်းတို့ပြောတာ..ဟုတ်လောက်တယ်..ဒီကောင်သူ့ပိုက်ဆံဆိုရင် သိပ်သိတတ်တာ..
သူ့ဆီကခေတ္တခဏ ယူသုံးမိရင်..ငါးပြား...ဆယ်ပြားကအစ..စာရင်းမှတ်ပြီးပြန်တောင်း
တတ်တယ်...သူများဆီက သူယူသုံးထားတဲ့ ပိုက်ဆံများဆိုရင်...ပြန်တောင်းတာတောင်
ဟိုကွေ့ ဒီပါတ်လုပ်...ခြူသံပါအောင်ညည်းငြူပြီး..မပေးမဖြစ်အနေအထားရောက်မှ..ပြန်
ပေးတာ...”
ရဲညွန့် လည်းအထိခံထားရပုံပေါက်သည်။ရဲညွန့်ကစဉ်းစားရင်းထပ်ပြောသည်။
“ ဒီကောင်ဘယ်လောက်အဆင်ပြေပြေ...ညည်းတာပဲ...လက်ထဲမှာပိုက်ဆံရှိလဲ..ကျွေးရ
မွေးရမှာစိုးလို့...ခြူသံပါအောင်ညည်းငြူပြီး...သူများတစ်ကာကို...ဘီယာတိုက်ခိုင်း..
ဘီယာတိုက်ခိုင်းလို့မရရင်..အအေးတိုက်ခိုင်း...အအေးတိုက်ခိုင်းလို့မှမရရင်..နောက်ဆုံး
ဆေးလိပ်ရအောင် တောင်းသောက်တတ်တဲ့အကောင်...တော်...တော်...တော်...ဒီလို
ကောင်စားမျိုးနဲ့ မပါတ်သက်တာငြိမ်းချမ်းတယ်...”
“ဟား...ဟား...ဟား...ဒီကောင်ရဲညွန့် မပေါင်းအပ်တဲ့သူကို..ဝေးဝေးကရှောင်ရမှန်းသိ
သွားပြီ...”
ရဲညွန့်ကဆက်ပြီး
“ ဒီကောင့်..ညည်းချက်ကတော့ကမ်းကုန်ပဲ...သစ်ပင်ပေါ်က နားနေတဲ့ ခိုတောင်...ဒီ
ကောင့်ညည်းငြူသံကို...နားကလောပြီး..စောက်မြင်ကပ်လို့...ဒီကောင့်ခေါင်းပေါ်
တည့်တည့်...ချီးပါချပြီး...အခြားခပ်ဝေးဝေး အပင်တစ်ပင်မှာ သွားနားရတဲ့အဖြစ်မျိုး
ကြုံဖူးတယ်...”
“ ဟား...ဟား...ဟား...ခိုတော်တော်နားညည်းသွားပုံရတယ်...”
“ အင်း...ကြုံဖူးပေါင်ဂုဏ်ထူးဆောင်ပဲ...”
“ ယောက်ျားတစ်ယောက်ဖြစ်ပြီး..ဒီလိုမြည်တွန်တောက်တီး..ညည်းငြူတတ်တဲ့...ယောက်ျားမျိုး...
ဒီတစ်ခါပဲတွေ့ဖူးသေးတယ်...ချီးပေပဲ...”
“ ဒီကောင့်ဆီက..စားရသောက်ရဖို့များတော့...မမျှော်လင့်လေနဲ့...မတော်တဆ..ကံ
ကောင်းထောက်မလို့..တစ်ခါလောက် စားလိုက်သောက်လိုက်မိရင်လဲ..လူတစ်ကာကို
ပြောလို့မဆုံးတော့ဘူး...”
“ အခြားတစ်ယောက်ကို..ကြွေးလိုက်မွေးလိုက်ရတာကမှ...သဲထဲသေးပေါက်သလို..
အရာထင်ကျန်ရစ်သေးတယ်...ဒီကောင့်ကို ကြွေးလိုက်မွေးလိုက်မိရင်တော့..ရေထဲ
ကိုသေးပေါက်လိုက်သလိုပဲ...ဘယ်ပျောက်သွားမှန်းမသိဘူး....”
“ အရောင်တော့ကွဲပါတယ်ကွာ...”
အောင်အောင်က ဝင်ဖေါက်သည်။
“ ဟေ့ကောင်တွေ..မင်းတို့ဒီကောင့်အကြောင်းပဲ..ပြောနေကြတော့မှာလား...ငါတို့လုပ်
ငန်းကိစ္စဘယ်ရောက်သွားပြီလဲ...”
ရဲညွန့်နှင့်အောင်အောင်တို့နှစ်ယောက်သား သက်နိုင်(ကချင်ကြီး)အကြောင်း တစ်ယောက်
တစ်ပေါက်ပြောဆို၍ ပြီးဆုံးမည်မဟုတ်မှန်းသိသဖြင့် ကျွန်တော်ဝင်၍ စကားပြတ်အောင်
ဖြတ်လိုက်ရသည်။
“ ကဲပါကွာ...ဒီကောင်ချီးပေအကြောင်းတော့...လေကုန်ခံ အရေးလုပ်ပြီး ပြောမနေပါနဲ့
တော့ကွာ...ခေါင်းနောက်တယ်...”
ကျွန်တော် ကြားဝင်စကားဖြတ်လိုက်မှ နို့မဟုတ် ဒီကောင့်အကြောင်းက ဒီနေ့အဖို့ ပြီး
တော့မှာမဟုတ်။
ဤသို့နှယ် တောင်ကြီးတွင်ဆိုင်ဖွင့်ရန်ကိစ္စ အီလည်လည်နှင့် လုံးလည်ချာလည်လိုက်နေ
တော့သည်။
“ ဟေ့ကောင်တွေ ဘာမှ worry များမနေကြနဲ့ ..ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချ
ဖို့လိုမယ်...တော်ကြာ ဟိုမမှီ ဒီမမှီနဲ့ အားလုံးတိုးလို့တန်းလန်းဖြစ်ကုန်မယ်...”
ကျွန်တော့်စကားကြောင့် ရဲညွန့်နှင့်အောင်အောင်တို့ နှစ်ယောက်သား မတိုင်ပင်ပဲ
ပြိုင်တူသက်ပြင်းချလိုက်ကြသည်။
“ အေးလေ..မင်းပြောသလိုပဲ...ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချရတော့မှာပေါ့ကွာ..ကဲ ရဲညွန့်
မင်းလဲမင်းရဲ့လက်ရှိအလုပ်ကိုပဲ မှေးလုပ်နေပါဦး...တစ်ချိန်မှာတော့ ငါတို့သူငယ်ချင်း
၃ ယောက် အလုပ်အတူလုပ်ဖြစ်ကြမှာပါ...”
ရဲညွန့်လည်းစိတ်လျှော့လိုက်ပုံရသည်။
“ အေးပေါ့လေ..ဘယ်တတ်နိုင်မလဲ..ခုခေတ်ကလဲ ပိုက်ဆံလေး တစ်ပဲခြောက်ပြားနဲ့
လုပ်ငန်းလုပ်လို့ရတဲ့ ခေတ်မှမဟုတ်တာ...”
ကျွန်တော်တို့ နှစ်ယောက် တောင်ကြီးတွင် ၂ ပါတ်ခန့် နေထိုင်လည်ပါတ်ခဲ့ကြပြီး ရန်
ကုန်သို့ ပြန်ဆင်းလာခဲ့ကြတော့သည်။