Saturday, September 25, 2010

နှစ်ဆယ့်လေး ကော်ပီ

စာမျက်နှာ နှစ်ဆယ့်လေး

Tiong Bahru BLK 55 ရောက်တော့ ကိုကျွဲကြီးအိမ်တွင် လူသိပ်မများသေး ကျွန်တော် ကိုကျွဲကြီး မိသားစုနှင့် ကိုရဲ အခြားထားဝယ်လူမျိုး တစ်ယောက်
သာရှိသေးသည်။ထိုအချိန်ကကိုကျွဲကြီးတွင်ဖိုးသားလေးမွေးကင်းစသာရှိ
သေးသည်။ကိုကျွဲကြီးလည်း ကိုဝင်းဗိုလ်ကဲ့သို့ မုတ်အလွန်ကြိုက်သူဖြစ်သည်။
ကျွန်တော်တို့ ကိုကျွဲကြီး အိမ်ရောက်တော့ ပိုဆိုးတော့သည်။နောက်ပိုင်းတွင်
ကျွန်တော်တို့အခန်းထဲသို့ ကုလားကြီး ၊ မိုးကျော် (တ/ဥက္ကလာ) ၊
မင်းမင်း ( ဂွတ္တလစ် )တို့ပြောင်းလာသည်။လူလည်း တဖြည်းဖြည်းများ
လာသည်။ကျွန်တော်တို့အိမ်သို့ ကိုဝင်းဗိုလ်တို့ အုပ်စုလည်း မကြာမကြာ လာလည်သည်။ထိုအချိန် ကိုဝင်းဗိုလ်တို့သည် Tampenies မှ
Mapherson သို့ရောက်နေကြသည်။ Mapherson Flat တော့မဟုတ်
အခြားတစ်နေရာတွင်ဖြစ်သည်။ကျွန်တော်တို့လည်း ကိုဝင်းဗိုလ်တို့ဆီသို့
သွားလည်ကြသေးသည်။ Mapherson တွင် ကိုဝင်းဗိုလ် ၊ မင်းမင်း
(တ/ ဥက္ကလာ ) ၊ဇာနည် ၊ ဇော်လတ် ၊တို့အတူနေထိုင်ကြသည်။ကျွန်တော်
က ထိုအချိန်တွင် ဆေးသုတ်အလုပ်လုပ်နေပြီး ကိုရဲက ယခင် ဆိုင်မှာပင်
ဆက်လုပ်ဆဲဖြစ်သည်။တစ်နေ့ကျွန်တော်တို့တွင် အလုပ်မရှိဂိန်နေစဉ်
ပိုက်ဆံပြတ်နေသောအခိုက် ကိုဝင်းဗိုလ်တို့အုပ်စု ရောက်လာပြီး
မုတ်ဖန်ရန် ပိုက်ဆံစုကြရာ ၂၀ ပဲရသောကြောင့် အခက်တွေ့နေကြသည်။
လူအုပ်ကများသဖြင့် ၂၀ ထဲနှင့်ဆိုလျှင် မုတ်နှစ်ထုပ်သာရမည် ဒီလူအုပ်နှင့်ဘယ်လိုမှမဖြစ် လောက်ငှဖို့မမြင်။ထို့ကြောင့်
ကျွန်တော်တို့လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး မုတ်ပစ်သောသူများ
ထံမှ မုတ်ထုပ်များကို အလစ်သုတ်ရန် ကြံစည်ကြတော့သည် ။
မုတ်ကို Little India တွင် သွားဖန်ကြရသည်။မုတ်ပစ်သောသူတို့သည် လူပြတ်သောနောက်ဖေးလမ်းကြားတွင် မုတ်ထုပ်များကို ကျွတ်ကျွတ်အိတ်
တွင် ထည့်ပြီး အမှိုက်သဘောမျိုး ရေမြောင်းအနီးတွင် ပစ်ထားသည်။
လာဖန်သောသူလာမှ ထိုအိတ်ထဲမှ နှိုက်ပေးသည်။ပြီးလျှင်ပြန်
ပစ်ထားပြီး လမ်းမထိပ်ဖက် ထွက်ရပ်နေသည်။သည်အထာကိုသိထားသော ကျွန်တော်တို့က ကြိုတင်စီစဉ်လိုက်ကြသည်။ကျွန်တော်နှင့် ကိုဝင်းဗိုလ်က
၁၀ တန် ၂ ထုပ်ဝယ်ပြီး ရောင်းသူကို ဒီကို ခဏခဏလာဖန်ရတာ ဝေးကြောင်း ၊
အလေးချိန်နှင့်ဆိုလျှင် ဘယ်လောက် ဘယ်အချိန် ဘယ်နေရာကို လာရမည်
စသဖြင့် လျှောက်ရွှီးပြီး လမ်းထိပ်သို့ဖြည်းဖြည်းချင်း ခေါ်သွားမည်
လမ်းထိပ်ရောက်လျှင် ထပ်ပြီးစကားကြောရှည်ပြီး အချိန်ဆွဲထားမည်။
ထိုအချိန် ကျွန်တော်တို့ လမ်းလျှောက်စကားပြောနေစဉ် နောက်ဖေးလမ်းကြား
၏ အခြားတစ်ဖက်ထိပ်မှ ဇော်လတ် ၊ မျိုးမျိုး ၊ သန့်ဇင် (ဂိလေး ) တို့မှ
ခပ်သုတ်သုတ် နောက်ဖေးလမ်းကြားတွင်းသို့ဝင်၍ ပစ်ထား
သောမုတ်ထုပ်နားတွင် သေးပေါက်ချင်ဟန်ဆောင်ပြီး အလစ်တွင် နှိုက်ယူထွက်ပြေးရန် တိုင်ပင်ထားခဲ့ကြသည်။ ကျွန်တော်တို့ တိုင်ပင်စည်း
ဝါးကိုက်ထားသည့်အတိုင်း အောင်မြင်ခဲ့ပါသည်။မုတ်ပစ်သူတို့လည်း
အလစ်တွင် ခံလိုက်ရသဖြင့် ဘာမှမတတ်နိုင်။“စ”တွင် သူတို့ဒီလို
တစ်ခါမှ ခံရဘူးမည်မထင်ပါ။ အိမ်ရောက်တော့ အားလုံးမောဟိုက်
နေကြသည်။တစ်အောင့်ကြာတော့ ဇော်လတ်တို့အုပ်စု ပြန်ရောက်လာ
ကြသည်။ ဇော်လတ် ဂျင်းဘောင်းဘီအိတ်ထဲမှ မုတ်ထုပ်များကို ဆွဲထုတ်
လိုက်ရာ ၁၁ ထုပ်ပါလာသည်။အားလုံးပျော်နေကြသည်။ ဝယ်ယူသည့်
အထုပ်နှင့်ပါဆို အားလုံး ၁၃ ထုပ် ဆွဲစမ်းပါလေ့...။ ၅ ထုပ်ခန့်ကို
အခြားသူများအား ခေါင်းချိုးပြီး ပြန်ရောင်းရာ ဒေါ်လာ ၈၀ ရလိုက်သည်။
ထိုငွေ ၈၀ ဖြင့် ငါးဝယ်သောက်လိုက်ကြသည်။ထိုညက ငါးရော မုတ်ရော
အပီကွဲပြဲကြပြီး အောင်ပွဲခံခဲ့ကြသည်။ ကျွန်တော်တို့အုပ်စု “စ ”တွင် အမှတ်
တရ ပျော်ပွဲရွှင်ပွဲ အောင်ပွဲခံ ခဲ့ကြသည်။
ထိုညက အားလုံးအမြင့်သို့ရောက်ကုန်ကြသည်။
အားလုံး ပျော်ပျော်ပါးပါး မုတ်ရှူလိုက်ကြ သီချင်းတီးလိုက်ကြဖြင့်
“ အစ်ကိုကြီး...အစ်ကိုကြီး....ရေပိုက်ကြီးကိုင်ပြီး...ဘာတွေစဉ်းစားနေတာလဲ
အောက်မှာလည်းရေတွေအိုင်ကုန်ပြီ.....မျက်နှာကလည်း..ပြုံးလို့....ရွှင်လို့......”
ဆိုင်မှ ဝန်ထမ်းလေး လာရောက်သတိပေးမှ အတိတ်မှအရိပ်တို့ လွင့်ပျယ်သွားသည်။
“ ဟာ...အေး...အေး...ငါအတွေးလွန်သွားလို့....ဆောရီး...ဆောရီး.....”

ပြောပြီး မိမိအဖြစ်ကို ဟက်ဟက်ပက်ပက် ရယ်မိလိုက်တော့သည်...။

သြော်...ပြန်မရနိုင်တော့တဲ့ အရင်အချိန်တွေကိုလွမ်းလိုက်တာ............။

Friday, September 24, 2010

နှစ်ဆယ့်သုံး ကော်ပီ

စာမျက်နှာ နှစ်ဆယ့်သုံး

ကျွန်တော်တို့အုပ်စုက ငါးသောက်ပြီးပြန်အကျတွင် မုတ်နှင့်တွဲ၍ကွဲကြသည်။
ငါးနှင့်မုတ်တွဲလိုက်ပြီဆိုသည်နှင့် ငြိမ့်နေအောင်ကောင်းတော့သည်။ ထိုအချိန်
မျိုးတွင် ကိုခင်ဝမ်း ၊ကိုမွန်းအောင် ၊ကိုခင်မောင်တိုး ၊ စသောသီချင်းများသည်
တီးခတ်သီဆို၍အကောင်းဆုံး ခံစားနစ်မျော၍အကောင်းဆုံး မူရင်းအဆိုတော်
များထက်ပင် ကောင်းနေသလိုလို ခံစားတီးခတ်၍ ကောင်းနေသည်။ကျွန်တော်
တို့အုပ်စု၏ အကြိုက်ဆုံးတေးသီချင်းမှာ ကိုခင်ဝမ်း၏ နဒီမင်္ဂလာ သီချင်းပင်ဖြစ်
သည်။အားလုံးကွဲပြီဆိုသည်နှင့် နဒီမင်္ဂလာကို စတင်တီးခတ်တော့သည်။ ထိုသီ
ချင်း Intro ဝင်လိုက်သည်နှင့် အားလုံးငြိမ်ကျသွားသည်။ သီချင်း၏အရသာကို
အေးအေးငြိမ့်ငြိမ့် ခံစားနားဆင်လိုကြသည်။ ကိုခင်ဝမ်း၏ နဒီမင်္ဂလာသီချင်းသည်
ကျွန်တော်တို့အုပ်စု၏ နေ့စဉ်အဖွင့်သီချင်းဖြစ်တော့သည်။ ထို့နောက် ပြည်မှာ
ဆောင်း ၊ လွမ်းရတဲ့ညတွေလွန်ပါစေ ၊ညီစေမင်း ၊ဆော်လမွန်ငါးတို့အပြန် ၊ ကျွေး
ဟောင်းဆပ်ခွင့်ပြုပါအမေ ၊ အမေ့အိမ် ၊ ကောင်းကင်မေမေ ၊အမေ ၊ ဝတ်မှုံ ၊ရောင်
စဉ်ခုနှစ်သွယ် ၊ ခွန်အားဖြည့်မိငယ် ၊ ပန်းချစ်သူ ၊ စသောသီချင်းများကို တစ်ညလုံး
ကွဲလိုက် တီးလိုက် ရှူလိုက် သီဆိုလိုက်ဖြင့်အချိန်တို့တစ်ရွှေ့ရွှေ့ကုန်ဆုံးခဲ့ကြ
သည်။
ကြော်ငြာနေတာမဟုတ်ပါသုံးစွဲဘူးသူတိုင်းသိကြပါသည်။ ငါးဘယ်လောက်ကောင်းသလဲဆိုလျှင် တစ်ချို့သင်္ဘေားသားများ ငါးငြိပြီး
သင်္ဘောမလိုက်တော့ပဲ “ စ ”တွင် ရရာ အလုပ်လုပ်ပြီး ကုန်းပေါ်တွင်
နေရစ်ခဲ့ကြသည်။ ကိုစိန်ကြီး ဆိုလျှင် ထမင်းရေဆမ်းစား သကဲ့သို့ ထမင်းကို
ငါးဆမ်းပြီးစားသည်အထိ ငါးကိုတော်တော်ကြိုက်သည်။ကျွန်တော် တို့က
ကြိုက်တော့ကြိုက်သည် အဲ့လောက်ကြီးမဟုတ်။ ငါးသောက်ပြီးသည်နှင့်အရာ
အားလုံးကိုမေ့သွာတတ်ပြီး မိမိစိတ်ဝင်စားရာကိုသာ အာရုံစိုက်လုပ်နေတတ်
သည်။ ငါးသမားများသည် မိန်းမနှင့်ပါတ်သက်၍ လုံးဝကင်းရှင်းသည်။ ငါးသောက်ပြီးသည်နှင့် မိန်းမစိတ်မဝင်စားတော့ သတိပင်မထားမိတော့ပါ။
ထိုအချိန်ကကိုသက်နိုင်နှင့်ကျွန်တော်အမြဲတမ်းတွဲဖြစ်သည်။သူအလုပ်ပြီး
သည်နှင့်ကျွန်တော့်ကို ဖုန်းဆက်ချိန်းသည် ကျွန်တော်ကလည်းထို့အတူပင်။
သို့သော်တစ်အိမ်ထဲတော့ အတူမနေဖြစ်တာများသည်။ Mapherson Flat
တွင်သာ ၄ လလောက်အတူနေဖြစ်သည် နောက်ပိုင်းကွဲသွားသော်လည်း ခင်မင်လျှက် တစ်ခါတစ်ရံ ကျွန်တော့်အိမ် အလည်လာတတ်သည်။ ကျွန်တော်
ကတော့ ကိုဝင်းဗိုလ်၊မျိုးအောင် ၊မင်းမင်းဦး တို့နှင့်အတူနေဖြစ်တာများသည်။
ယခုလည်း Geylang Lor 26 တွင်ကျွန်တော် ၊ကိုဝင်းးဗိုလ် ၊မျိုးအောင် ၊
မင်းမင်းဦး ၊ ကွမ်းသီး တို့အတူနေကြသည်။
“ကိုဝင်းဗိုလ်...ကျွန်တော်တို့ဒီအိမ်မှာနေလာတာတောင် အတော်ကြာ
နေပြီနော်...”
“ ဒီအိမ်လေးကနေလို့တော့ကောင်းပါတယ်...ဒါပေမဲ့.. ဓါတ်လှေကားမရှိတာဆိုးတယ်..”
“ သြော်...ဒါကလဲ...အထပ်ကသိပ်မမြင့်တော့..ဓါတ်လှေကားမလိုအပ်ပါဘူး...”
ကိုဝင်းဗိုလ်နှင့်ကျွန်တော် စကားပြောနေပေမဲ့ မျိုးအောင်တစ်ယောက်ကတော့ အခန်းထောင့် တွင် Dictionaryစာအုပ်အသေးလေးတစ်အုပ်နှင့်အလုပ်ရှုပ်
နေသည်။သူ့ကောင်မလေးက မလေးတရုတ်မ၊ ပလပ်စတစ်စက်ရုံတွင်
အတူအလုပ်လုပ်ရင်း ငြိသွားသည်။ထို့ကြောင့် မျိုးအောင် Dictionary ထဲရှိ
သမျှအင်္ဂလိပ်စကားလုံးများကို အလွတ်ကျက်နေခြင်းဖြစ်သည်။
စာအုပ်အသေးလေးထဲရှိသမျှ အကုန်လုံးသူအလွတ်ရသည်။သြော်..အချစ်
အချစ်...ဘယ်လိုများ ဆွဲဆောင်လိုက်သလဲမသိပါ။ ကိုဝင်းဗိုလ်နှင့်မျိုးအောင်
က ကျောက်မြောင်းသားများငယ်ပေါင်းများပင် ရန်ကုန်ကတည်းက ခင်မင်
ခဲ့ကြသူများဖြစ်သည်။ကျွန်တော်တို့ Lor 26 ကိုမြင့်မိုးနှင့်ကိုကျော်ကျော်
မိုးတို့အိမ်တွင် နေလာခဲ့ကြသည်မှာ ၆ လကျော်ကျော်ခန့် ကြာလာ
တော့အိမ်တွင်လူများလာသောကြောင့် နောက်တစ်အိမ် KALLANG BLK 19 သို့ပြောင်းရွှေ့ခဲ့ကြပြန်သည်။ထိုအိမ်တွင် မန္တလေးမှ ပန်းသေးရှမ်းတရုတ်မ
များနေသည်။ကျွန်တော်နှင့်ကိုဝင်းဗိုလ် ၂ယောက်တည်းပြောင်းရွှေ့ခဲ့ကြ
ခြင်းဖြစ်သည်။ထိုအိမ်တွင် ၆ လခန့်နေထိုင်ပြီး St Michael Rd သို့
ပြောင်းရွှေ့ခဲ့ကြပြန်သည်။ ထိုအိမ်သည် ကိုရဲ ( ရဲထွဋ်ကျော် ) ၊နှင့် ထွန်း
ဝင်းတို့မှ ရှယ်ငှားထားခြင်းဖြစ်သည်။ကိုရဲသည် အလုပ်မရှိသဖြင့် ကျွန်တော်တို့နှင့်အတူချက်ပြုတ်စားသောက်ရင်း ခင်မင်ရင်းနှီးခဲ့ကြသည်။
ကျွန်တော်တို့အလုပ်သွားလျှင် ကိုရဲက အိမ်တွင် ချက်ပြုတ်ထားပြီး
ကျွန်တော်တို့အလုပ်မှပြန်လာသည်နှင့် အဆင်သင့်စားရုံပင်။
ကျွန်တော်တို့ကလည်း တစ်ပါတ်တစ်ခါဈေးဝယ်ပြီး လိုအပ်သမျှ အကုန်
ဝယ်၍ ကုန်ကျစရိတ်ကို ကျွန်တော်နှင့်ကိုဝင်းဗိုလ်တို့မှ မျှဝေကျခံသည်။
ကိုရဲလည်းကျွန်တော်တို့နှင့်ပေါင်းမိပြီး ငါးရောမုတ်ပါငြိသွားသည်။နောက်
ပိုင်း ကိုဝင်းဗိုလ်သူငယ်ချင်း အရှည်ကြီးဆိုင်တွင် ကိုဝင်းဗိုလ်ပြောပေးသဖြင့်
ကိုရဲ အလုပ်ရသွားသည်။ City Hall အနီး Montage Coffee' တွင်
Waiter အဖြစ် တစ်နာရီ ၅ ဒေါ်လာဖြင့်နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀
နာရီ အထိ အလုပ်ဆင်းရသည်။သူအလုပ်ရသည်နှင့် ကျွန်တော်တို့ကို
ပြန်လည်ပြုစုပါသည်။ ကိုရဲတို့အိမ်တွင် ၈ လ ခန့်နေပြီး
Upper Payar Leber သို့ပြောင်းရွှေ့ခဲ့ကြပြန်သည်။ ထိုအိမ်သို့
ကျွန်တော်၊ကိုဝင်းဗိုလ် ၊ကိုရဲ ၊မင်းမင်း (တ/ဥက္ကလာ) ၊ ကျော်စိုးမိုး ၊
ဇာနည် တို့ ၆ ယောက် တစ်ခန်းထဲတွင်အတူနေခဲ့ကြသည်။ မင်းမင်းနှင့်
ကျော်စိုးမိုးသည် ကိုရဲနှင့်ပါတ်သက်၍ ဇာနည်သည် မင်းမင်းနှင့်ပါတ်သက်၍ ကျွန်တော်တို့နှင့်ခင်မင်ခဲ့ကြပြန်သည်။ထိုအိမ်ရောက်ပြန်တော့လည်း ထုံးစံ
အတိုင်းကျွန်တော်တို့ ငါးကွဲလိုက် မုတ်ကွဲလိုက်နှင့်ပင် ၄ လခန့်နေထိုင်ခဲ့ကြ
သည်။ထို့နောက် ကျွန်တော်နှင့်ကိုရဲက Balestier ရှိ ခေါင်းကြီးတို့အိမ်သို့
ပြောင်းရွှေ့ခဲ့ကြပြီး ကိုဝင်းဗိုလ်တို့က Tampenies သို့ ဇာနည် ၊မင်းမင်း
တို့နှင့်အတူ ပြောင်းရွှ့ခဲ့ကြသည်။ကျွန်တော်နှင့်ကိုဝင်းဗိုလ်လည်း ထိုအချိန်မှ
စ၍ အတူ မနေဖြစ်တော့ပေမဲ့ မကြာခဏတော့တွေ့ဖြစ်ခဲ့ကြပါတယ်။
ကိုဝင်းဗိုလ်လည်း ကျွန်တော့်အပေါ် အတော်ကောင်းရှာပါသည်။ ဘော်ဒါ
ကဏ္ဍ ပြည့်ဝသူ ဖြစ်သည်။ကျွန်တော်အလုပ်မရှိဂိန်နေလျှင် စားဖို့သောက်ဖို့
ပူစရာမလို ကွဲဖို့ပြဲဖို့ ပူစရာမလို အားလုံးကိုဝင်းဗိုလ်မှ ကူညီဖြေရှင်းပေးသည်။
ဒါပေမဲ့ ကိုဝင်းဗိုလ်က ငါးတော့လုံးဝမကြိုက် မုတ်ကိုတော့ အတော်ကြိုက်
သည်။ကျွန်တော်လည်းသူနှင့်ပေါင်းမိမှ ငါးနှင့်မုတ် တွဲမိသလိုဖြစ်သွားသည်။
ကိုဝင်းဗိုလ်နှင့်တွဲမိမှ ကျွန်တော်လည်း သူကြိုက်သောသီချင်းများ တီးဖြစ်သွား
သည်။ကိုဝင်းဗိုလ်က ကိုခင်ဝမ်း ၊ ကိုမွန်းအောင် ၊ကိုခင်မောင်တိုး သီချင်းများ
ကို ကြိုက်နှစ်သက်သော အမာခံပရိတ်သတ်ဖြစ်သည်။ကျွန်တော်ကတော့
သူကြိုက်သောသီချင်းများကို အစပိုင်းကသိပ်မကြိုက် နောက်ပိုင်း တီးရင်း
တီးရင်းနှင့် ကြိုက်သွားသည်။ ကျွန်တော်ကအကုန်အစုံကြိုက်သည်။
လေးဖြူ ၊ခိုင်ထူး ၊ထူးအိမ်သင် ၊ဇော်ဝင်းထွဋ် ၊စိုင်းထီးဆိုင် တို့၏ သီချင်းများ
ကိုသာ အတီးများသည်။ ခေါင်းကြီးတို့အိမ်တွင် ၄ လခန့် နေထိုင်ပြီး
ကိုကျွဲကြီးက Tiong Bahru BLK 55 တွင်အိမ်ခန်း
ငှားထားပြီး နေမည့်သူမရှိသောကြောင့် ကျွန်တော်နှင့်ကိုရဲ ကိုကျွဲကြီး
အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထိုအိမ်သည် ကျွန်တော်တို့ စင်္ကာပူ
တွင် နေခဲ့သမျှ ပျော်ခဲ့သမျှ ကဲခဲ့သမျှ နိဂုံးချုပ် ပြည်ဖုံးကား
ချလိုက်သော အိမ်ပင်ဖြစ်တော့သည်......။

နှစ်ဆယ့်နှစ် ကော်ပီ

စာမျက်နှာ နှစ်ဆယ့်နှစ်

ကျွန်တော်သည် မလေးရှားတွင်နေထိုင်စဉ် ငါးလုံးဝမသောက်ပါ။စင်္ကာပူရောက်
ရောက်ခြင်း အလုပ်မရှိသဖြင့် အိမ်သို့အလည်လာသော အသိတစ်ယောက်က
Chinatown အထပ် ၂၀ တွင် ကိုမောင်သန်း ရှိကြောင်း စင်္ကာပူတွင်ရောက်နေ
သည်မှာကြာပြီဖြစ်၍ သူလည်းကန်တော်လေးတွင် နေထိုင်သူဖြစ်သဖြင့် အလုပ်
ရနိုင်ကြောင်း သိရသဖြင့် ကျွန်တော် Chinatown သို့သွားပြီး ကိုမောင်သန်းအား
အကူအညီတောင်းသည်။ ကိုမောင်သန်းသည် Chinatown အထပ် ၂၀ တွင်
အိမ်ခန်းငှားထားပြီး ငါးရောင်းရာ ကျွန်တော့်ကို ငါး ၂ လုံးတိုက်ပြီး ပြုစုသည်။
ကျွန်တော်ငြင်းပေမဲ့ အားနာ၍ သောက်လိုက်သည်။သူကကောင်းတာနှင့် ပြုစု
သောကြောင့် ကျွန်တော်လည်းကောင်းသွားသည်။သူ့ထံသွားသည်မှာ အလုပ်မ
ရပဲ ငါးစွဲသွားသည်သာအဖတ်တင်သည်။ကျွန်တော်လည်း ငါးကောင်းမှန်းသိသ
ဖြင့် နေ့စဉ်လိုလို သောက်ဖြစ်တော့သည်။စင်္ကာပူ ရောက်သော မြန်မာလူငယ်
လူရွယ် မှန်သမျှ ငါးကိုကြိုက်၍ သောက်ကြသည်။ ထိုအချိန်က ငါးတစ်လုံးလျှင်
၁၀၀ ml ကော်ဗူးတစ်လုံးကို ၄ ဒေါ်လာသာပေးရသည်။ ၉၅ ခုနှစ်နောက်ပိုင်း
ကော်တစ်လုံး ၅ ဒေါ်လာဖြစ်သွားသည်။ ကျွန်တော်နှင့် ကိုသက်နိုင်သည် ညနေ
အလုပ်ပြီးသည်နှင့် Beach Rd ပေါ်ရှိ The Concourse တွင် ငါးအမြဲတမ်းဝယ်
သောက်သည်။ဖန်ပုလင်းတစ်လုံး ၇ ဒေါ်လာပေးရသည်။ငါးသောက်ပြီးသည်နှင့်
တစ်နေကုန် အလုပ်ထဲတွင်ပင်ပန်းခဲ့သမျှ မေ့ပျောက်ကုန်လျှက် လန်းဆန်းတက်
ကြွလို့နေတော့သည်။ ကျွန်တော်တို့ငါးသောက်ပြီးသည်နှင့် Clark Quay သို့သွားပြီး
TV Game ကစားခြင်း ၊ Clark Quay အလယ်တွင် Phillipino Stage Show ကြည့်
ခြင်းဖြင့် အချိန်ဖြုန်းခဲ့ကြသည်။ထိုအချိန်က Eagle အဖွဲ့၏ Hotel California သီချင်း
မှာ ခေတ်စားသည်။ Clark Quay တွင် ငါးသောက်ပြီးလျှောက်သွားရာမှ အကွဲပြေပါက
Rivervally Rd ရှိ Daimaru Shopping Center တွင် ထပ်မံ၍ ငါးဝယ်သောက်ကြ
သည်။ ငါးကောင်းပြီး အပြင်တွင်လည်ပတ်၍ ဝကြသောအခါ အိမ်ပြန်ကြသည် အိမ်ပြန်
ရောက်တော့ ည ၁၁ နာရီည ၁၂ နာရီ ဝန်းကျင်ခန့် တစ်ခါတစ်ရံ ထို့ထက်နောက်ကျ
သည်။ကျွန်တော်တို့ငါးစသောက်တုန်းက ကော်ဗူးကိုမသောက်ပဲ ဖန်ပုလင်းကိုသာ တစ်
နှစ်နီးပါးသောက်ကြသည်။ ထိုအချိန်က မြန်မာများ ငါးရောင်းသော ဈေးကွက်သည်
Bugis Street နှင့် Chinatown တို့တွင်သာရှိသည်။ Rivervally Rd ပေါ်တွင် ကိုမောင်စိုး
ရှိသည်။ ကိုစိုးက အိမ်တွင်ရောင်းသည်။ ထိုခေတ်ထိုအချိန်အခါက ငါးလောကတွင် ကိုစိုး
သည် နံပါတ်တစ်ဖြစ်သည်။ အချို့ သူ့ထံမှ ပုံးလိုက်ဆွဲ၍၎င်း အလုံးစားဖြင့်၎င်း ယူ၍ရောင်း
ကြသည်။ ကျွန်တော်တို့လည်း ဖန်ပုလင်းသောက်နေရာမှာ ကြာလာတော့ မတတ်နိုင်တော့
သဖြင့် ကော်ဗူးကိုပြောင်းသောက်ကြသည်။ကော်ဗူးတစ်လုံးသည် ဖန်ပုလင်းတစ်လုံးထက်
ပိုကွဲသည်။ဖန်ပုလင်းမှာမူ သိပ်မကွဲသော်လည်း လူကိုဥပါဒ်မပေး ။ ကော်ဗူးကို ၂ နှစ် ၃ နှစ်
ခန့် နေ့စဉ်သောက်ပါများလျှင် အကြောများထိခိုက်သည်။ ကျွန်တော်တို့ ညနေ ၅ နာရီ အ
လုပ်ပြီးသည်နှင့် Bugis ကိုတန်းပြေးတော့သည်။ Bugis Street ရှိ လမ်းဘေးပလက်ဖောင်း
အုတ်ဘောင်တစ်လျှောက်တွင် ကြိုကြား ကြိုကြား ငါးပစ်သူများကို တစ်ယောက်စ နှစ်
ယောက်စ တွေ့ရတတ်သည်။မတွေ့ပါက Victoria လမ်းအတိုင်း Pennisula Plaza ဖက်သို့
ထောင်တက်သွားလျှင် လမ်းဘေးပလက်ဖောင်းတစ်လျှောက် ငါးပစ်သူများ တစ်ယောက်မ
ဟုတ်တစ်ယောက် တွေ့ရသည်။ တစ်ခါတစ်ရံ Allson Hotel နှင့်ကပ်လျှက် Food Court
တွင် ရှိတတ်သည်။ကော်တစ်လုံး ၅ ဒေါ်လာ ၊ဖန်တစ်လုံး ၇ ဒေါ်လာ ပေးရသည်။ဖန်သည်
125 ml ပါသော်လည်း သောက်ပြီးလျှင် ဖြည်းဖြည်းခြင်းတက်၍ ကော်ဗူးမှာ 100ml သာ
ပါသော်လည်း သောက်ပြီးသည်နှင့် သိသိသာသာတက်သည်။ ထို့ကြောင့် နောက်ပိုင်းတွင်
ကော်ဗူးအရောင်းသွက်လာသည်။ ထိုအချိန်က ငါးလောကကို မြန်မာတွေသာချုပ်ကိုင်ထား
သည်။သောက်သုံးသူများမှာလည်း မြန်မာအများစုပင်ဖြစ်သည်။“စ” နိုင်ငံသားမလေးအချို့
နှင့် မလေးတရုတ် “စ” တရုတ် အချို့ အနည်းစုသာသောက်ကြသည်။ ထိုင်း မလေးရှား
စင်္ကာပူ ၃ နိုင်ငံတွင် စင်္ကာပူငါးသည် အကောင်းဆုံးဖြစ်သည်။ စင်္ကာပူရောက်မြန်မာများ
၏ ထက်ဝက်ခန့်သည် ငါးသောက်ကြသည်။ ငါးသည် သောက်လိုက်သည်နှင့် နှလုံးခုန်မြန်
လာသည် မျက်စိပြူးလာသည် လူလည်းသွက်လက်လာသည် တစ်နေကုန်အလုပ်ထဲတွင်
ပင်ပန်းခဲ့သမျှ ပြေလျှော့သွားသည် တက်ကြွလန်းဆန်းလာသည်။ငါး သောက်ပြီးသည်နှင့်
ခံတွင်းပျက်သွားပြီး ဘာမှမစားချင်တော့ပဲ စီးကရက် ကိုသာ မနားတမ်းသောက်တော့သည်။
အနည်းငယ်ကျသွားပါက Jasmine Tea ရေနွေးကြမ်းသောက်၍ပြန်ခေါ်လျှင် ပြန်ရောက်လာ
တတ်သည်။အိပ်ချင်စိတ်မရှိပဲ မျက်စိထဲတွင် ရှုပ်ပွနေသည်ဟုထင်သည့် အရာများကို လိုက်လံ
သိမ်းဆည်း ရှင်းလင်းနေတတ်သည်။တစ်ခါတစ်ရံ မိမိဘာလုပ်၍ ဘာလုပ်နေမှန်းပင်မသိ
သတိမေ့တတ်သည်။ ရည်ရွယ်တာနှင့်လုပ်နေတာ တစ်ခြားစီဖြစ်နေတတ်သည်။ပြောနေ
ရင်းနှင့်ပြောသည့်စကား၏အစကို မေ့နေတတ်သည်။ ချီးပုံးထဲရှိပစ္စည်းတစ်ခုကိုယူရန် ချီးပုံး
ကိုဖွင့်လိုက်သည်နှင့် အထဲတွင်အဝတ်အစားများ ၊အင်္ဂလိပ်စကားပြောစာအုပ်များ ၊အိမ်မှပို့
လာသောစာအဟောင်းများ ၊ကက်ဆက်ခွေ CD ခွေ များ ၊Body Spray ရေမွှေး များ ၊ တစ်ခါ
သုံး မုတ်ဆိတ်ရိတ်ဒါးများ ၊လိုအပ်မည်ထင်သော ရန်ကုန်မှထည့်ယူလာသည့် ပစ္စည်းများ ၊
ထိုပစ္စည်းများကိုမြင်သည်နှင့် ပစ္စည်းများ ဖရိုဖရဲ ဖြစ်နေသည် ထားသိုပုံစနစ်မကျဟုထင်ပြီး
ရည်ရွယ်ရင်းကိစ္စကိုမေ့ကာ အထဲမှပစ္စည်းများကို အပြင်ထုတ်လိုက် ပြန်စီလိုက်ဖြင့် မိုးလင်း
တော့သည်။ ထိုအရသာသည်ပင် ဖီလင်ဖြစ်နေသည်။
တစ်ယောက်သော ကျွန်တော့်သူငယ်ချင်း တစ်ယောက်သည် ဆေးလိပ်ကို ပါးစပ်တွင်တေ့၍
လက်ထဲတွင် မီးခြစ်ကိုင်ထားပြီး မီးညှိရန် မီးခြစ်လိုက်ရှာနေသည်။ တစ်ခန်းဝင် တစ်ခန်းထွက်
မီးဖိုချောင်သွားလိုက် အိမ်ရှေ့ထွက်လာလိုက် ကျွန်တော့်အခန်းတွင်းသို့လည်း ၂ ခါလောက်
ရောက်လာသည်။နောက်တစ်ခေါက်အခန်းထဲဝင်လာတော့
“ ဟေ့ကောင်....ဆေးလိပ်ကြီးခဲပြီး....ဘာလိုက်ရှာနေတာလဲကွ.....”
“ကျနော်...ဆေးလိပ်သောက်မလို့...မီးခြစ်လိုက်ရှာနေတာ......”
“မီးခြစ်က...မင်းလက်ထဲမှာလေ.....”
သူကခေါင်းကိုတွင်တွင်ခါ၍
“ ဟား....ကျွတ်.....သွားပြီ.....ကျွန်တော်မီးခြစ်လိုက်ရှာနေတာ...တစ်အိမ်လုံးနှံ့နေပြီ....
လက်စသတ်တော့...လက်ထဲမှာရောက်နေတာကိုး......”
အဲ့ဒီလို..ငါးကောင်းပုံများ...။
သူ့ကိုကြည့်၍ အားလုံးဝိုင်းရယ်နေကြသည်။အားလုံးလည်းသူ့လိုပါပဲ...။
ကျွန်တော်တို့အိမ်တွင် စနေနေ့ညဆိုလျှင် အမုန်းကွဲကြသည်။နောက်တစ်နေ့ တနင်္ဂနွေ
အလုပ်ပိတ်သောကြောင့် ညလုံးပေါက် ကွဲကြသည်။အခြားသူငယ်ချင်းများလည်း မုတ်ရှူ
ချင်သဖြင့် လာကွဲကြသည်။တစ်ချို့ Workpermit နှင့်လုပ်သော သူများသည် တစ်ခါတစ်ရံ
Sunday အလုပ်ဆင်းရသည်။ကျွန်တော့်အသိတစ်ယောက်သည် အတော်ကွဲနေပြီး နောက်
နေ့အလုပ်ဆင်းရမည်ဖြစ်သောကြောင့် ပြန်ရန်ပြင်နေသည်။ အိမ်ရှေ့ဖိနပ်စင်ရှေ့တွင် ခြေ
အိတ်ဝတ်နေစဉ် ကျွန်တော့်သူငယ်ချင်း နောက်တစ်ယောက်က နောက်ဖေးသို့အပေါ့သွား
ရာမှတွေ့သွားပြီး အခန်းတွင်းသို့ ပြန်ခေါ်လာပြီး.....
“ ကိုသိန်းအေး...ကိုစိန်ဝင်းက..ပြန်တော့မလို့တဲ့...”
“ ဟာ...ဟေ့လူ..နေပါဦှးဗျ...ခင်ဗျားကလည်း...အစောကြီးရှိသေးတယ်...အခုမှ..
ကောင်းတုန်း ရှိသေးတယ်....အေးဆေးပေါ့...”
သို့နှင့်သူလည်း ခြေအိတ်တစ်ဖက်ဝတ်လျှက်တန်းလန်းဖြင့် ကျွန်တော်တို့ သီချင်းသီဆို
တီးခတ်သံကို နားသောတဆင်နေသည်။သူလည်းပြန်ဘို့ရာမေ့သွာတော့သည်။

Tuesday, September 21, 2010

နှစ်ဆယ့်တစ် ကော်ပီ

စာမျက်နှာ နှစ်ဆယ့်တစ်

ကျွန်တော်တို့ MaphersonFlat မှ Kallang သို့ ပြောင်းရွှေ့ခဲ့ကြသည်။ဆေးသုတ်တစ်ဖွဲ့လုံး
Kallang MRT အနီး ကိုဂျော်နီအိမ်သို့ခေတ္တပြောင်းရွှေ့ခဲ့ကြသည်။ဂျော်နီသည် အရပ်ပုပြီး
သဘောကောင်းသော မွန်လူမျိုးဖြစ်သည်။လူရည်လည်သည်။ပတ်စ်ပို့စာအုပ်နှင့်ပတ်သက်
၍ လိုအပ်သမျှသူလုပ်ပေးသည်။စာအုပ်ကိစ္စနှင့်ပတ်သက်၍ သူ့ညီအစ်ကိုတော်များမှ ပြု
လုပ်ပေးသည်။သူကတော့ နံနက် ၁၀ နာရီလောက်တွင် အနောက်တိုင်းဝတ်စုံကိုကျကျနန
ဝတ်၍ Chinatown သို့သွားသည်။ Chinatown တွင် ကိုဂျော်နီ No.4 လက်လီပစ်သည်။သူ့
နက်ခ်တိုင်နောက်တွင် လှ အထုပ်များ အစီအရီလျှို့ဝှက် သိမ်းဆည်းထားသည်။သူ့အလုပ်က
Chinatown တစ်ခွင်လုံး ဟိုလျှောက်လိုက် ဒီလျှောက်လိုက်ဖြင့် ပစ်လိုက်လျှောက်လိုက်နှင့်
အန္တရာယ်တော့အများသား။သူ့သူဌေးက သူ့ကိုတော့ယုံကြည်သည်။သူပြီးလျှင်ပြီးသည်။သူ
ကသူ့သူဌေးပိုင်ဆိုင်သော Geylang Lor 32 ရှိအိမ်ကိုငှားရန် ပြောရာ သူဌေးကခွင့်ပြုလိုက်
သဖြင့် ကျွန်တော်တို့အားလုံး Geylang Lor32 သို့ပြောင်းရွှေ့ခဲ့ကြပြန်သည်။ကျွန်တော်
ခေါင်းကြီး ၊ကိုသက်နိုင်(ကချင်ကြီး) ၊ မောင်မောင်ကျော် (မဲကြီး ) ၊ကိုသန်းထိုက်(ကျွဲကြီး)
မျိုးလေး ၊ ရွှေထက် (ထက်ကြီး ) ၊အားလုံး ၇ယောက်ဖြစ်သည်။တစ်ခါတစ်ရံ ထိုအိမ်သို့
မွန်လူမျိုး ကိုရာဇာ ( သူ့ကိုမွန်ရာဇာဟုခေါ်သည်) ဆေးလိပ်နှင့်ငါးလာရောင်းသည်။
ထိုအိမ်တွင် ပွဲစား ၃ ယောက်ရှိသည်။ရန်ကုန်မှစင်္ကာပူသို့ လာလိုသူများအလုပ်အပါအဝင်
တစ်ယောက်လျှင် ၃ သိန်း နှင့်ရိုက်သည်။“စ” ရောက်သည်နှင့် ပတ်စ်ပို့စာအုပ်ကိုရောင်းစား
သည်။အလုပ်ကိုလည်း ကြမ်းတမ်းသောအလုပ်ကိုသာ ရှာပေးသည်။ထိုအချိန်က မြန်မာများ
Construction ကိုလုံးဝမလုပ်ကြပါ။သူတို့ရိုက်ခေါ်လာသောလူများကို ထိုကဲ့သို့ကြမ်းတမ်း
သော အလုပ်များကိုသာ သွင်းပေးကြသည်။မလုပ်နိုင်ပါက ပိုက်ဆံပြန်မပေးပဲ အဆုံးခံကြရ
သည်။သူတို့အပိုင်ရိုက်ကြခြင်းဖြစ်သည်။ ထိုအချိန် “စ” တွင် အလုပ်အကိုင်အလွန်ပေါများပြီး
ကုန်ဈေးနှုန်းလည်းမကြီးမြင့် နေရထိုင်ရတာလည်း အလွန်အဆင်ပြေသည်။
စင်္ကာပူနိုင်ငံသည် မလေးရှားနိုင်ငံကဲ့သို့မဟုတ် သွားရလာရတာ လွတ်လပ်ပေါ့ပါးပြီး အေး
အေးချမ်းချမ်းရှိသည်။စင်္ကာပူနိုင်ငံသည် နေရာတစ်ကာသန့်ရှင်းသပ်ရပ်ပြီး အရိပ်ရအပင်များ
ပန်းအလှပင်များကို လမ်းဘေးပလက်ဖေါင်းတစ်လျှောက်နှင့် အလယ်ကျွန်းတစ်လျှောက်တို့
တွင် စနစ်တစ်ကျ သေသေသပ်သပ် စိုက်ပျိုးထားသည်။စင်္ကာပူနိုင်ငံသည် အီကွေတာ နှင့်
နီးသောကြောင့် ပူမည်ဟုထင်ရသော်လည်း တစ်နိုင်ငံလုံးတွင် သစ်ပင်ပန်းမန်များစိုက်ပျိုး
ပြုစုပျိုးထောင်ခြင်း ၊ သစ်တောများအားသဘာဝအတိုင်းထားခြင်းတို့ကြောင့် ရာသီဥတုသမ
မျှတပြီး နေထိုင်၍အလွန်ကောင်းသော နိုင်ငံဖြစ်သည်။နေရာတစ်ကာတွင် အမှိုက်တစ်စမရှိ
ဖုန်တစ်စက်မရှိ အလွန်သန့်ရှင်းသပ်ရပ်လှသည်။လုံးချင်းတိုက်အိမ်များ ၊ အထပ်မြင့်လူနေ
တိုက်ခန်းများ ၊ ရုံးဌာနအဆောက်အဦးများ ၊ စသောအဆောက်အဦးမှန်သမျှ မဲညစ်ဟောင်း
နွမ်းခြင်းမရှိပဲ အမြဲတမ်းသစ်လွင်တောက်ပနေသည်။ထို့ကြောင့်လည်း ကမ္ဘာပေါ်တွင် အသန့်
ရှင်းဆုံးမြို့တော်ဆု ရရှိခြင်းဖြစ်သည်။ရထိုက်ပါပေသည် ထိုက်တန်ပါပေသည်။နိုင်ငံခေါင်း
ဆောင်များ၏ဦးဆောင်လမ်းညွှန်မှုစနစ်ကျခြင်း ၊ စီးပွားရေးအမြင်ရှိခြင်း ၊အတွေးအခေါ်
အယူအဆ မှန်ကန်ခြင်း ၊နိုင်ငံသူ နိုင်ငံသား များအရေးရှေ့တန်းတင်ခြင်း ၊တိုင်းပြည်စီးပွား
တိုးတက်ရေး ၊လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်ကျိုးမဖက် ကြိုးစားထမ်း
ဆောင်နိုင်ခဲ့သောကြောင့် စင်္ကာပူနိုင်ငံသည် သဘာဝအရင်းအမြစ် သယံဇာတ တွင်းထွက်
ပစ္စည်းများ မရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် အချမ်းသာဆုံး လူနေမှုအဆင့်
အတန်း အမြင့်မားဆုံး ၊ အာရှနိုင်ငံကြီးများနှင့်ပင် ရင်ဘောင်တန်းနိုင်လျှက် ကမ္ဘာ့နိုင်ငံကြီး
များကပါ လေးစားတန်ဖိုးထားရသော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ ရောက်ရှိဆဲဖြစ်သည်။လျှပ်
စစ်ဓါတ်အားနှင့်ရေကို မလေးရှားနိုင်ငံမှ ဝယ်ယူသုံးစွဲရသည်။အသီးအနှံများနှင့် စားသောက်
ကုန်ပစ္စည်းများ ၊အခြားလူ့အသုံးအဆောင်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံ
တစ်ကာမှ မှာယူတင်သွင်း သုံးစွဲရသည်။သို့သော်လည်း အဆုတ်မနစ်သောဇွဲ လုံ့လဝိရိယ
စိုက်ထုတ်ခြင်း အသီးအပွင့်များကို ယနေ့တိုင်ခံစားနေရခြင်းဖြစ်သည်။လေးစားအတုယူဖွယ်
ပင်။စင်္ကာပူနိုင်ငံ့ခေါင်းဆောင်များ အလွန်တော်ကြပါပေသည်။
စင်္ကာပူနိုင်ငံသူ နိုင်ငံသားများသည် စည်းကမ်းရှိ၍ အချိန်ကိုလေးစားပြီး အလုပ်ကိုကြိုးစား
သည်။စင်္ကာပူနိုင်ငံသား လူငယ်လူရွယ်တစ်ယောက်၏ တစ်နေ့ဝင်ငွေမှာ အနည်းဆုံး ၇၀
ဒေါ်လာရှိ၍ ဝင်ငွေနှင့်ထွက်ငွေ မျှတပြီး စုဆောင်းနိုင်လောက်အောင် ပိုလျှံသည်။ ကုန်ဈေး
နှုန်းမကြီးမြင့်ပေ။ ကြက်ဆီထမင်း တစ်ပွဲ ၂ဒေါ်လာ ၂ဒေါ်လာခွဲ ၊ကော်ဖီ လက်ဘက်ရည်
တစ်ခွက် ၆၀ ဆင့် ၊ဆေးလိပ်တစ်ဗူး ၅ ဒေါ်လာ ၂၀ ဆင့် ၊ ခရီးစရိတ် ဘတ်စ်ကားခ အများ
ဆုံး တစ်ဒေါ်လာခွဲခန့်သာ ရှိသောကြောင့် တစ်နေ့လူတစ်ယောက် အသုံးစရိတ်သည် ၂၀
ဒေါ်လာ လောက်ဆိုလျှင် လုံလောက်ပြည့်စုံသည်။ထိုအသုံးစရိတ်များသည် သာမန်အခြေခံ
လူတန်းစားတစ်ယောက်၏ တစ်နေ့ နေထိုင်အသုံးစရိတ်ဖြစ်သည်။ကျွန်တော်တို့လို နိုင်ငံ
ခြားသားများအတွက်ထို့ထက် ပို၍သက်သာသည်။မြန်မာများသည် ဘတ်စ်ကားစီးလျှင်
ခရီးဘယ်လောက်ဝေးဝေး အနိမ့်ဆုံးယာဉ်စီးခနှုန်းထား ပြား ၆၀ ခလုတ် ကိုသာနှိပ်ကြ
သည်။ ထို့ကြောင့် ထိုခလုတ်ကို ရွှေခလုတ်ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။ MRT ရ
ထားကတော့ ခိုးစီး၍မရ MRT Station အဝင်တွင် ကဒ်ထိုးလိုက်သည်နှင့် ကွန်ပျူတာစစ်
စတမ်က မှတ်ယူထားလိုက်ပြီး မိမိသွားလိုသည့် ဘူတာရောက်ပါက ကဒ်ထိုး၍ Station မှ
ပြန်ထွက်လိုက်သည်နှင့် ကွန်ပျူတာစစ်စတမ်က ခရီးစဉ်အကွာအဝေးအလိုက် တွက်ချက်
နှုတ်ယူထားလိုက်သည်။ကဒ်အသစ်စတင်ဝယ်ယူမည်ဆိုပါက ကဒ်တန်ဖိုး၂ ဒေါ်လာ အပါအ
ဝင် ၁၀ ဒေါ်လာ ပေးရသည်။ဘတ်စ်ကားနှင့် MRT ရထားကို ၈ ဒေါ်လာဖိုးစီးနင်းခွင့်ရှိသည်။
အပေါင် ၂ ဒေါ်လာ ထဲမှလည်း မိုင်းနပ်စ် (-) ပြသည်အထိ စီးနင်းခွင့်ရှိသည်။သို့သော် ကဒ်
ထဲတွင် လက်ကျန်ငွေကုန်သည်အထိတော့စီးခွင့်မရ မိုင်းနပ်စ်(-) တစ်ခါသာ စီးနင်းခွင့်ပြု
သည်။ကျွန်တော်သည် MRT ကဒ်လှလှလေးရထားပြီး ထိုကဒ်ကလေးကို ဈေးပေါပေါဖြင့်
သိမ်းထားလိုပါက ကဒ်ထဲတွင်လက်ကျန်ငွေ ကဒ်တန်ဖိုးအပါအဝင် ၂ ဒေါ်လာ ၂၀ဆင့်ဝန်း
ကျင်အထိရအောင်စီးပြီး နောက်ဆုံးခရီးရှည်တစ်ခုကို မိုင်းနပ်စ် (-) တစ်ခါပြသည်အထိ စီး
နင်းလိုက်ရာ ကဒ်ထဲတွင် ကဒ်တန်ဖိုးသိပ်မကျန်တော့ပဲသိမ်းထားလိုက်သည်။နောက်ထပ်
ကဒ်အသစ်တစ်ခုထပ်ဝယ်လိုက်သည်။ တစ်ခါတစ်ရံ ငွေကြေးပြတ်လပ်ပါက ၎င်း MRT ကဒ်
ကို Ticket Counter တွင်ကဒ်ထဲရှိသမျှ ပိုက်ဆံပြန်ထုတ်ခွင့်ရှိသည်။ ခရီးသွားပြည်သူများ
နှင့်နိုင်ငံသားများအတွက် လိုအပ်သမျှ လွတ်ကွက်ဟာကွက်မရှိအောင် စီစဉ်ဆောင်ရွက်ပေး
ထားသောကြောင့် စင်္ကာပူနိုင်ငံတွင် နေထိုင်ရသည်မှာ စိတ်ချမ်းသာမှုအပြည့်အဝရရှိသည်။
ထိုပွဲစား ၃ ယောက်သည် ရန်ကုန်မှ ဗိုလ်မှူးကြီးတစ်ယောက်၏ ညီကို ၃ သိန်းဖြင့်ရိုက်ပြီး
“စ ” တွင် အလုပ်ရှာမပေးသေးပဲ ပတ်စ်ပို့စာအုပ်ကို သိမ်းထားသည်။ထိုလူလည်း မနေချင်
တော့သဖြင့် စာအုပ်ပြန်တောင်းရာ ပွဲစား ၃ ယောက်ကမပေးပဲညစ်ထားသည်။ ထိုလူလည်း
ကျွန်တော်တို့အုပ်စုအား ငိုယိုအကူအညီတောင်းသဖြင့် ကျွန်တော်တို့အုပ်စုနှင့် ထိုပွဲစားများ
ပြဿနာ တက်တော့သည်။ ကိုကျွဲကြီးက တူတစ်ချောင်းကိုင်ပြီး မှန်များကို လိုက်ခွဲသည်။
ကျွန်တော်တို့လည်း အိတ်ကိုယ်စီဆွဲ၍ Guillemard Rd ဖက်သို့ထွက်ပြီး မိန်မိန်းအိမ်ရှိရာ
Cassia Cres သို့ ပြောင်းရွှေ့ခဲ့ကြရပြန်သည်။မိန်မိန်းသည်ထို Cassia Cres BLK 42
ခြောက်ထပ်တွင် အိမ်ခန်းငှားထားပြီး ဝင်းဗိုလ် ၊မင်းမင်းဦး ၊မျိုးအောင် ၊ကွမ်းသီး ၊အငယ်
လေးတို့နှင့်အတူနေသည်။ကျွန်တော်တို့အုပ်စုလည်း ထိုအိမ်သို့ရောက်သွားသဖြင့် Maph
-erson အုပ်စုများပြန်တွေ့ဆုံကြပြန်သည်။ ကိုဝင်းဗိုလ်တို့အုပ်စုသည် Mapherson မှ Joo
Chiat ဖက်သို့ပြောင်းသွာပြီး ယခုမှပြန်ဆုံကြရခြင်းဖြစ်သည်။မိန်မိန်းတို့အိမ်သို့ ကျွန်တော်တို့
အုပ်စု ပြောင်းရွှေ့ပြီး တစ်လဝန်းကျင်ခန့်တွင် ရွှေထက်နှင့်မျိုးလေးတို့ ပြဿနာတက်ကြ
သည်။ ထိုနေ့က တနင်္ဂနွေနေ့ဖြစ်မည်။အိမ်မှလူအားလုံး စုပြီးထမင်းချက်စားသည်။၁၂ နာရီ
ဝန်းကျင်ခန့် အားလုံး ထမင်းဝိုင်းစားနေကြစဉ် မျိုးလေးရောက်လာပြီး ရွှေထက်ကို ပြဿနာ
ရှာတော့သည်။ကျွန်တော်တို့ကလည်း ကိုယ်နှင့်မဆိုင်သဖြင့် ဘာမှဝင်မပြော။ မျိုးလေးက
အော်ကြီးဟစ်ကျယ်လုပ်ပြီး နံရံကို လက်ဖြင့်ထု စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်ဖြင့် ဝုန်းဒိုင်း
ကျဲနေသည်။ အခြားဘေးအခန်းများကို အားနာဖို့ကောင်းသည်။ဒီကောင်နားလည်မှုမရှိသော
ကြောင့် အခြားလူများပါ ဒုက္ခရောက်ကြရမည်ကို မစဉ်းစားမဆင်ခြင်ပဲ လုပ်ချင်ရာလျှောက်
လုပ်သည်။ အိမ်နီးချင်းများက ဆူညံသောကြောင့် ရဲတိုင်လိုက်သည်။အားလုံးထမင်းစားပြီး
သောအခါ မောင်မောင်ကျော် ၊ခေါင်းကြီး မင်းမင်းစိုး တို့ ၃ ယောက် ဘုန်းကြီးကျောင်း သွား
မယ်ဆိုပြီး ထွက်သွားကြသည်။ ကျွန်တော်ကတော့အိမ်မှာပဲနေခဲ့သည်။ ၄၅ မိနစ်ခန့်ကြာ
တော့ မင်းမင်းစိုးဖုန်းဆက်လာသောကြောင့် အားလုံးထိတ်လန့်တစ်ကြားဖြစ်ကုန်သည်။
မင်းမင်းစိုးဖုန်းဆက်ပြောသည်မှာ သူတို့ဘုန်းကြီးကျောင်းသွားရန်အောက်သို့ဆင်းပြီး လမ်း
တစ်ဖက်သို့ ကူးရန်ပြင်နေစဉ် BLK အောက်တွင်ရောက်ရှိစောင့်ဆိုင်းနေသော ရဲများက
ခေါ်ယူစစ်ဆေးကြောင်း ၊ခေါင်းကြီးမှာ Workpermit Copy ပြပြီးလွတ်သွားကြောင်း ၊မင်း
မင်းစိုးမှာ လမ်းကူးပြီးဖြစ်၍ ပြဿနာမရှိသော်လည်း မောင်မောင်ကျော်သည်လမ်းမကူးရ
သေးခင်သူ့ရှေ့တွင်ရဲကားထိုးရပ်သည်နှင့် မောင်မောင်ကျော်လည်း ကြောက်လန့်ပြီးထွက်
ပြေးတော့သည်။ရဲများကလည်း လိုက်ဖမ်းရာ တစ်နေရာအရောက် မောင်မောင်ကျော်ကိုရဲများ
ဖမ်းမိသွားသည်။ ထိုအကြောင်းများကို မင်းမင်းစိုးနှင့်ခေါင်းကြီးတို့ ဖုန်းဆက်ပြောပြ၍ သိရ
ခြင်းဖြစ်သည်။ကျွန်တော်တို့လည်း မဲကြီးပါသွာပြီဖြစ်သဖြင့် ထိပ်လန့်နေကြသည်။ ည ရ
နာရီခန့်တွင် ရဲ ၂ ယောက်နှင့်အတူ မောင်မောင်ကျော် လက်ထိပ်ခတ်လျှက်အိမ်သို့ရောက်
လာသည်။အားလုံးထိတ်လန့်တစ်ကြီး ပုန်းအောင်းကြရသည်။ အိမ်ရှေ့တွင်ကျွန်တော်နှင့်
ကွမ်းသီးနှစ်ယောက်သာ ကျန်ခဲ့သည်။မောင်မောင်ကျော်က
“ ကျွန်တော်ဘယ်လိုပြောပြော
ပြောမရလို့..အိမ်ကိုခေါ်လာရတာ..မျိုးလေးကြောင့်ဒီလိုဖြစ်တာ...”
ဟုငိုမဲ့မဲ့ဖြင့်ပြောပြသည်။
ရဲတွေကလည်း သဘောကောင်းကြပါသည်။မောင်မောင်ကျော်တွင် ဖိနပ်မရှိတော့။ထို့
ကြောင့် အနီးရှိ ဖိနပ်တစ်ရံဝတ်ပေးနေစဉ် ရဲကကျွန်တော့်ကို
“ ဘာနှင့်နေတာလဲ...”
“..ကျွန်တော်...ကျောင်းသားပါ...”
“ မင်း...ကျောင်းသားကဒ်...ခဏပြပါ..”
ကျွန်တော့်တွင်လောလောဆယ်ကျောင်းသားကဒ်မရှိကြောင်း ကျောင်းမှဆရာအားခေတ္တ
ပေးထားကြောင်း လျှောက်ပြောရာ ရဲက ကျောင်းသားကဒ်ကိုဆရာကိုပေးစရာအကြောင်း
မရှိကြောင်း မင်းလိမ်တာဟု ကျွန်တော့်ကိုပြောရာ ကျွန်တော်လည်းကြောက်လန့်ပြီး အ
ခန်းတွင်းသို့ဝင်ပြေးခဲ့ရလေသည်။အပြင်တွင်ကွမ်းသီးသာကျန်ခဲ့သည်။ ရဲက သိသော်လည်း
ကျွန်တော်တို့ကိုဘာမှမလုပ်ပါ။ ဝရံတာမှ ထွက်၍ ရဲကားသွားမသွားချောင်းကြည့်ပြီး ရဲကား
ထွက်သွားသည်နှင့်ကျွန်တော်တို့အုပ်စု အိတ်ကိုယ်စီဆွဲ၍ မိန်မိန်းအိမ်မှ ရွှေ့ခဲ့ကြပြန်သည်။
မိန်မိန်းလည်း ထိုအချိန်မှစ၍ ဒုက္ခရောက်ခဲ့ရသည်။အားလုံးက မျိုးလေးကိုမကြည်ကြ။မျိုး
လေးကြောင့် မောင်မောင်ကျော် အဖမ်းခံရသည်ဟု အားလုံးကရော ကျွန်တော်ကပါ သူ
ငယ်ချင်းများကို ပြောပြသည်။ထိုအချိန်က “စ” တွင် မိမိကြောင့်အခြားလူများ ဒုက္ခရောက်
ရသည်ဆိုလျှင်လူတိုင်းက နှာခေါင်းရှုံ့ကြသည်။ထိုလူမျိုးနှင့် အပေါင်းအသင်း အဆက်အဆံ
မလုပ်ကြ။လူရာမသွင်းလူကဲ့သို့မဆက်ဆံ စောက်မြင်ကပ်ပြီး စောက်ခွက်ရိုက်ချင်ကြသည်။
မဲကြီးကိုရဲစခန်းတွင်ထားပြီး မဲကြီးမှ ကိုဝင်းဇော်ဦးထံ လေယာဉ်လက်မှတ်လာပို့ပေးရန် ဖုန်း
ဆက်အကြောင်းကြားသဖြင့် ကိုဝင်းဇော်ဦးနှင့်ကိုဇော်ထွန်း တို့မှ လေယာဉ်လက်မှတ်ဝယ်ပြီး
မောင်မောင်ကျော်ထံ ပေးပို့လိုက်သောကြောင့် တစ်ပါတ်ခန့်အကြာတွင် မဲကြီး မြန်မာပြည်
သို့ပြန်ရောက်သွားသည်။မဲကြီးပြန်သွားပြီး တစ်ပါတ်ခန့်အကြာတွင် ကျွန်တော်နှင့်မျိုးအောင်
Changi ရှိမျိုးလေးတို့ ဆေးသုတ်ရာနေရာသို့ သွားကြရာ မျိုးလေးထွက်လာပြီး
“ ဟေ့ကောင်...သိန်းအေး...မဲကြီးအဖမ်းခံရတာ..ငါ့ကြောင့်လို့ မင်းကပြောတယ်ဆို...”
“ အေးလေ...ခင်ဗျားကြောင့်မဲကြီး အဖမ်းခံရတာပဲဟာ...ဒါအမှန်ပဲလေ..မဲကြီးကိုယ်တိုင်လဲ
ဒီအတိုင်းပဲပြောသွားတာပဲ...”
ခေါင်းကြီး ၊ရွှေထက် ၊ မင်းမင်းစိုး ၊ကိုသက်နိုင် ၊ မျိုးအောင် ၊တို့ရှေ့တွင် ကျွန်တော်အဲ့ဒီလို
ပြောလိုက်တာကြောင့် မျိုးလေး အောင့်သွားသည်။ မဲကြီးကို ရဲစခန်းမှာ ရဲတွေက မင်းတို့အ
ခန်းက ဆူညံနေတာကို ဘေးအခန်းက Conplain တက်လို့ လာရောက်ဖြေရှင်းပေးရန်BLK
အောက်တွင်စောင့်ဆိုင်းနေစဉ် ဓါတ်လှေကားထဲမှ မင်းတို့ဆင်းလာလို့စစ်ဆေးရတာ လို့ရဲ
တွေကပြောကြောင်း မဲကြီးအိမ်ကို သူ့အဝတ်အစားများလာယူစဉ် ပြောပြ၍သိရကြောင်း
များကို မျိုးလေးကို အားလုံးရှေ့တွင်ပြောပြလိုက်သည်။ ထိုအချိန်နောက်ပိုင်းမှစ၍ မျိုးလေး
နှင့်ကျွန်တော်တို့အုပ်စု ပါတ်သက်မှုသိပ်မရှိတော့ပဲ ကင်းကွာသွားတော့သည်။ကျွန်တော်တို့
လည်း မိန်မိန်းအိမ်မှ Geylang Lor 25 (A) ကိုဆန်းမင်းအိမ်သို့ပြောင်းရွှေ့ခဲ့ကြသည်။ကို
ဆန်းမင်းအိမ်တွင် တစ်လခန့်နေပြီး Geylang Lor 26 ကိုမြင့်မိုးနှင့် ကိုကျော်ကျော်မိုး တို့
အိမ်သို့ထပ်မံပြောင်းရွှေ့ခဲ့ကြပြန်သည်။

Monday, September 20, 2010

နှစ်ဆယ် ကော်ပီ

စာမျက်နှာ နှစ်ဆယ်

သီချင်းတီးခတ်သီဆို၍ပြီးတော့ အားလုံးမောဟိုက်ပင်ပန်းနွမ်းနယ်သလို ခံစားနေကြရပြီး
သီချင်းသံစဉ်စာသားထဲတွင် စီးဝင်နစ်မျောခံစားနေမိသော အတွေးအာရုံတို့လည်း ပြန်လည်
နိုးထလာခဲ့ကြသည်။ ကိုဝင်းဗိုလ်လည်း သီချင်းသီဆိုတီးခတ်လိုက်ရသောကြောင့် အကွဲပြေ
သွားသဖြင့် လေးလံအက်ကွဲသောလေသံဖြင့်
..“ လုပ်ပါဦး...တစ်ပြောင်းလောက်....ဆွဲကြရအောင်...ကိုသိန်းအေး...အရင်ဆွဲ....”
..“ လုပ်ပါ...ကိုဝင်းဗိုလ် လုပ်ပါ ....”
..“ ရပါတယ်..ကိုသိန်းအေး ဆွဲပြီးမှ..ကျွန်တော် ဆွဲမယ်...”
သို့နှင့် ကိုရဲ (ရဲထွဋ်ကျော် )ပြောင်းထဲသို့ ရောသမနယ်ထားသော စီးကရက်ဆေးသားနှင့်မုတ်
( ဆေးခြောက် )ကို ထည့်ပြီး ကျွန်တော့်ထံသို့ ထိုးပေးသဖြင့် ပိုက်လုံးအရင်းကို လက်တစ်ဖက်
ဖြင့်ကိုင်၍ ပါးစပ်တွင်တေ့လိုက်ပြီး ကျန်လက်တစ်ဖက်က ပိုက်လုံးထိပ်ပြောင်းဝရှိရာသို့ ကိုင်
လိုက်သည်နှင့် ကိုရဲက မီးခြစ် ခြစ်ပြီး မီးညှိပေးသည်။ကျွန်တော်လည်းအားရပါးရ ရှိုက်ဆွဲလိုက်
သည်။မီးခိုးငွေ့တို့ အလုံးလိုက် အဆုတ်အတွင်းသို့ ဝင်သွားပြီး အသက်ကိုအောင့်၍ မီးခိုးငွေ့
များ အပြင်သို့ပျံ့လွင့်မသွားအောင် ထိန်းထားရသည်။သို့နှင့် တစ်ယောက်ပြီးတစ်ယောက် အ
လှည့်ကျရှူကြသည်။ တစ်ယောက်ကို ၂ ပြောင်း ၃ ပြောင်းဆွဲပြီးသည်နှင့် ရီဝေဝေမျက်လုံးများ
မှာ အရည်ရွှန်းလဲ့လို့နေသည်။အားလုံးလည်း ကွဲနေကြသည်။ ပိုက်လုံးဖြင့် ပြုလုပ်ထားသော
ပြောင်းကို အခန်းထောင့်တွင် သေချာထားပြီး စာရွက်ပေါ်တွင် ရောသမနယ်ထားသော ဆေး
သားများကို ထုပ်သိမ်းလိုက်ပြီး ချီးပုံးအောက်သို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။မုတ်ရှူဘို့
ပြောင်းလုပ်ရာတွင် အမှန်တစ်ကယ်မှာမူ ကြံဆစ် ၊ ရွှံ့ ၊ အာလူး တို့နှင့် အလျှဉ်းသင့်သလိုပြု
လုပ်ကြရသည်။ကျွန်တော်တို့ စရှူကာစက ခေါင်းလျှော်ရည်ဗူးကို အနံ့ပျောက်အောင် ဆေး
ကြောပြီး ရှူကြသည်။ခေါင်းလျှော်ရည်အနံ့သည် တော်ရုံနှင့်မပျောက်ပေ။နောက်ပိုင်းတွင် ကို
ကျွဲကြီး က ပိုက်လုံးဖြင့် ပြုလုပ်လိုက်သဖြင့် အားလုံးအဆင်ပြေသွားသည်။ကျွန်တော်တို့အိမ်
တွင် အတူနေထိုင်ပြီး ဆေးခြောက်ရှူဖူးသူတိုင်း ပိုက်လုံးကြီးကိုမမေ့နိုင်အောင် အမှတ်ရကြ
သည်။ ရန်ကုန်တွင် တစ်ဦးနှင့်တစ်ဦး မတော်တဆ ဆုံတွေ့မိပါက ..“ ဟိုပိုက်လုံးကြီးကော..”
ဟု မေးတတ်ကြသည်။
ကျွန်တော် စင်္ကာပူ နိုင်ငံသို့ ၁၉၉၅ နှစ်စပိုင်းလောက်တွင် ရောက်ရှိခဲ့သည်။ကျွန်တော်နှင့်မောင်
မောင်ကျော် တို့သည် ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ရောက်ရှိခဲ့
ကြသည်။ လေယာဉ်ပေါ်မှဆင်းပြီး အော်တိုရွှေ့လျှားလျှောက်လမ်းဖြင့် Immigration Count
-er ရာသို့ ခရီးသည်များနှင့်အတူ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ Counter စုစုပေါင်း ၄/၅ ခု
ခန့် ရှိသော်လည်း တန်းစီရပ်စောင့်ရသည်။မောင်မောင်ကျော်နှင့်ကျွန်တော်သည် တစ်ကွဲတစ်
ပြားစီ တန်းစီလိုက်ကြသည်။မောင်မောင်ကျော်က ကောင်တာ ၄၊ ကျွန်တော်ကကောင်တာ ၅
တွင် တန်းစီလိုက်ကြသည်။တန်းစီနေရင်း ရင်တွေ တစ်ဒိတ်ဒိတ်ခုန်လာပြန်သည်။လေဆိပ်ထဲ
တွင် Air Con ၏ အအေးဓါတ်က လွှမ်းခြုံထားသော်လည်း ကျွန်တော်တို့မအေးနိုင်ပဲ ချွေးပျံနေ
ကြသည်။ကောင်တာရောက်တော့ မောင်မောင်ကျော်က အရင်ထွက်နှင့်ပြီးကျွန်တော့်ကို ရပ်
စောင့်နေသည်။ကောင်တာမှကျွန်တော့်ကို “အလည်လာတာလား..ရှိုးမန်းနီးဘယ်လောက်ပါ
သလဲ..” မေးသဖြင့် ကျွန်တော့်တွင် US 1000 ခန့်ပါကြောင်းပိုက်ဆံအိတ်ကိုဖွင့်ပြရသည်။
Officerမှခေါင်းညိတ်ပြပြီး ဒုံးကနဲ ဝင်ခွင့်တုံးထုပေးပြီး ဝင်ခွင့်ပြုလိုက်သည်။ကျွန်တော်လည်း
Thank You ပြောပြီးမောင်မောင်ကျော် ရှိရာသို့ အိတ်ဆွဲပြီး ထွက်လာခဲ့သည်။အခုမှရင်ထဲပေါ့
ပါးသွားသည်။ကျွန်တော်တို့ကို လေဆိပ်တွင် မကွေးမြို့သားများဖြစ်ကြသော ကိုဝင်းဇော်ဦးနှင့်
ကိုဇော်ထွန်းတို့ လာကြိုကြသည်။ကျွန်တော်တို့ ချန်ဂီလေဆိပ်မှ Taxi ငှားပြီး ကိုဝင်းဇော်ဦးတို့
နေထိုင်ရာ BLK 72 KALLANG BAHRU သို့ထွက်လာခဲ့ကြသည်။ နောက်တစ်နေ့ တွင် ကိုဝင်း
ဇော်ဦးမှ သူ့အသိ Mapherson Rd ပေါ်ရှိ Mapherson Flat ဒုတိယထပ်သို့ Taxi ငှားပြီး
လိုက်ပို့ပေးသည်။ရောက်ရောက်ခြင်းတော့ အလုပ်မရှာကြသေးပဲ လျှေက်သွားကြသည်။
ကျွန်တော်တို့ Mapherson Flat တွင်နေထိုင်ပြီး တစ်ပါတ်ခန့်ကြာသောအခါ သတင်းစာတွင်
ပါသော အလုပ်ကြော်ငြာကိုဖတ်ပြီး အိမ်သူကြီးအားဖုန်းဖြင့်ဗျူးခိုင်းပြီး ကျွန်တော်နှင့်မောင်
မောင်ကျော်တို့ နှစ်ယောက် Bishan MRT အနီး Jalan Pemimpin ရှိ Union Industrial Bldg
မှ “ Mithy Mind Pte. Ltd ” ရုံးခန်းသို့ ကိုယ်တိုင်သွားဗျူးသည်။ကုမ္ပဏီပိုင်ရှင်သူဌေးနှင့်အခြေ
အတင် ဆွေးနွေးပြီး ကျွန်တော်တို့ကို တစ်လ စင်္ကာပူဒေါ်လာ ၉၀၀ ဖြင့် အလုပ်ခန့်လိုက်သည်။
အလုပ်မှာအတော် သက်သာသည်ဟုပြောရမည်။ကျွန်တော်တို့ ကုမ္ပဏီသည် ဟောင်ကောင် ၊
ထိုင်ဝမ် ၊ ဂျပန် ၊စသော နိုင်ငံများသို့ မူလတန်းကလေးများ ပညာသင်အထောက်အကူအဖြစ်
ပညာရေးနှင့် ဆက်စပ်သော စာအုပ်စာပေများ ထုတ်လုပ်တင်သွင်းသော ကုမ္ပဏီ ဖြစ်သည်။
ကျွန်တော်တို့က ကလေးများစာသင်ရာတွင် ပုံစံပြ စာရွက်များအား ပလတ်စတစ် ပုံလောင်း
ပေးရသည်။ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိအလုပ်ဆင်းရသည်။အလွန်သက်သာသော
အလုပ်ပင်။ စနေနေ့တစ်ဝက် တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်များပိတ်သည်။ထိုရုံးတွင်
လုပ်လာသည်မှာ ၂ လခန့်ကြာ သောအခါ World Trade Centre တွင် နိုင်ငံတစ်ကာစာအုပ်
စာပေပြပွဲ လုပ်သည်။ ထိုပြပွဲတွင် ကျွန်တော်တို့ကုမ္ပဏီကလည်း ကုမ္ပဏီထုတ် စာအုပ်စာပေ
များ ပြပွဲတင်ရောင်းချသည်။ ပြပွဲတွင် ရောင်းအားကောင်းသော ပစ္စည်းများကို သူဌေးကပြခန်း
မှ ရုံးခန်းရှိ မန်နေဂျာအမျိုးသမီးထံ ဖုန်းဆက်ပြီး ရောင်းအားနည်းသောပစ္စည်းများကို ခေတ္တရပ်နားပြီး
ရောင်းအားကောင်းသောပစ္စည်းများအား များများပြီးအောင်လုပ်ခိုင်း သည်။ကျွန်တော်တို့ အလုပ်လုပ်ရာ
အခန်းတွင်းသို့ မန်နေဂျာ အမျိုးသမီး ရောက်လာခိုက်မောင်မောင်ကျော် အိမ်သာသွားနေ
သည်။မန်နေဂျာပြောသွားသည့်အတိုင်း လုပ်ရန်မောင်မောင်ကျော်အားပြောရာ သူကပြော
သည့်အတိုင်းမလုပ် ကျွန်တော်ပြောသည်ကို ကျွန်တော့်ကို ဆရာကြီးလုပ်ပြီးပြောသည် ဟု
ထင်ပြီး မန်နေဂျာမှာသည့်အတိုင်း မလုပ်ပဲ နေ့စဉ်လုပ်နေကျအတိုင်းသာလုပ်နေသည်။ ညနေ
၅ နာရီခန့် သူဌေးရောက်လာပြီး သူလုပ်ခိုင်းထားသော ပစ္စည်းများလာယူရာ ပြဿနာတက်
တော့သည်။အရေးပေါ်သူလိုအပ်သော ပစ္စည်းများမပြီးစီးသဖြင့် ဒေါပွပြီး မန်နေဂျာမ ကိုဆူ
တော့သည်။မန်နေဂျာမကလည်း ငိုယိုလျှက် ကျွန်တော်တို့အားသူပြောကြောင်း၊သူတို့က ပြော
တဲ့အတိုင်းမလုပ်ကြောင်း သူဌေးကို ရှင်းပြတိုင်တန်းသည်။နောက်ပိုင်းတွင် ကျွန်တော်တို့ကိုအ
လုပ်ဖြုတ်လိုက်သည်။ကျွန်တော်လည်း မောင်မောင်ကျော်ကို အတော်စိတ်ပျက်သွားသည်။
အပြန်လမ်းတစ်လျှောက် မောင်မောင်ကျော်ကို ကျွန်တော်တင်းပြီး စွတ်ကောပစ်လိုက်သည်။
ကျွန်တော့်ဘဝတွင် သူဌေးမကြိုက်၍ အလုပ်ပြုတ်တာ ဒီတစ်ခါပဲရှိကြောင်း ဒီလောက်ကောင်း
သောအလုပ်ပြုတ်ရသည်မှာ ခင်ဗျားအသုံးမကျ၍ဖြစ်ကြောင်း ခင်ဗျားညံ့ဖျင်း၍ဖြစ်ကြောင်း
ကျွန်တော်မောင်မောင်ကျော်ကို အပြတ်ကောသည်။သူကလည်း ဟုတ်နေသဖြင့် ငြိမ်နေသည်။
ထိုအလုပ်ပြုတ်ပြီး ကျွန်တော်တို့နှင့်တစ်ခန်းတည်းအတူနေထိုင်သူ မျိုးလေးက သူ့ဆေးသုတ်
အလုပ်သို့ ခေါ်သွားသည်။ကျွန်တော်တို့မျိုးလေးနှင့်အတူ ဆေးလိုက်သုတ်ကြသည်။တစ်နေ့
၄၀ ရသည်။မျိုးလေးက အလုပ်သွင်းပေးခ လုပ်ခထဲမှ တစ်နေ့ ၅ ဒေါ်လာဖြတ်သည်။မျိုးလေး
၏ ဆေးသုတ်အလုပ်သည် လူအင်အားအများအပြားလိုအပ်သဖြင့် အိမ်တွင်ရှိသမျှ အလုပ်မရှိ
ဂိန်နေသူများကို သူ့အလုပ်တွင်ခေါ်၍ ဆေးသုတ်ခိုင်းသည်။ထို့ကြောင့် သူ့အတွက် တွက်ချေ
အတော်ကိုက်သည်။ (လုပ်ခထဲမှ ခေါင်းပုံဖြတ်ယူသောကြောင့် သူလည်းသက်ဆိုးမရှည်ပါ။
အသက် ၄၀ ခန့်တွင် AIDS ရောဂါဖြင့် သေဆုံးသွားသည်။)
ကျွန်တော်တို့နေထိုင်သော Mapherson Flat သည် 3Room 1Hall အိပ်ခန်း ၃ခန်း ပါသော
အိမ်ခန်းဖြစ်သည်။ကျွန်တော်တို့အခန်းတွင် မျိုးလေး ၊ကျွန်တော် ၊မောင်မောင်ကျော် ၊ခေါင်းကြီး
တို့နေပြီး တစ်ဖက်ခန်းတွင် ဝင်းဗိုလ် ၊မျိုးအောင် ၊မင်းမင်းဦး ၊အငယ်လေး ၊မိန်မိန်း တို့နေကြ
သည်။ကျန်အခန်းမှာ အိမ်သူကြီးနေသည်။ အပြင်ဖက်တွင် ကိုသက်နိုင်(ကချင်ကြီး) ရွှေထက်
(ထက်ကြီး) တို့နေသည်။အားလုံးမိုးလင်းသည်နှင့် မျိုးလေးနှင့်အတူဆေးလိုက်သုတ်ကြသည်။
အငယ်လေးနှင့်မိန်မိန်းတို့က အလုပ်ရှိသဖြင့် မလိုက်။သူတို့လည်းလိုက်၍မရပါ ၂ ယောက်စ
လုံး အခြောက်များဖြစ်သောကြောင့်ပင်။သဘောထားလေးတွေတော့ကောင်းကြပါသည်။ အား
လုံးဆေးသွားသုတ်လိုက်ကြ ပြန်လာလိုက်ကြ ချက်ပြုတ်စားလိုက်ကြ သောက်လိုက်ကြဖြင့်
ပျော်စရာတော့အကောင်းသား။
တစ်နေ့ကျွန်တော်တို့ ပိုက်ဆံစုပြီး စပါးနှံအရက်ဖြူဝယ်သောက်ကြသည်။ထိုအရက်သည် အ
တော်ပြင်းသည် ကျွန်တော် မောင်မောင်ကျော် မျိုးအောင် ကချင်ကြီး ဝင်းဗိုလ် မင်းမင်းဦး တို့
အားလုံးထိုအရက်သောက်ပြီး အမူးလွန်ကုန်ကြသည်။မောင်မောင်ကျော်အမူးလွန်ပြီး ရမ်းကား
တော့သည်။အော်ကြီးဟစ်ကျယ်လျှောက်ပြောသည်။အိမ်သူကြီးက ကြောက်ပြီး သူ့အိမ်တွင်မ
ထားနိုင်ကြောင်း ကျွန်တော့်ကိုပြောသည် ကျွန်တော်နှင့်အတူပါလာသဖြင့် ကျွန်တော်ပါမျက်နှာ
ပျက်ရသည်။နောက်တစ်နေ့မှစ၍ ကျွန်တော်တို့ ထိုအိမ်မှ ရွေ့ကြရတော့သည်။

Sunday, September 19, 2010

တစ်ဆယ့်ကိုး( အသစ် )

စာမျက်နှာ တစ်ဆယ့်ကိုး
မနေ့က တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဆိုင်တွင်အတော်ရောင်းကောင်းသည်။ဒီမနက်ခြံထဲ
တွင်အမှိုက်များရှုပ်ပွနေသည်။ထို့ကြောင့် ဆိုင်အလုပ်သမားလေးများကို အမှိုက်ရှင်းခိုင်းပြီး
ကျွန်တော်ကိုယ်တိုင် ဝင်ကူသည့်အနေဖြင့် ရေပိုက်ဖြင့်သစ်ပင်များကို ကူညီရေဖျန်းပေးနေ
သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး အေးချမ်းတိတ်ဆိတ်လို့နေသည်။တစ်ခါတစ်ရံသာ လမ်းမ
ကြီးပေါ်မှ ကားဖြတ်သွားသံများကိုသာ ကြားရသည်။အဝေးတစ်နေရာမှ ပျံ့လွင့်လာသော





တေးသံကြောင့် အာရုံစိုက်နားစွင့်မိသည်........


နံနက်ခင်း....ဆီးနှင်းတို့ဝေးမလွင့်မီ.....နေရောင်ခြည်အရှေ့အရပ်ကအကြိုဆိုက်ပြီ......
မကြည်လင်တာတွေ....မှောင်ရိပ်ထဲသိပ်ခဲ့ကွယ်...မကြာခင်ဆိုရင်မိုးလင်းနိုးထတော့မယ်..

ဝေဟင်ပေါ်...ပျံသန်းတဲ့ငှက်ကလေးတွေ....ဘယ်ဆီမှာဆင်းသက်တစ်ထောက်ခိုနားမယ်...
နဒီမင်္ဂလာ...ခြေသွားလမ်း..ကမ်းတစ်ဖက်မှာ...လေပြည်အလာ......
ပန်းရနံ့တို့.... သင်းပျံ့နေ............

ဟိုတစ်ဖက်ကမ်းက...တရားဒေသနာ....အာရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုလေလား.....
ပူလောင်ကျွမ်းတဲ့..နှလုံးသားကိုယ့်အသည်းကို...
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ......

ငြိမ်သက်အေးချမ်းတိတ်ဆိတ်နေတဲ့ အာရုဏ်ဦးကလေး...နေရောင်ကလည်းမပီ့တပီ....
ညအမှောင်ကလည်း လွင့်ပျယ်မသွားခင်....မိုးမသောက်မှောင်ရိပ်မပြေးမီ ( ဆရာငြိမ်းကျော်
၏ ဝတ္ထုခေါင်းစဉ် ) အချိန်ကလေး...ထိုအချိန်ကလေးမှာပင်..အဝေးမှရှုခင်းများ...ခပ်လှမ်း
လှမ်းမှ..အရိပ်အရောင်များသည်...ဆီးနှင်းတို့ကြောင့်...မပီပြင်ဝေဝါးမှုန်မှိုင်းလျှက်...ကုန်
လွန်ခဲ့ပြီဖြစ်တဲ့..ဘဝတစ်လျှောက်လုံးမှာ...ရုန်းကန်လှုပ်ရှားခဲ့ရတာတွေ....မအောင်မြင်ကျရှုံး
ခဲ့ရတာတွေ...အခက်အခဲဒုက္ခ...ပင်ပန်းဆင်းရဲခဲ့ရတာတွေ....ဘဝကြင်ဖေါ်နဲ့လွဲခဲ့ရတာတွေ...
မပီပြင်တဲ့ဘဝ ရပ်တည်ဖြတ်သန်းခြင်း...လှိုင်းထန်ခဲ့တဲ့ဘဝကို...ပင်ပန်းကြီးစွာ ကြိုးစားရပ်
တည်ခဲ့ရတာတွေကို ပြန်လှန်သုံးသပ်ရင်း...ရှေ့ဆက်ရမဲ့ ခရီးအတွက်...အတိတ်ကိုအတိတ်
မှာထားရစ်ခဲ့ပြီး ထွက်ပြူလာမဲ့ နေရောင်ခြည်နှင့်အတူ အနာဂတ်ဘဝအတွက် ပြင်ဆင်နိုင်
ဘို့ ကြိုးစားရင်း မျှော်လင့်ခြင်းအလင်းရောင်တွေ...ရည်မှန်းချက်ပန်းတိုင်တွေ...ရရှိမဲ့အခွင့်
အရေးတွေ...ရှေ့ဆက်ရမဲ့ခရီးအတွက်..ရင်ဆိုင်ဖြတ်သန်းကျော်ဖြတ်နိုင်ဖို့...ခွန်အားသစ်ကို..
မွေးဖွားကြရတော့မယ်.........

ဖြတ်သန်းကုန်လွန်ခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ ပင်ပန်းဆင်းရဲခဲ့ရတာတွေအတွက် ခေတ္တ
ခဏပဲဖြစ်ဖြစ်...အချိန်ကာလလေးတစ်ခုပဲဖြစ်ဖြစ်...မသေခင်အချိန်အထိ ရုန်းကန်ရမဲ့ ဘဝ
အတွက်....ခရီးတစ်ထောက်လောက်တော့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဘဝအ
ခြေခိုင်နိုင်စေဖို့ ရှေ့ခရီးအတွက် တင်ကြိုအားအင်သစ်တွေမွေးဖွားနိုင်ဖို့ စဉ်းစားတွေးတော
နေရင်း...မြစ်ကမ်းနံဘေးတစ်လျှောက် လူသွားလမ်းဘေးမှ စိုက်ပျိုးပြုစုပျိုးထောင်ထားတဲ့
ပန်းဥယျာဉ်ကလေးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်နှင့်အတူ စွဲမက်ဖွယ် ပန်းရနံ့
များ မွှေးထုံ ပျံ့သင်းလို့နေပါတော့တယ်........

ဒီလိုငြိမ်သက်အေးချမ်းတိတ်ဆိတ်နေတဲ့ အာရုဏ်ဦးအချိန်ကလေးမှာ တစ်ယောက်တည်း
အထီးကျန်...နာကျင်စွာဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံးကို အပြန်ပြန်အလှန်လှန် သုံး
သပ်နေစဉ်မှာပင် မြစ်တစ်ဖက်ကမ်းမှ မပီဝိုးတဝါး လွင့်ပျံ့လာတဲ့ မြတ်စွာဘုရာရှင်ကိုယ်
တော်မြတ်ကြီး၏ တရားဒေသနာတော်တို့ကို သံဃာတော်တို့မှ ရွတ်ဖတ်သရဇ္စာယ်သံကိုကြား
လိုက်ရသဖြင့် ငြိမ်သက်အေးချမ်းသာယာလျှက်ရှိသော အာရုဏ်ဦးကလေးကို ပို၍ ပဏာရ
တင့်တယ်စေလျှက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံဂုဏ်တင့်နေစေတော့သည်.....။
ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး ပူပင်သောကရောက်ခဲ့ရတာတွေ.....ဝမ်းနည်းပူဆွေး
ခဲ့ရတာတွေ..အချစ်အတွက်ပူလောင်ကြေကွဲ ခံစားခဲ့ရတာတွေ...ရှုံးနိမ့်ခဲ့ရတာတွေ...လမ်းစ
ပျောက်ခဲ့ရတာတွေ...အားလုံးကိုခဏမေ့ထားပြီး....အခုလို ငြိမ်သက်အေးချမ်းတိတ်ဆိတ်
သာယာလှတဲ့ နံနက်ခင်းအာရုဏ်ဦးအချိန်ကလေးမှာ....ငြိမ်းအေးမြင့်မြတ်တဲ့ ဓမ္မတရားတော်
ကိုနာယူမှတ်သားရင်း....ခေတ္တချွေးသိပ်ထားပါရစေလားကွယ်.......

CHOး အပိုဒ် ပြီးသည်နှင့် SOLO အတီး အပိုဒ်ဝင်လာသည်..
ဂစ်တာအိုးပေါ် မေးတင်လျှက် ဂစ်တာကြိုးပေါ် ပြေးလွှားဆော့ကစား တီးခတ်နေသော လက်
ချောင်းကလေးများကို ကြည့်ငေးရင်း မျက်စိထဲမှ ကိုခင်ဝမ်းသီချင်း၏ ပုံရိပ်ယောင်တို့ကို မြင်
ယောင်ထင်ယောင်နေမိတော့သည်။ Rythm ကို ကိုဝင်းဗိုလ်က ပီပြင်စွာခပ်ငြိမ့်ငြိမ့် တီးခတ်
လျှက် အခန်းတွင်းရှိ လူအားလုံးလည်း သီချင်းသံစဉ်စာသားနောက်သို့ စီးမျောခံစားလျှက်
အသက်ရှူ ဘို့ရာမေ့နေသကဲ့သို့ ချောင်းဟန့်သံ စကားပြောသံများ တိတ်ဆိတ်လျှက် အခန်း
တွင်းဝယ် ဂစ်တာတီးခတ်သံတို့ကသာ လွှမ်းမိုးကြီးစိုးလို့နေပါတော့တယ်.....
ရည်ရွယ်ရာ...ခရီးလမ်းဆုံးမရောက်သေးမီ.....ကြင်နာသူ တွဲလက်ဖျက် အဖော်မဲ့ပြီ....
( အခြားတစ်ယောက်နဲ့ ကျန်ရစ်ပြီ ) ...
ယုံကြည်တာတွေ...ပျောက်ဆုံးလို့ဝေးမသွားခင်...ဒီရင်ခွင်မှာ...မင်းအမြဲတိုးစိုးမိုးနေ...
( မင်းအရိပ်တို့ စိုးမိုးနေ )......................

တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ အပျို လူပျို ဖော်ဝင်စ အချိန်ကတည်းက သွားအတူလာ
အတူ ...ဘဝအခြေခိုင်ဘို့ ကြိုးစားရုန်းကန်ရင်း နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်ဘို့ ချစ်
ရည်တူမျှခဲ့တဲ့ ဘဝလက်တွဲဖေါ် ရင်နင့်အောင်ချစ်ခဲ့ရတဲ့ချစ်သူက မိမိနှင့်လက်တွဲဖြုတ် အခြား
တစ်ပါးသူရင်ခွင်တွင် ပျော်မွေ့ကျန်ရစ်ခဲ့ပြီး..ကိုယ်မှာတော့ တစ်ယောက်တည်း အထီးကျန်
လျှက် တစ်နေ့နေ့ တစ်ချိန်ချိန် မိမိရင်ခွင်တွင်း ပြန်လာနိုးပြန်လာနိုး နှင့်စောင့်မျှော်နေရင်း
နေ့ရက်တိုင်း အချိန်တိုင်း မင်းနဲ့အတူ သွားခဲ့ လာခဲ့ စားသောက်ပျော်မြူးခဲ့ ကြည်နူးခဲ့တာ
တွေကို ပြန်လည်မြင်ယောင် တမ်းတရင်း ကိုယ့်ဘဝတစ်လျှောက်လုံး မင်းသာလျှင် စိုးမိုးလို့
နေပါတော့တယ်........ဒီဝေဒနာ ခံစားချက်တို့ ဘယ်အချိန်ထိအောင် နှိပ်စက်ခံနေရဦးမယ်မသိနိုင်တော့ပါဘူးလေ......
ဘဝရဲ့တည်ငြိမ်အေးချမ်းမှုတို့ကို အာသာငမ်းငမ်း လိုချင်တောင့်တနေမိပါတော့တယ်..........။

Thursday, September 16, 2010

ကော်ပီ ၁ ( အပိုင်း တစ် )

အပိုင်း ( ၁ ) ရင်ကိုအကြီးအကျယ်ရိုက်ခတ်စေသော ကြော်ငြာ ဒီနေ့တနင်္လာနေ့ဖြစ်သောကြောင့် ညကအိပ်ရေးဝအောင်အိပ်ပစ်လိုက်သည်။ မနက်အိပ်ယာထ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး နံနက်စာထမင်းကြော်နှင့် ကြက်ဥကြော်ကို စားသောက်ပြီး လမ်းထိပ်လက်ဘက်ရည်ဆိုင်သို့ ထွက်ခဲ့သည်။ ၁၀နာရီတောင်ကျော်နေပြီလက်ဘက်ရည်ဆိုင်သို့ရောက်သည်နှင့် လက်ဘက်ရည်တစ်ခွက်နှင့်ဆေးလိပ်တစ်ပွဲမှာလိုက်ပြီး ဆိုင်မှဖွင့်သောသီချင်းသံစဉ်နောက်သို့စိတ်အစဉ်ကိုလွင့်မျောထား လိုက်သည်။ ထိုအခိုက်ငယ်သူငယ်ချင်းထင်ကျော်ရောက်လာသည်။ .. “ဟာ..ဟေ့ကောင်ထင်ကျော်...လာ... ထိုင်ဘာသောက်မလဲ”.......။ ........“လက်ဘက်ရည်တစ်ခွက်ကျစိမ့်”............ ထင်ကျော်ဆိုင်မှစားပွဲထိုးလေးကိုလှမ်းမှာလိုက်သည်။ ခဏကြာသော်စားပွဲထိုးလေးမှလက်ဘက်ရည်လာချပေးသည်။ .........“မင်းဒီနေ့...ဆိုင်မသွားဘူးလား”.......... .......“အင်း.....သွားတော့သွားမယ်....ဒါပေမဲ့...နောက်ကျမှသွားမလားလို့..... ဆိုင်မှာငါ့သူငယ်ချင်းရှယ်ယာဝင်ရှိလိမ့်မယ်”......။ ........“ခုလိုစားသောက်ဆိုင်တွေမှိုလိုပေါက်နေတဲ့အချိန်မှာ..မင်းဆိုင် အခြေအနေ ကောင်းသားပဲ”.........။ .....“.အင်း........ကံလိုက်တယ်ပဲပြောရမလား...ကိုယ့်ဆိုင်မှာလာစားတဲ့ စားသုံးသူတွေကိုစေတနာထားပြီးထိုက်တန်တဲ့ဝန်ဆောင်မှု ပေးနိုင်တာကြောင့်လို့ထင်တာပဲ”.......။ ပြောပြီးလက်ဘက်ရည်တစ်ငုံသောက်လိုက်ပြီး ခံတွင်းရှင်းသွားအောင်ဆေးလိပ်ရှိုက်ဖွာနေရင်း စားပွဲပေါ်ရှိယနေ့ထုတ်နေ့စဉ်သတင်းစာကို ဟိုလှန်ဒီလှန်အကြောင်းမဲ့လျှောက်ကြည့်နေရာမှ ကြော်ငြာစာမျက်နှာသို့အရောက်ကြော်ငြာများကြားမှ ....“အောင်သိဒ္ဓိ”..... ဟူသောကြော်ငြာ၏အောက်နားတွင် .... “စကြရအောင်သူငယ်ချင်း”........ ကြော်ငြာကိုတွေ့လိုက်ရသဖြင့်မှင်တက်ငေးမောတွေဝေသ လို ဖြစ်သွားမိသည်.....။ .......“အင်း....လုပ်ငန်းစဖို့တော့အချက်ပေးနေပြီ.... ငါတော့စီစဉ်စရာရှိတာတွေစီစဉ်ရတော့မယ်”...စိတ်ထဲမှရေရွတ်မိတော့သည်.............................။

ကော်ပီ ၂

စာမျက်နှာ နှစ်

..........၁၉၉၁...ဝန်းကျင်

“သိန်းအေး...မင်းအားရင်ငါနဲ့ခဏလိုက်ခဲ့..ပတ်(စ်)ပို့ရုံးသွားမလို့...”
...“ မင်းထမင်းကျွေးမှာလား....”
....“ဒါလေးများ.....ရပါတယ်ကွာကျွေးတာပေါ့.....”
ဗိုလ်ချုပ်ဈေးသစ်ရှိအထည်ဆိုင်တစ်ဆိုင်တွင်အရောင်းအလုပ်သမားအဖြစ်
ကြည်စိုးတစ်ယောက်လခစားဝင်လုပ်နေသည်မှာ၅နှစ်သာသာခန့်ရှိနေပေပြီ...။
မြို့ထဲတွင်အလုပ်ဆင်းရသောကြောင့်ဒီကောင်ဗဟုသုတစုံသည်လူပေါင်းစုံဖြင့်
တွေ့ထိဆက်ဆံရသဖြင့်သတင်းစုံကြောင်းစုံကိုသိနေသူဖြစ်ုသည်။
ယနေ့ခေတ်သည်သင်္ဘောသားများခေတ်မစားတော့ပဲကုန်းပေါ်တွင်
အလုပ်လုပ်ကိုင်သောခေတ်ဖြစ်နေသည်။ဂျပန်၊ထိုင်ဝမ်၊ကိုရီးယား၊မလေးရှား
စသည့်နိုင်ငံများသို့သွားရောက်၍အလုပ်လုပ်ကိုင်သူများတနေ့တခြားများများလာသည်။
ကျွန်တော်ကတော့သိပ်မသိသေး။ဒီကောင်ကြည်စိုးကတော့အခြေအနေ
အကြောင်းစုံကိုသိနေသူဖြစ်သောကြောင့်မလေးရှာမှာသွားအလုပ်လုပ်ဖို့
ကြိုးစား နေသည်။ဂျပန်ကတော့သိပ်မကပ်နိုင်၊၅သိန်းခန့်ပေးနိုင်မှရမည်။
ထိုင်ဝမ်ကလည်းဝင်ရဖို့သိပ်မလွယ်၊
ကိုရီးယားကလည်းဗီဇာဖြင့်ဝင်နိုင်ရန်မလွယ်ကူပေ။
ကိုရီးယားသို့လူ၁၀၀သွားလျှင်လေးငါးဆယ်ယောက်လောက်သာကံစွတ်ပြီး
ဝင်ခွင့်ရကြသည်။သင်္ဘောသားများကတော့ကိုရီးယားဆိပ်ကမ်းကပ်သည်နှင့်
ခုန်ချကြသည်။ဂျပန်တွင်လည်းသင်္ဘောသားများခုန်ချကြသည်ဟုကြားဘူးသည်။
ထိုအချိန်ကဖိလစ်ပိုင်ဝန်ကြီးတစ်ဦးဂျပန်တွင်အစည်းအဝေးသွားတက်ရာ
ထိုဝန်ကြီးနှင့်အတူစာနယ်ဇင်းသမားများနှင့်အခြားဌာနဆိုင်ရာဝန်ထမ်းများ
ဝန်ကြီးနှင့်အတူလိုက်ပါခွင့်ရကြသည်။
အစည်းအဝေးပြီးဆုံး၍ဖိလစ်ပိုင်သို့ဝန်ကြီးပြန်သောအခါဝန်ကြီးတစ်ဦးတည်းသာ
ပြန်လာ၍စာနယ်ဇင်းသမားများနှင့်အခြားသူများပါမလာတော့ပဲ
ဂျပန်တွင်နေရစ်ခဲ့ကြသည်ဟုသတင်းစာတွင်ဖတ်ရဘူးသည်.။
သင်္ဘောတစ်စီးဂျပန်ဆိပ်ကမ်းသို့ဆိုက်ကပ်ရာထိုသင်္ဘောပေါ်တွင်
မြန်မာသင်္ဘောသားများ၆ယောက်ခန့်သင်္ဘောသားအဖြစ်လိုက်ပါလာသည်..။
တစ်ယောက်သောသူသည်အရာရှိဖြစ်သောကြောင့်လစာကောင်းသည်
ကျန်၅ယောက်မှာသာမန်သင်္ဘောသားများဖြစ်သောကြောင့်လစာသိပ်မကောင်းကြ။
ထို့ကြောင့်ဂျပန်ဆိပ်ကမ်းသို့သင်္ဘောကပ်သောအခါထိုမြန်မာသင်္ဘောသား
၅ယောက်စလုံးဂျပန်တွင်ခုန်ချကြသည်.။သင်္ဘောဆိပ်ကမ်းမှခွာသောအခါ
ထိုသင်္ဘောသားများပါမလာတော့သဖြင့်သင်္ဘောကပ္ပတိန်သည်ဒေါကန်ပြီး
ကျန်အရာရှိကိုပါ
ထားရစ်ခဲ့သည်ဟုကြားဘူးသည်။ဂျပန်နိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်ပါက
တစ်လလျှင်မြန်မာငွေတစ်သိန်းခွဲခန့်ပြန်ပို့နိုင်ကြသည်။ကိုရီးယားနိုင်ငံမှာမူ
တစ်လလျှင်မြန်မာငွေရှစ်သောင်းခန့်၊ထိုင်ဝမ်မှာတစ်သိန်းခန့်ပြန်ပို့နိုင်ကြသည်။
ထို့ကြောင့်ထိုနိုင်ငံများသို့သွားနိုင်ရန်တော်ရုံလူများငွေကြေးမတတ်နိုင်ကြ။
တစ်ချို့လည်းချေးငှားပေါင်နှံပြီးသွားကြသည်။မလေးရှားကတော့
သာမန်လူများအတွက်သွားဖို့ရာအဆင်ပြေသည်။မလေးရှားတွင်
သွားရောက်အလုပ်လုပ်ကိုင်ပါကအရင်းအနှီးသိပ်မများသုံးသောင်းခန့်ရှိလျှင်
သွားလို့ရသည်။ဝင်ရတာလည်းလွယ်ကူသည်။
မလေးရှားတွင်သွားရောက်အလုပ်လုပ်ကိုင်ပါကတစ်လလျှင်
နှစ်သောင်းသုံးသောင်းခန့်ပြန်ပို့နိုင်ကြသည်။ထို့ကြောင့်မလေးရှားသွားမည့်သူများ
တစ်နေ့တစ်ခြားပို၍များများလာသည်။ကြည်စိုးလည်းအပါအဝင်ပေါ့။
ကျွန်တော်တို့နှစ်ယောက်သားဗိုလ်ချုပ်ဈေးသစ်မှစကားတပြောပြောဖြင့်လျှောက်လာကြရာ
ပန်းဆိုးတန်းလမ်းအလယ်ဘလောက်ရှိ မ.န.လ ရုံးရှေ့သို့ရောက်လာကြသည်။
ရန်ကုန်မြို့၏အစည်ကားဆုံးနေရာတစ်ခုဟုဆိုရလောက်အောင်လူများကိုယ့်ကိစ္စနှင့်ကိုယ်
အလုပ်ရှုပ်နေကြသည်။စာအုပ်စတင်လျှောက်ထားသူများ၊လျှောက်ထားဆဲများ၊ပွဲစားများ၊
စာအုပ်လာရောက်ထုတ်ယူသူများ၊မိမိအမည်ကြော်ငြာဘုတ်တွင်ပါမပါလာရောက်
ကြည့်ရှူသူများ၊ဖြင့်ပျားပန်းခတ်မျှလှူပ်ရှားသွားလာနေကြသည်ကိုကြည့်ရင်း
ခေါင်းတောင်နောက်တောက်တောက်ဖြစ်လာသည်။
“ ငါ့နာမည်ပါလာပြီကွ..”
“ ဒါဆိုရင်..မင်းဘာဆက်လုပ်ရမှာလည်း...”
“ ဘဏ်(၃) မှာစာအုပ်ဖိုး(၅၀၀)ကျပ် သွားသွင်းရမယ်..ပြီးရင်ဘဏ်ချလံပြပြီး
စာအုပ်ထုတ်ရုံပဲရှိတော့တယ်..”နာရီကိုကြည့်လိုက်ရာ ၁၁း၀၀ နာရီရှိနေပြီး
ဗိုက်လဲအတော်ဆာနေပြီကြည်စိုငွေသွင်းဖို့မှီမမှီချိန်ဆနေသည်။
..“ ဘဏ်ကိုအရင်သွားကြည့်ကြရင်ကောင်းမယ်. မှီနိုင်မယ်ထင်ရင်ဒီနေ့တစ်ခါတည်း
ငွေသွင်းပြီးမနက်ဖြန်မှ..စာအုပ်လာထုတ်ကြတာပေါ့..”
..“ အေးကောင်းသားပဲ..”
ဘဏ်ကလည်းသိပ်မဝေးတော့အဆင်ပြေသည်။ဘဏ်ရောက်တော့လူသိပ်မများသဖြင့်
၁နာရီခန့်တန်းစီပြီးငွေသွင်းဖြစ်လိုက်သည်။
..“ ချလံတော့ရပြီ..နောက်နေ့မှပဲအေးအေးဆေးဆေးစာအုပ်လာထုတ်ကြတာပေါ့.....
ဗိုက်လဲတော်တော်ဆာနေပြီ ငါတို့ဘယ်မှာထမင်းသွားစားကြရင်ကောင်းမလဲ..”
..“ ငါတော့မသိဘူး..မင်းစားချင်တဲ့နေရာမှာစားကြတာပေါ့..”
..“ လာငါတို့ လေဟာပြင်ဈေးထဲကတရုတ်မောင်စိန်ဆိုင်မှာသွားစားကြတာပေါ့..”
..“ အေး..”
နှစ်ယောက်သားတရုတ်မောင်စိန်ဆိုင်ရှိရာလေဟာပြင်ဈေးသို့
ခပ်သုတ်သုတ်လျှောက်လာခဲ့ကြသည်။
..“ တို့ဘာစားကြရင်ကောင်းမလဲ..”
..“ အသားကင်တစ်ပွဲ......အခေါက်ကင်တစ်ပွဲ.....ထမင်းနှစ်ပွဲနဲ့နောက်ပြီး...
မင်းအစိမ်းကြော်စားမလား..”
..“ မင်းကြိုက်တာသာမှာ..”
စားပွဲထိုးလေးကိုခေါ်လိုက်ပြီးမှာစရာရှိတာမှာလိုက်သည်။
..“ မင်းကိစ္စပြီးပြီလား..”
..“ ငါတို့စားပြီးတာနဲ့ ငါဆိုင်ကိုခဏသွားလိုက်ဦးမယ်..ပြီးရင်ပန်းဆိုးတန်းက
ကြေးနန်းရုံးမှာဖုန်းသွားဆက်မယ်မင်းကောလိုက်ဦးမလား..”
..“ ရပါတယ်..ငါလိုက်ခဲ့မယ်..ငါလည်းအားနေတာပဲ....ဗဟုသုတရတာပေါ့......”
ကြည်စိုးသူ့အထည်ဆိုင်ပိုင်ရှင်ကိုရှမ်းနှင့်ပြောဆိုပြီးပြန်ထွက်လာသည်။
ထို့နောက်ကြေးနန်းရုံးသို့ဆက်လက်ထွက်လာခဲ့ကြသည်ကြေးနန်းရုံးသို့
ရောက်သောအခါ မိမိဆက်သွယ်လိုသောဖုန်းနံပါတ်နှင့်နိုင်ငံအမည်ကို
over-sea call counter တွင်ပေးခဲ့ပြီးခေတ္တစောင့်ဆိုင်းကြရသည်။
..“ မင်းစာအုပ်ရပြီးရင်ဘာဆက်လုပ်ရဦးမှာလည်း..”
..“ စာအုပ်ရပြီးရင်ပုံစံ(၁၇)အရင်လုပ်ပြီးရင်ပုံစံ(၁၉)....လေယာဉ်လက်မှတ်ဝယ်
အမေရိကန်ဒေါ်လာကိုနိုင်ငံခြားငွေလဲလှယ်မှုဘဏ်မှာသွားလဲ.....
ပြီးရင်(D-Form)..လုပ်ပြီးရင်သွားလို့ရပြီ.....”
..“ ဒေါ်လာလဲတော့မင်းတို့ကိုအစိုးရကဘယ်လောက်လဲလှယ်ခွင့်ပေးလဲ.....”
..“ လူတစ်ယောက်ကို ၆၅ ဒေါ်လာနဲ့ ၅၀ ဆင့်လဲပေးတယ်...တစ်ဒေါ်လာကို
အစိုးရဈေးနှူံး၃ ကျပ် ၅၀ ပြားနဲ့လဲလှယ်ခွင့်ပေးတယ်....”
..“ ၆၅ ဒေါ်လာခွဲ နဲ့နိုင်ငံခြားမှာသုံးလို့လောက်ငှရဲ့လား..”
..“ ဘယ်လောက်မလဲကွ....ဒေါ်လာမှောင်ခိုရောင်းတဲ့လူတွေဆီမှာ
နှစ်ရာသုံးရာလောက်ထပ်ဝယ်ရဦးမှာပေါ့..”
..“ အပြင်မှာတစ်ဒေါ်လာဘယ်လောက်ပေါက်လဲ...”
..“ တစ်ဒေါ်လာကိုမြန်မာငွေ၉၀ နဲ့ ၁၀၀ ကြားပေါက်ဈေးရှိတယ်...”
..“ လေယာဉ်လက်မှတ်ကကော...”
..“ လေယာဉ်လက်မှတ်က ကိုးထောင် နဲ့ တစ်သောင်းလောက်တော့ရှိတယ်...”
..“ အဲဒီလေယာဉ်ကမလေးရှားအထိလား...”
..“ ဘယ်ကလာ...မင်းကလဲ...ယပက်လက် ဗန်ကောက်အထိ...
ဗန်ကောက်ကနေမှ..အဝေးပြေးကားဒါမှမဟုတ်ရထားစီးပြီးမလေးရှားနဲ့
ထိုင်းနယ်စပ်မြို့ဟတ်ချိုင်း(HatYai)..ကိုသွားရတယ်...အဲဒီမှာ
(Tour)အဖွဲ့တွေရှိတယ်...သူတို့ကမလေးထဲဝင်နိုင်ဖို့ကူညီပေးတယ်...
ပွဲစားခတော့နဲနဲပါးပါးတော့ပေးရတယ်....”ကြည်စိုးသွားစဉ်ကထိုင်းနယ်စပ်မှ
( Tour)...များကိုပွဲစားခမည်ရွေ့မည်မျှပေးရသည်ကိုတော့ကျွန်တော်မသိပါ.။
သိပ်မကြာခင်မှာပဲကြည်စိုးတစ်ယောက်မလေးရှားသို့ထွက်သွားသည်......။
၂နှစ်ကျော်ကျော်ခန့်ကြာတော့ကျွန်တော့်ဆီသို့ကြည်စိုးထံမှ
စာတစ်စောင်ရောက်လာသည်..။
သူလက်ရှိအလုပ်လုပ်နေသောစက်ရုံလိပ်စာနှင့်မင်းလာရင်ဒီလိပ်စာအတိုင်း
Taxi ငှားလာဘို့၊မလေးမှာအဆင်ပြေကြောင်း၊ကျွန်တော့်ကိုလည်း
သတိရကြောင်းများရေးထားသည်...။
ကျွန်တော်လည်းသတိရကြောင်း၊အဆင်ပြေတာကိုလည်းဝမ်းသာကြောင်း
စာတစ်စောင်ပြန်ရေးပို့လိုက်သည်...။
ထိုအချိန်အထိကျွန်တော်နိုင်ငံခြားထွက်ဖို့စိတ်မဝင်စားသေး...............။

ကော်ပီ ၃

စာမျက်နှာ သုံး

တောင်ဥက္ကလာတွင်ကျွန်တော့ သူငယ်ချင်းနှင့်အတူ တွင်ခုံလုပ်နေသည်။

"ဟေ့ကောင်... သိန်းအေး မင်းဘာတွေလုပ်နေလဲ"


''ဟာသားငယ်.....မင်းဘယ်တွေပျောက်နေတာလဲ''

''ငါ မလေး ကိုထွက်သွားသေးတယ်''

''ဟင် ငါတောင်မသိလိုက်ပါလား''

''အေး ငါလည်း ကျောက်မြောင်း က နီလာ နဲ့ အိမ်ထောင်ကျပြီး...

သူ့အစ်ကို... ငါ့ယောက်ဖတွေနဲ့ လိုက်သွားတာ''

“အဆင်ပြေလား”

“သိပ်မပြေပါဘူးကွာ.... stay က တစ်လပဲရတော့... stay ရှောင်ရ...
ပြန်ဝင်ရနဲ့ သိပ်မစုမိဘူး ဖြစ်နေတယ်၊

ဒါနဲ့ ငါလည်းပြန်လာခဲ့တာပဲ... အလုပ်ကတော့ တော်တော်ပေါတယ်"

”ငါ့သူငယ်ချင်း ကြည်စိုးလည်းမလေး မှာပဲ"

“အေး ငါနဲ့တွေ့သေးတယ်။ ဒီကောင့်စက်ရုံသူဌေးကသဘော
ကောင်းတယ်။ ပါမစ်တင်ပေးမယ်ပြောတာပဲ”

“မင်းပြန်ရောက်တာ ဘယ်လောက်ကြာပြီလဲ”

“ငါ ၈ လလောက်တော့ ရှိပြီ ပြန်ထွက်မလားလို့....မင်းလိုက်မလား”

“ပိုက်ဆံမရှိဘူးကွ”

“သိပ်မကုန်ပါဘူး ၇ သောင်းလောက်ရှိရင်သွားလို့ရပြီ”

“သေချာလို့လား”

“ငါလည်းပြန်ထွက်မှာပဲ... တို့အတူတူသွားကြရအောင်”

“ငါအိမ်ကိုပြောကြည့်ဦးမယ်"

ဒါနဲ့ ကျွန်တော်လည်း စိတ်ဝင်စားသွားသည်။

“အမေ"

“ ဘာလဲ"

“သား မလေးသွားပြီး အလုပ်လုပ်ရင်ကောင်းမလားလို့....ဟိုမှာ
ကြည်စိုးလဲရှိတယ်... သားငယ်လည်းပြန်ရောက်လာပြီး
ပြန်သွားမယ်လို့ ပြောတယ်....
လမ်းထဲက လူတော်တော်များများလည်း သွားကြတာ အဆင်ပြေတယ်.....အမေလဲကြားသားပဲ.. အမေ ဘယ်လိုသဘောရလဲ...”

အဖေ့ကိုတော့ မပြောရဲ။ အမေစဉ်းစားနေသည်။
သုံးလေး ရက်ကြာတော့ သားငယ်အိမ်ရောက်လာပြီး ဝိုင်းပြောပေးတော့ အမေစိတ်ဝင်စားသွားသည်။

“ဘယ်လောက်ကုန်မှာလဲ"

“ ၇သောင်းလောက်တော့ ကုန်မယ်ပြောတာပဲ....လောလောဆယ် အလုပ်
ခန့်စာ (Appointment)မှာရမယ်၊

(Appointment) က ၅၀၀၀ စာအုပ်လျှောက်တာ ပုံစံ (၁၇)(၁၉) အားလုံး
၇ထောင် ၈ထောင် လောက်တော့ ကျမယ်"

“ဒါဆိုရင်လဲ ပြီးရော ...နင်ဟိုရောက်ရင် ဂလေရိုက်မနေနဲ့နော်"

“စိတ်ချပါ အမေရာ"

သို့နှင့် ကျွန်တော်လည်းမလေး သွားဖို့ ပြင်ဆင်ရတော့သည်။
ကျွန်တော်တို့ မလေးထွက်ဖို့ ဆုံးဖြတ်ခါမှ မလေး အခြေအနေမကောင်းကြောင်းသတင်းတွေထွက်နေသည်။
အသိမိတ်ဆွေတွေ ကို မေးမြန်းစူးစမ်းကြည့်တော့လည်း …... အမှန်အတိုင်းမပြောကြပဲ.... ဒီလိုပဲ သွားနေကြတာပဲ ဟုသာပြန်ပြောကြသည်။
ခုမှ ခက်ပြီ အားလုံးလည်းပြီးစီးလုနီးပါးဖြစ်နေပြီ.....
“ရှေ့တိုးလည်းတံပိုးနောက်ဆုတ်လည်း လှည်းတုတ်"ဖြစ်နေသည်။
မလေး အစိုးရ က နယ်စပ် လ.ဝ.က ဂိတ်များဆီမှ နိုင်ငံခြားသားများ ဒလ ဟောဝင်နေသဖြင့် ဂိတ်ကိုပိတ်
ပစ်လိုက်ရသည် ဟုသတင်းတွေထွက်နေသည်။ မလေးသို့သွားမည့်သူများ နယ်စပ်တွင်စုပုံသောင်တင်နေသည် ဟုကြားရသည်။
Tourတွေလည်းဘာမှ မတတ်နိုင် နည်းလမ်းရှာနေကြသည်။
နောက်ဆုံးသတင်းများထွက်နေသည်မှာ.......... တောလမ်းမှသွားကြသည်။
တောလမ်းသည် အခြေအနေမကောင်း ကြောင်း တစ်ချို့ကပြောကြသည်။
တစ်ချို့တောထဲတွင်အစာငတ် ရေငတ် သုံးလေး ရက်ခန့် ပုန်လျှိုးနေကြရသည်။
တစ်ချို့လည်း ပျောက်ဆုံး ကုန်သည်။
KL သို့လည်း မရောက် Hat Yai သို့လည်းပြန်မလာ ဟုသတင်းတွေထွက်နေသည်။
ကြားရသော သတင်းတွေကြောင့် ကျွန်တော်သည် စိုးရိမ်သောကများစွာနှင့် ရင်တထိတ်ထိတ် စိတ်လှုပ်ရှားနေမိတော့သည်။
ထိုင်နေရင် အကောင်းသား …... ယခုမှတော့ ဘာမှမတတ်နိုင်တော့ပြီ
ပေါက်တဲ့နဖူး မထူးဆိုသည့်အတိုင်း ငယ်ရွယ်တက်ကြွနုပျို သောစိတ်ဓာတ်
တို့က ထကြွလျှက်၊ ဇွတ်တရွတ်ဆုံးဖြတ်ချက်တို့က နောက်ဆုံးတွင် အနိုင်ယူလိုက်နိုင်တော့သည်။

ကော်ပီ ၎

စာမျက်နှာ လေး

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ညနေ ၆ နာရီ ခန့်တွင် ကျွန်တော်တို့ ၂ ဦး TG THAI AIR WAY ဖြင့်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ထွက်ခွာခဲ့ကြသည်။ ၄၅ မိနစ်သာသာခန့်အကြာတွင် ထိုင်းနိုင်ငံဘန်ကောက်(ဒွန်မောင်း)အပြည်ပြည်ဆိုင်ရာလေဆိပ်
သို့ရောက်ရှိခဲ့ကြသည်။
ထိုမှတဆင့် TAXI ငှားပြီး မိမိတို့နှင့်ရင်နှီးပါတ်သက်သူတို့ဆီသို့ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
ကျွန်တော်တို့ ထိုင်းကိုရောက်တော့ မှောင်နေပေပြီ။
တည်းခိုမည့်အိမ်သို့ရောက်ကြပြီး မလေးကိစ္စ အိမ်ခံလူတို့၏ ပြောပြချက်များ၊
အဆက်အသွယ်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။
ထိုနောက်ကျနော်နဲ့ သားငယ် အိမ်ရှင်ကို ဟိုနားဒီနား လျှောက်ကြည့်လိုက်ဦးမည် ဟုပြောပြီး ထွက်ခဲ့ကြသည်။

“မင်းဘယ်လိုထင်လဲ သိန်းအေး"

“ငါကဘယ်သိမှာလဲ...... မင်းက တစ်ခေါက်ရောက်ဘူးပြီးသားဆိုတော့ မင်းပဲကြည့်ကျက်ပြီး စဉ်းစားဆုံးဖြတ်ရင် ကောင်းမယ်"

ဒီကောင် သားငယ်လည်း ရင်ပူနေပုံ ရသည်။
ကျွန်တော်က အကြောင်းမဟုတ် ဒီကောင်က မိန်းမနှင့် ခလေး နှင့်။
အိမ်ခံလူတို့၏ ပြောပြချက်အရ ဘန်ကောက်မှ KL အထိ လမ်းကြောင်း၊
HAT YAI မှ KL လမ်းကြောင်း BK မှ KL အထိ အစိမ်း ဘယ်နှစ်ရွက်၊
HATYAI မှ KL အထိအစိမ်းဘယ်လောက် စသဖြင့်သူတို့ပွဲစားခရရေး အတွက်သာ ပြောကြသည်။
လမ်းကြောင်းအနေအထားဘယ်လိုရှိလဲ ဟု မေးသည့်အခါ ကောင်းပါသည် စိတ်ချပါ KL
မှာရှိတဲ့ ခင်ဗျား တို့နဲ့ ပတ်သက်တဲ့ သူတွေ ဆီရောက်အောင်ပို့ပေးမည်ဟုသာပြောကြသည်။
ပို့ပေးမည့်သူ၏ လက်ထဲသို့အပ်ပေးမည် ဟုသာပြောကြသည်။
မည်သူမှ တာဝန်မယူရဲ တာဝန်မခံရဲကြပေ။
သားငယ်က...
“ဒို့တော့...တစ်ခုခုစားရင်းဆွေးနွေးကြရင်ကောင်းမယ်...ဘယ်လိုလုပ်သင့်လဲဆိုတာကို...မင်းမပူပါနဲ့..... HAT YAI အထိတော့ ငါသွားတတ်ပါတယ်”
“ဒါဆိုလဲ ဘာစားကြရင်ကောင်းမလဲ”
“ယ”စကားလည်း မတတ် အင်္ဂလိပ်လိုလည်း ပြောမရနှင့် ဘာမှာ၍မှာရမှန်းမသိ။
ဆိုင်မှစားပွဲထိုးကောင်မလေးများမှ မေးသော်လည်း ဘာမေးမှန်းမသိနဲ့ ဒုက္ခတော်တော်ရောက်သည်။
သားငယ်ကတော့ထိုင်းစကားအနည်းအကျဉ်းတတ်သည်။
ထမင်းကြော်နှစ်ပွဲ နှင့် Coca Cola ၂ပုလင်းမှာစားဖြစ်ကြသည်။
“ဒီလိုလုပ်မယ်ကွာ”
“ဘယ်လိုလုပ်မှာလဲ”
“ငါတို့ ကိုယ့်ဖာသာကိုယ် HAT YAI ကိုရထားစီးပြီးသွားမယ်...HAT YAI မှာ Tours တွေအများကြီး ရှိတယ်...အဲဒီကျမှ စုံစမ်းမေးမြန်းပြီးကြည့်လုပ်ကြတာပေါ့ကွာ”
“ဟေ့ကောင် ... မင်းသေချာမှလုပ်နော်”
“အေးပါ ... ဒီBK ကနေပွဲစားကတဆင့်သွားရင် ကုန်ကျစရိတ်ပိုများလိမ့်မယ်ထင်တယ်။
HAT YAI မှာဆိုရင်ဒီထက်ပိုသက်သာလိမ့်မယ်....နောက်ပြီး မင်းမှာ အစိမ်းဘယ်နှစ်ရွက်ပါလဲ”
“ငါ့ဆီမှာ....အစိမ်းလေးရွက်နဲ့ ဘဏ်ကလဲပေးလိုက်တဲ့ ဒေါ်လာ အနဲအကျဉ်းတော့ရှိတယ်”
“အေး ဒါဆိုရင်.....တို့မနက်ဖြန် ရထားနဲ့ HAT YAI ကိုဆင်းကြမယ်”
“တို့တည်းနေတဲ့ အိမ်ရှင်က မေးရင်ကော”
“ကျွန်တော့်အစ်ကို HAT YAI က လာခေါ်မယ်လို့ ငါကြည့်ရွှီးလိုက်မယ်”
ကျွန်တော်တို့ နှစ်ယောက် အကြေအလည်ဆွေးနွေးပြီး တည်းခိုရာအိမ်သို့ ည ၁၂နာရီ လောက်တွင်ပြန်ခဲ့ကြသည်။
နောက်တစ်နေ့ ၁၁နာရီခန့် အိပ်ရာမှ ထကြပြီး ရေမိုးချိုးအဝတ်အစားလဲ ကိုယ့်အထုတ်ကိုယ်ဆွဲ၍ ထွက်လာခဲ့ကြသည်။
ဘန်ကောက်ဘူတာရုံသို့ နေ့လည် ၁ နာရီခန့်လောက်တွင်ရောက်ခဲ့ကြသည်။
“ငါ ရထားလက်မှတ်ရောင်းတဲ့ကောင်တာမှာ...သွားစုံစမ်းလိုက်ဦးမယ်” ပြောပြီးသားငယ် လက်မှတ်ရောင်းကောင်တာ ရှိရာသို့ ထွက်သွားသည်။
ခဏနေပြန်ရောက်လာပြီး “မင်းဆီမှာ ရှိတဲ့ ဒေါ်လာအပိုတွေကို Money Changer မှာအကုန်လဲလိုက် ငါလည်း လဲရမယ်”
အမေရိကန် တစ်ဒေါ်လာလျှင် ထိုင်းဘတ်ငွေ ၂၅ ဘတ်နှုန်းဖြစ်သည်။
“ရထားလက်မှတ်က BK ကနေ HAT YAI အထိတစ်စောင်ကို ၁၃၅ ဘတ်ပေးရမယ်”
လက်မှတ် နှစ်စောင်ဝယ်ပြီး၍ နာရီကြည့်လိုက်ရာ နေ့လည်၂ နာရီထိုးနေပြီ။
“ရထားကဘယ်နှစ်နာရီထွက်မှာလဲ”
“၃ နာရီ၄၅မိနစ် လို့ပြောတယ် ငါတို့ ဟိုနားဒီနား လျှောက်ကြည့်ရအောင်”
“အေး ကောင်းသားပဲ”
ကျွန်တော်တို့ ဟိုဟို ဒီဒီ လျှောက်ကြည့်ပြီး ဘူတာရုံသို့ ပြန်လာခဲ့ကြသည်။

ကော်ပီ ၅

စာမျက်နှာ ငါး ၃း၄၅..နာရီတွင်ဘန်ကောက်မြို့မှရထားစထွက်ပြီ....ရထားစထွက်သည်နှင့်ရင်ထဲတွင် ပျော်သလိုလို..စိုးရိမ်သလိုလို..ရင်ခုန်နေသည်..ပျော်၍ရင်ခုန်ခြင်းလော.... စိုးရိမ်စိတ်ဖြင့် ရင်ခုန်ခြင်းလော့......ကိုယ်တိုင်ပင် ဝေခွဲမရ။ခွဲခြမ်းစိတ်ဖြာရန်ပင်ခက်ခဲလို့နေတော့သည်။ မိမိမရောက်ဖူးသော....နေရာစိမ်း....ဒေသစိမ်းသို့......အရဲကိုး၍ထွက်သာလာခဲ့ရသည်။ ရှေ့ အနာဂါတ်တွင် ဘာတွေဖြစ်ပြီး ဘယ်လိုပုံစံဖြင့်ရင်ဆိုင်ရမည်ကိုမျှော်မှန်း၍မရ...... ပုံဖော်ရန်ပင်ခက်ခဲလျှက်.. မပီ ပြင်ဝေဝါး မှုန်မှိုင်းသောအတွေးတို့ ကသာ စိုးမိုးလို့နေသည်။မည်သို့ပင်ဆိုစေကာမူ.........စွန့်စားလိုစိတ်......ကြိုးစား၍ငွေရှာလိုစိတ် တို့ကသာကြီးစိုးတွန်းအားပေးလျက်ရှိနေတော့သည်။ဟိုမှာကြည်စိုးလည်း ရှိတာပဲ........ သူများတကာတွေလည်း...ဒီလိုပဲသွားနေကြတာ ဒုးနဲ့ဒေး ငါလည်း သူဖာသာသူတော့ အဆင်ပြေသွားမှာပါ.......ကိုယ့်ကိုယ်ကို အားတင်းနေရသည်။ သို့သော်လည်း ထွက်မလာခင်က ကြားရသော သတင်းတွေကြောင့်.... ကြောက်စိတ်... စိုးရိမ်စိတ်တို့က ကြီးစိုး၍ လာပြန်သည်။ရင်ထဲ.. ဦးခေါင်းထဲတွင်ဖြစ်ပေါ်လာသော ခံစားချက်တို့ကို ပြေပျောက်စေရန် အလို့ငှာ..... ရထားလမ်း ဝဲ-ယာမှ ရှုခင်းများကို အဓိပ္ပါယ်မဲ့ ငေးမောရင်းလိုက်ပါလာခဲ့ကြသည်။အချိန်တို့ တစ်ရွေ့ရွေ့ ကုန်ဆုံးလျက်ညအမှောင်ထုက... တဖြည်းဖြည်း ကြီးစိုးလာခဲ့သည်။အနည်းငယ်ညောင်းညာလာသော ခန္ဓာကိုယ်ကို... ပြင်ဆင်ရင်း...တရေးတမော မှေးရန်...ကိုယ်ကိုလျော၍ခြေဆန့်ပြီး.....ထိုင်ခုံနောက်မှီကို မှီကာ.....မျက်လုံးများကိုမှိတ်ပစ်လိုက်သည်။တစ်ရေးအိပ်ပျော်သွားသည်။ ရထားတွဲတစ်တွဲုလုံးလည်း ခရီးသည်အားလုံးမှေးသူမှေး၊ အိပ်သူအိပ်လျက်...ညသည်တိတ်ဆိတ်လျက်.... ရထား ခုတ်မောင်းသံ.......သံလမ်းနှင့်ရထားဘီးတို့၏ ဖိကြိတ် ထိခတ်သံတို့ကသာ.. ပတ်ဝန်းကျင်တွင်စိုးမိုးလို့နေတော့သည်။ “သားငယ်” “ဘာလဲ” “ဒို့ ရထား HAT YAI ကို ဘယ်အချိန်ရောက် မှာလဲ” “မနက် ၈နာရီ ၉နာ၇ီလောက် တော့ရောက်မယ် ထင်တာပဲ” ရှေ့မှ ယပက်လက် မလေးများက ကျွန်တော်တို့ကို လက်ညှိုးထိုး၍ “နီ...ဖားမား” ဟု မေးပြောုပြောသည်။ကျွန်တော်တို့ ကလည်း ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။ဗမာ လား ဟုမေးခြင်းဖြစ်မည်။ဘယ်အချိန်ရောက်မလဲ မေးလည်း မရ၊ နားမလည်။သူတို့က “နီ...ဟရိုင်” ဟုမေးသည်။ ကျွန်တော်တို့က“ယား”ဟုဖြေသည်။ကျွန်တော်က ရှေ့မှ ယပက်လက် မလေး များအား ရထားကိုလက်ညှိုးထိုးပြပြီးနောက်လက်ဖြင့် ရထား သွားသည့် ပုံသဏ္ဌန်လုပ်ပြ၍ “နီ...ဟရိုင်း” ပြောပြီးနာရီကို လက်ညှိုး ထိုးပြီး နာရီလည်သည့် ပုံသဏ္ဌန်လုပ်ပြခါ ၁၁ နာရီခန့် တွင်လက်ညှိုး ထောက်ရပ်လိုက်ပြီး မေးလိုက်သည်။ ဒီရထား ဟရိုင်းကို ၁၁ နာရီ ရောက် မှာလား ဟုမေးခြင်းဖြစ်သည်။တမင်တကာ အချိန်ကိုပို ၍ ပြလိုက်ခြင်းဖြစ်သည်။သူတို့ကလည်း သဘောပေါက်ပုံရသည်။ လက်ခါပြ၍ သူ့နာရီကို လက်ညှိုးထောက်၍ ပြသည်။၈ နာရီခွဲခန့် ကျွန်တော်“သြော်”ဆိုပြီးနားလည်လိုက်ရသည်။ဒီရထား ဟရိုင်းကို ၈နာရီခွဲခန့်တွင်ရောက်မည်ဖြစ်သည်။ဒါနဲ့ပဲမိုးလင်းခဲ့သည်။တချို့လည်း ကြားဘူတာများတွင်တဖြုတ်ဖြုတ်ဆင်းသွားကြသည်။ ရထားတွဲထဲတွင် လူသိပ်များများ စားစား မရှိကြတော့။သုံးပုံ တစ်ပုံ ခန့်လောက် သာကျန်တော့သည်။ နံနက် ၈ နာရီသာသာခန့်တွင် HAT YAI သို့ရထားဆိုက်သည်။ ရထားပေါ်မှ ကိုယ်အိတ်ကိုဆွဲ၍ဘူတာအပြင်ဘက်သို့ထွက်ခဲ့ကြသည်။ ဘူတာအပြင်သို့ ရောက်သည်နှင့် “အစ်ကိုတို့ လာ...လာ ... ကျွန်တော်တို့ကားနဲ့ လိုက်ခဲ့... ဟိုရောက်မှ ရေမိုးချိုး ခေတ္တနားပြီး.....အကိုတို့ အဆင်ပြေမယ့် အေးဂျင့်နဲ့ သွားလို့ရတယ်.....ကျွန်တော်တို့ဆီမှာ တည်းလို့.... ကျွန်တော်တို့ Tour နှင့်သွားရမယ်လို့ မဆိုလိုပါဘူး........” ကျွန်တော်တို့လည်း ကြုံရာကားဖြင့်တက်လိုက်ခဲ့ကြသည်။့HAI YAI မြို့လေးသည်နယ်စပ်မြို့ ဖြစ်သော်လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြင့်အေးချမ်းတိတ်ဆိတ်လျှက်နေချင့်စဖွယ်ပင်။ ကျွန်တော်တို့သည် မလေးရှားသွားလိုသူများကို ပို့ပေးသော T - Tour ရှိရာ( ရုံးခန်း နှင့် အိမ်တွဲလျှက်) သို့ရောက်ခဲ့ကြသည်။အောက်ထပ်တွင် ရုံးခန်း နှင့်ဧည့်ခန်း၊ အပေါ်ထပ်တွင် ခရီးသည်များ နားနေခန်း၊ အိမ်သာ ရေချိုးခန်းများ စီစဉ်ပေးထားသည်။ကျွန်တော်တို့ ရောက်သည်နှင့် ဧည့်ခန်းတွင် ခေတ္တထိုင်စေပြီး မလေးလမ်းကြောင်းအကြောင်းရှင်း ပြသည်။KL အရောက် အစိမ်း ၂ ရွက်ယူကြောင်း၊ KL ရောက်ပါက ဆက်သွယ်လိုသူကို ဆက်သွယ်ပေးမည်။မိိမိသွားလိုသော နေရာသို့ မသွားတတ်က လိုက်ပို့ပေးမည်။ လူခံမရှိသောသူများအတွက်လည်း နေရာထိုင်ခင်းက အစ... အလုပ်ရရှိရေးပါစီစဉ်ပေးမည်ဟု ပြောပြ ရှင်းပြသည်။မိမိတို့ Tour နှင့် မနှစ်သက်ပါက အခြားမည်သည့်Tour နှင့်မဆို သွားလိုက သွားနိုင်ကြောင်း..အခုလောလောဆယ် ဒီမှာပဲ အေးအေးဆေးဆေး ရေမိုးချိုး အနားယူပြီး ခေတ္တနားနေနိုင်ကြောင်း၊ ကျွန်တော်တို့နှင့် လုပ်ဖြစ်ပါက တဦးလျှင်အစိမ်း ၂ ရွက် နှင့် ပတ်စ်ပို့စ် စာအုပ် ကြိုတင်၍ရုံးခန်းတွင် လာပေးရန် ပြောပြသည်။ကျွန်တော်တို့ နှစ်ယောက်လည်း အိတ်ကိုယ်စီဆွဲ၍ အပေါ် ထပ် သို့ တက်ခဲ့ကြသည်.....................။ တစ်ညလုံးရထား စီးလာရသောကြောင့်တစ်ကိုယ်လုံးညောင်းညာ၍ ငြီးစီစီဖြစ်နေသည် ထို့ကြောင့်ရေချိုး၊အပေါ့အပါးသွားပြီးတစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်လိုက်ပြီး အဝတ်အစားလဲကာခေတ္တခဏလဲလျှောင်းရင်း ကြောဆန့်လိုက်သည်။.. “ ဟေ့ကောင်..သားငယ်..အခြေအနေဘယ်လိုလဲ...”.... ..“ငါခုနက..မင်းရေချိုးနေတုန်း..အောက်ထပ်ကရုံးခန်းမှာ..အခြေအနေသွားလေ့လာကြည့်တာ.. ဒီကောင်တွေငါတို့ကို..တောလမ်းကနေပဲပို့လိမ့်မယ်ဂိတ်ကနေဝင်လို့ မရဘူး...ရုံးခန်းထဲမှာ.. ဘဲတစ်ပွေနှဲ့တော့..တံခါးပိတ်ပြီး..အခြေအတင်... ပြောနေသံတစ်စွန်းတစတော့ကြားတယ်.... သူ့စော်..KL..ကိုရောက်မလာလို့..သူကိုယ်တိုင်လိုက်လာပြီးလာရှာတာလို့..ပြောနေသံကြားတယ်... ပိုက်ဆံပြန်တောင်းနေတာ..အေးဂျင့်က..ပေးမပေးတော့ငါလည်းမသိဘူး...ဘာတွေမှန်းလဲ မသိပါဘူးကွာ..ငါလည်းခေါင်းတောင်စားလာပြီ.....” “ ဒါဆိုရင်..ဘယ်လိုလုပ်ကြမလဲ.....” ..“မတတ်နိုင်ဘူးလေ..ဒီအထိတောင်ရောက်လာပြီပဲ...ဘာပဲပြောပြော..ငါတို့ဘန်ကောက်က ပွဲစားနဲ့...လာတာနဲ့စာရင်..ဒီမှာကအစိမ်းနှစ်ရွက်လောက်သက်သာတာပဲ..ဘန်ကောက်က ပွဲစားတွေနဲ့ချိတ်ရင်ငါတို့တစ်ယောက်ကို..အစိမ်းလေးရွက်လောက်ပေးရမှာ... ဘန်ကောက်ကပွဲစားတွေလည်း..ဒီ.Hat Yai..ကTour..တွေဆီအပ်မှာပဲ....” ..“အေးလေ...ငါတို့နှစ်ယောက်ထဲသွားရမှာမှမဟုတ်တာ...တစ်ခြားငါတို့လိုသွားမဲ့လူတွေလဲပါဦးမှာပဲ... အဖေါ်ဘာလေးပါတော့အားရှိတာပေါ့ကွာ...သူတို့လဲ..တစ်ယောက်စနှစ်ယောက်စနဲ့တော့... ပို့မှာမဟုတ်လောက်ပါဘူး...” ..“အဲဒါဆို...မင်းဆီမှာပါလာတဲ့အစိမ်းအရွက်ကြီးတွေထုတ်ငါ့မှာတော့...တစ်ရွက်ပဲပါတယ်.... မင်းဆီကအစိမ်းတစ်ရွက်ငါ့ကိုခဏချေး......” ..“အေးပါ..ရပါတယ်....” ပြောပြောဆိုဆိုကျွန်တော့် ဂျင်းဘောင်းဘီ ခါးတံဆိပ်အောက်တွင် ဝှက်ယူလာသောအစိမ်းအရွက်ကြီး လေးရွက်ကိုထုတ်ယူရန်အတွက် ဘလိတ်ဒါးဖြင့်တံဆိပ်ကိုချုပ်ထားသောချုပ်ရိုးကိုလှီးဖြတ်လိုက်သည် အစိမ်း ၁၀၀ တန်လေးရွက်ထွက်လာသည်..။.. “ ရော့..” သားငယ်ကို ၃ရွက်ပေးလိုက်သည်။ကျန်တစ်ရွက်ကိုခရီးဆောင်အိတ် အတွင်းရှိ အတွင်းအိတ်ငယ်ကလေး အတွင်းသို့လက်ကိုင်ပုဝါဖြင့် သေချာပတ်၍ မှတ်မှတ်ရရထည့်ပြီး ဇစ်ကိုဆွဲပိတ်လိုက်သည်။ ခရီးဆောင်အိတ်ကိုသော့ခတ်လိုက်ပြီး သော့ချောင်းကိုဂျင်းဘောင်းဘီ ရှေ့ဖက်အိတ်၏အပေါ်ခါးနားတွင်ရှိ အိတ်အသေးလေးထဲသို့ထည့် သိမ်းလိုက်သည်....။သားငယ်သည် ကျွန်တော့်ပတ်စ်ပို့ကြားနှင့် သူ့ပတ်စ်ပို့ကြားတွင်အစိမ်းနှစ်ရွက်စီညှပ်၍အောက်ထပ်သို့ဆင်းသွားသည်။ ၎င်းကျွန်တော့ထံမှ ချေးယူသောအစိမ်းတစ်ရွက်သည်ယနေ့အထိ ပြန်မရတော့ပေ...။မချေးလျှင်လည်းမဖြစ်တော့သော အနေအထားမဟုတ်လား............။ ၁၁း၃၀နာရီခန့်တွင် ကျွန်တော်တို့သည် ဘင်ကားများဖြင့် Hat Yai မှစတင်ထွက်ခွါလာခဲ့ကြသည်။ ဘင်ကားတစ်စီးတွင်လူ လေးငါးယောက်ဖြင့်ဘင်ကားစုစုပေါင်း၃စီးခပ်သွက်သွက်မောင်းနှင်လာကြသည်။ စုစုပေါင်းမလေးသွားမည့်လူ(၁၆)ယောက်(မိန်းကလေးတစ်ယောက်အပါအဝင်)လိုက်ပါလာသည် ဟုသိရသည်..။W..Tour...မှ..ရှစ်ယောက်...ကျွန်တော်တို့..T.Tour..မှ.. ၅ယောက်..အခြားTour..တစ်ခုမ ၃ ယောက်စသဖြင့်..Hat Yai..ရှိ Tour..များ စုပေါင်း၍လမ်းကြောင်းတစ်ခုတည်းမှပို့ကြခြင်းဖြစ်သည်။ ဘယ် Tourနှင့်သွားသွားဒီခရီးကိုဒီဈေးနှုံးအတိုင်းသာဖြစ်သည်။ ထို့ကြောင့်သူတို့လမ်းကြောင်းကိစ္စရှင်းပြစဉ်က မိမိTour နှင့်မနှစ်သက်ပါက အခြားမည်သည့် Tour နှင့်မဆိုသွားလိုကသွားနိုင်ကြောင်းဟုပြောခြင်းဖြစ်မည်။ ယခုအချိန်အထိတော့လမ်းကြောင်းကအေးဆေး။ဘာအနှောင့်အယှက်မှမရှိ။ ညနေ ၃ နာရီလောက်တွင် Motel တစ်ခုသို့ရောက်သည်။ ဘယ်နေရာရောက်၍ရောက်နေကြမှန်းမည်သူမှမသိကြ။ထို Motel တွင် တစ်ရက်တာခေတ္တတည်းခိုရန်သူတို့စီစဉ်ပေးသည်။တစ်ရက်ဆိုသည်မှာလည်း နောက်နေ့မှ သိရခြင်းဖြစ်သည်..။ကျွန်တော်နှင့်သားငယ်က တစ်ခန်း ကျန်လူတွေကလည်းသူတို့အတွဲနှင့် သူတို့အသီးသီးဝင်၍အနားယူ ကုန်ကြသည်...။လိုက်ပို့သောကားများလည်းလူများအားအခန်းသော့များ ပေးအပ်ပြီးသည်နှင့်ပြန်သွားကြသည်။Motel တွင်မလေးသွားမည့်သူများသာ ကျန်ရစ်ခဲ့ကြသည်.။ ကျွန်တော်လည်းဖြစ်ချင်ရာဖြစ်ကွာဟု စိတ်ပိုင်းဖြတ်၍ရေမိုးချိုးပြီးကုတင်ပေါ် သို့ပစ်လှဲလိုက်ရာညကတစ်ညလုံးလည်းအိပ်ရေးဝအောင်ကောင်းကောင်း မအိပ်ခဲ့ရသောကြောင့်ခဏတွင်းချင်းပင် အိပ်ပျော်သွားသည်။မှောင်ရီပျိုးစ အချိန်တွင် နိုးလာပြီးဗိုက်ဆာသောကြောင့်အနီးအနား ပတ်ဝန်းကျင်သို့ လျှောက်ကြည့်၍ဆိုင်တစ်ဆိုင်တွေ့သည်နှင့်ကျွန်တော်နှင့်သားငယ် ခေါက်ဆွဲပြုတ် တစ်ယောက်တစ်ပွဲနှင့်အအေးတစ်ပုလင်းစီ မှာယူစား သောက်လိုက်ကြသည်။တစ်ယောက် ၂၅ ဘတ် စီပေးရသည်။ခေါက်ဆွဲပြုတ် ဘတ် ၂၀ အအေး ၅ ဘတ်ဖြစ်သည်...။တည်းခိုခန်းပြန်ရောက်တော့ Motel ရှေ့ပရဝုဏ် အတွင်းရှိ တည်းခိုသူများ အပန်းဖြေနားနေရန် စီစဉ်ပြုလုပ်ထား သော ပန်းခြံငယ်လေးအတွင်း မလေးသွားမည့်သူများစုရုံးစုရုံးဖြင့် မလေးလမ်းကြောင်းအနေအထား အခြေအနေကို ငြင်းခုံဆွေးနွေး နေကြသည်......။ ..“ တို့ဒီ Motel မှာ...ဘယ်လောက်ကြာကြာနေရမှာလဲ......” ..“ ဒီကောင်တွေ..ငါတို့ကိုထားပြီးဘယ်တော့လာခေါ်မှာလဲ....” ..“ ဖုန်းနံပါတ်.....ဖုန်းနံပါတ်....သူတို့ဖုန်းနံပါတ်သိတဲ့လူမရှိဘူးလား......” ..“ကျွန်တော်သိတယ်..ကျွန်တော်လိုလိုမယ်မယ်..ရုံးခန်းကလိပ်စာကတ်တစ်ခုယူထားလိုက်တယ်.....” တစ်ယောက်သောသူက သူ့ပိုက်ဆံအိတ်အတွင်းထည့်ထားသော လိပ်စာကတ်ကိုထုတ်ပြသည်...။ ..“ တော်သေးတာပေါ့...နောက်နေ့ကျရင် သူတို့ကို ဒီမိုတယ်ကနေ ဖုန်းဆက်ခေါ်ရမယ်” ..“ ငါတို့ကိုဒီမှာထားခဲ့ပြီး ဘတ်သွားပြီထင်တယ်.....” ..“ မိုတယ်ကမောင်းချရင် တို့တော့ဒုက္ခဖြစ်ပြီ...” ..“ ဘယ်လိုလုပ်ကြမလဲ...” ..“ ကျွန်တော်က မိန်းမရတာ ၆ လလောက်ပဲရှိသေးတယ်..ဒီလိုမှန်းသိရင်.... မလာပါဘူး..” ဟုငိုမဲ့မဲ့ဖြင့်နောက်သလိုပြောင်သလိုပြောသည်။ကျန်လူများ တစ်ဝါးဝါး တစ် ဟားဟားဖြင့် ဝိုင်းဟားကြသည်....တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံပွက်လောရိုက်နေတော့သည်........။ ထိုအချိန်အခိုက်အတန့်ကာလလေးသည် ပျော်စရာကောင်းသလို စိတ်ညစ် စရာလည်း အလွန်ကောင်းသည်...........။

ကော်ပီ ၆

စာမျက်နှာ ခြောက်

ည ၁၁ နာရီလောက် ရောက်တော့.. အားလုံးပြောစရာမကျန်တော့ ၍
လေကုန်အာညောင်းဖြစ်ကုန်ကြသည့်အဆုံးတွင် မရေရာ မသေချာသော
ရှေ့ခရီးအတွက် အဖြေရှာရန် ခက်ခဲသော
ပုစ္ဆာကိုယ်စီဖြင့် ကိုယ့်အခန်း ကိုယ်ပြန်ဝင်သွား ကြတော့သည်။
ညနေက အိပ်ထားတာကြောင့်လော၊ပူပင်သောကများ၊
စိုးရိမ်စိတ်များ ကြောင့်လော.......မသိ၊အိပ်၍ မပျော်
ဟိုလှိမ့်ဒီလှိမ့် ဖြင့်သာ မိုးလင်းခဲရတော့ သည်။..........
သက်ပြင်းများကို တဟူးဟူး...တဟင်းဟင်းဖြင့်ချရသည့် အကြိမ်ပေါင်း
မှာ လည်းမရေတွက်နိုင်တော့ပေ။
မနက် ၁၁ နာရီခန့်တွင် မလေးသွားမည့်သူအားလုံး 'Motel' ရှေ့ပန်းခြံသို့
အသီးသီး ရောက်ရှိလာကြတော့သည်။ထုံစံအတိုင်း မနေ့ည က ကဲ့သို့
တစ်ယောက်တစ်မျိုး ထင်ကြေးပေး ငြင်းခုံပြောဆိုနေကြပြန်သည်။
“ကဲ .... ကဲ...ကျွန်တော်တို့ ဒီလို...ဟိုပြောဒီပြောလျှောက်ပြောနေလို့...
လေကုန်တာပဲ အဖတ်တင်မယ်......အခု ကျွန်တော် တို့ အားလုံး
တစ်ခရီးသွားတည်းဖြစ်တဲ့အတွက် ...ညီညွှတ်ဖို့တော့လိုတယ်... ဘာလုပ်သင့်လဲ.......ဘယ်လိုလုပ်ရရင်ကောင်းမလဲ.....ဒါကိုပဲ
အဓိကထားပြီးပြောကြရအောင်”
ကျွန်တော်က ဝင်၍ပြောလိုက်သည်။

..“ အဲ့ဒါတော့ဟုတ်တယ်..”
..“ ဒါဆိုရင်..ဒီလိုလုပ်ကျွန်တော်တို့..Hat Yai က Tour တွေဆီ ဖုန်းဆက်
အကျိုးအကြောင်းမေး..ဒါကိုအရင်လုပ်..ပြီးမှဘာဆက်လုပ်သင့်လည်းဆိုတာ
ထပ်စဉ်းစားမယ်..”
..“ ဟုတ်တယ်..ဖုန်းဆက်မယ်...”
ကျွန်တော်တို့ Tour တွေဆီ ဖုန်းဆက်ကြသည်။စိတ်မပူပါနှင့်မကြာမီ သူတို့
လာမည်ဖြစ်ကြောင်း ကြားသိရသည်...။ညနေ ၃နာရီရောက်တော့ Motel
ဝမ်ထမ်းများကတည်းခိုသူများအား ၂၄ နာရီတစ်ရက်ပြည့်ပြီ ဖြစ်သောကြောင့်
ကိုယ့်ပစ္စည်းကိုယ်ယူ၍ အခန်းသော့များအား ကောင်တာတွင်လာရောက်ပေးအပ်
ကြပါရန် မေတ္တာရပ်ခံတော့သည်။မလေးသွားမည့်သူအားလုံး ကိုယ့်အထုတ်ကိုယ်
ရှေ့ချ၍ပန်းခြံထဲတွင် ငုတ်တုတ်ဖြစ်ကုန်သည်။ယခုမှပိုဆိုးကုန်တော့သည် အားလုံး
ငိုမဲ့မဲ့......သောင်ပြင်လွှတ်သောခွေးလို...ကူကယ်ရာမဲ့..ဘယ်ရောက်နေလို့..ရောက်
နေမှန်းမသိ..ဘယ်နေရာကိုသွားလို့သွားရမှန်းမသိ...Tour တွေကိုသာကျိန်ဆဲနေမိ
ကြတော့သည်။ဖုန်းလည်းတစ်ဂွမ်ဂွမ်ဆက်ကြသည်။ကျွန်တော်လည်း ရင်ထဲမှာ ဝမ်း
နည်းသလိုဖြစ်လာသည်။ထွက်လာတာမှားပြီထင်တယ်..ငါ့ဘဝတော့..ရှေ့လျှောက်
ဘာတွေဖြစ်လာဦးမလဲမသိဘူး..KL မရောက်မခြင်းတော့ စိတ်အေးနိုင်မယ်မထင်ဘူး
KL ရောက်မှပဲ စိတ်ဒုံးဒုံးချနိုင်တော့မယ် ထင်ပါရဲ့..ဟူး.....တောင်စဉ်းစား..မြောက်စဉ်း
စားဖြင့် ရင်အစုံကို မီးစဖြင့်ထိုးနေဘိသကဲ့သို့ ပူလောင်လွန်းလှသည်..........။
ညနေ ၆ နာရီလောက် မှေင်ရီပျိုးစအချိန်တွင် Tour များရောက်လာသည်။နောက်ထပ်
မလေးသွားမည့်လူ ၅ ယောက်လည်းပါလာသည်။ထိုလူများကိုမေးမြန်းကြည့်တော့လည်း
ဘာမှရေရေရာရာမရှိ။ ထို ၅ ယောက်သည် ကျွန်တော်တို့ အုပ်စုနှင့် စကားပြောရတာ
သိပ်အစေးမကပ်ချင်။နဲနဲလေလုံးထွားသယောင်ရှိသည်။ကျွန်တော်တို့အုပ်စုထဲမှ လူတော်
တော်များများ သောက်မြင်ကပ်ကြသည်..။ Tour များက မလေးထဲသို့ပို့မည့် လမ်းကြောင်း
ဦးဆောင်သူများထံ ကျွန်တော်တို့ကို အပ်ရသည်။လမ်းပြများသည် မလေးနှင့်ထိုင်းလူမျိုးများ
ဖြစ်ကြသည်။လမ်းပြများက ကျွန်တော်တို့ကို ဘယ်နှစ်ယောက်လဲဟု မေးရာ ၁၆ ယောက်ဟု
ပြောသဖြင့် လမ်းပြက နောက်ထပ်ရောက်လာသော ၅ ယောက်ကိုလက်ညှိုးထိုး၍ သူတို့က
ရောဟု မေးရာ........
..“ သူတို့က သတ်သတ်တို့နှင့်မဆိုင်..” ဟုပြော၍ အမြင်ကပ်ကပ်ဖြင့်ပစ်ထားခဲ့ကြသည်..။
ဟိုလူ ၅ ယောက်လည်း ငိုမဲ့မဲ့..ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြသည်..။
သနားစရာတော့အကောင်းသား...ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ........
ကျွန်တော်တို့ ၁၆ ယောက်ကခင်မင်ရင်းနှီးပြီးသားဖြစ်နေသည်...။ သို့နှင့် Motel မှ
Hilux Pick-up ကားများဖြင့်ည ၇ နာရီခန့်တွင် ထွက်ခွါလာခဲ့ကြသည်။ ည ၉ နာရီအချိန်တွင်
အိမ်တစ်အိမ်ရှေ့၌ကားရပ်လိုက်သည်။ကားပေါ်မှ မလေးသွားမည့်သူများကို ဆင်းခိုင်းပြီး
ထိုအိမ်ရှိကားဂိုဒေါင်ထဲတွင် ထည့်၍အပြင်မှသော့ခတ်ပြီးထွက်သွားကြပြန်သည်..။လာပြန်ပြီ
တစ်ခါ....ဆူညံပွက်လောရိုက်ကုန်သည်..။
..“ သားမှားပြီ...မှားပြီအမေရဲ့....”
ဟုအော်ငိုသလို.....အော်ဆိုသလို......ဆိုသူကတစ်မျိုး...........
..“ မိန်းမရေ........ငါတော့မှားပြီထင်တယ်...ဒီလိုမှန်းသိရင်..မလာပါဘူးကွာ....”
ဟုငိုမဲ့မဲ့ပြောသူကပြောနှင့် အတော်ပင်စိတ်ညစ်စရာကောင်းနေတော့သည်.......။
ကြောက်သည်ကတစ်ဖုံ.....စိုးရိမ်သည်ကတစ်လှည့်.....မမြင်ရသည့်အန္တရာယ်ကို
တွေးမိသည်ကတစ်မျိုး...ဘေးပါတ်ဝန်းကျင်တစ်ခွင်လုံး..ဘာမှမမြင်ရလောက်အောင်
မဲမဲမှောင်နေသည်ကြောင့်...ကိုယ့်နေရာကိုယ့်ဒေသလည်းမဟုတ်....မြွေပါး..ကင်းပါး..
အကောင်ပလောင်ပေါင်းစုံတို့ အန္တရာယ်ကို ထိတ်လန့်မိသည်ကတစ်နည်း...ရင်ထဲတွင်
ဗလောင်ဆူလျှက်ရှိကုန်ကြတော့သည်.....ရင်တွေလည်း တဒိတ်ဒိတ်ခုန်နေသည်မှာ..
တိတ်ဆိတ်နေပါက...အပြင်ကပင်အတိုင်းသားကြားရလောက်သည်..။ရင်ဘတ်ကြီးများ
ပွင့်ထွက်သွားမလားအောက်မေ့ရသည်............။
ဟိုတွေးသည်တွေးနှင့်ပင် အချိန်တို့တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြန်သည်.......။
ည ၁၁ နာရီခန့်တွင် အိမ်ရှေ့သို့ကားရပ်သံများကြားရသဖြင့်
..“ ပြန်လာကြပြီထင်တယ်...”
..“ စာအုပ်တွေ..တုံးသွားထုတာထင်တယ်....”
..“ အခုညဖက်ကြီး...ထွက်မှာလား....”
..“ မှောင်မှောင်မဲမဲတောထဲ..ဘယ်လိုသွားကြမလဲ....”
..“ ဒီကနေလှည့်ပြန်ကြရင်ကောင်းမယ်ထင်တယ်...
..“ အခြေနေစောင့်ကြည့်ပါဦး...သူတို့ဘယ်လိုလုပ်မလဲဆိုတာကို.....”
အပြင်ဖက်မှသော့ဖွင့်သံများကြားရသည်။လမ်းပြများဝင်လာပြီး..ကားပေါ်သို့တက်ခိုင်းသည်။
ကားနှင့်သွားမည်ဟုပြောသည်...အားလုံးဘာပြောကောင်းမလဲ...ကားပေါ်သို့တဖြုတ်ဖြုတ်နှင့်
တက်လိုက်ကြသည်မှာ ၁၀ မိနစ်တောင်ကြာမည်မထင်...။

ည ၁၁နာရီတွင် စတင်ထွက်ခွါလာခဲ့ကြသည်
ကျွန်တော်သည် ကားပေါ်တွင်ထိုင်လိုက်လာရင်း ဘေးပါတ်ဝန်းကျင်ကို
လေ့လာအကဲခတ်နေသည်..မညီညာသောမြေနီလမ်းဖြစ်သောကြောင့်
ကားဘော်ဒီကိုမြဲမြံစွာကိုင်ထားရသည်..။ဘေးပါတ်ဝန်းကိုင်တစ်ခွင်လုံး
သည် နယ်စပ်ဒေသဖြစ်သောကြောင့် မီးရောင်မရှိ..။ နေရာတကာ
ဆေးအမဲကို Black-board တွင်သုတ်ထားဘိသကဲ့သို့..မိမိနှင့်ဘေးချင်း
ကပ်လျှက်ထိုင်နေသူကိုပင် မမြင်ရပေ...။ကားသည်ကုန်းတက်လိုက်
ကုန်းဆင်းလိုက်ဖြင့် အပြင်းခရီးနှင်နေသည်...ကားနောက်တွင်ဖုံမှုန့် များ
အလုံးလိုက်လှိုင်းထလျှက် ကျန်ရစ်ခဲ့သည်..။ဖုံထကျန်ရစ်ခဲ့သည်ကို မြင်ရ
သည်ဟုမထင်ပါနှင့် ဖုံမှုန့်များသည် အသက်ရှုလျှင် နှာခေါင်းထဲသို့ဝင်သည်
ပါးစပ်ဟလျှင် ပါးစပ်ထဲသို့ဝင်သည်..ဒါ့ကြောင့်ဖုံထမှန်းသိရခြင်းဖြစ်သည်...။
မြင်ရ၍မဟုတ်ပါ....။မျက်လုံးတစ်ဖက်ကိုမှိတ် ကျန်တစ်ဖက်ကိုလက်တစ်ဖက်
ဖြင့်မျက်လုံးရှေ့တွင်မှန်ပြောင်းသဖွယ်လုပ်၍ဖုံကာပြီးကားမီးရောင်ကိုကျော်၍
ပါတ်ဝန်းကျင်ကို စူးစမ်းကြည့်ရာ.....နယ်ခြားစောင့်ကင်းတပ်စစ်စခန်းများကို
မပီဝိုးတဝါး တွေ့လိုက်ရသဖြင့် အထိတ်လန့်ကြီးလန့်သွားသည်...။
လှမ်းပစ်လိုက်လျှင် အားလုံးမသာပေါ်ကုန်တော့မည်...ထွက်မလာခင်က
အလွတ်ကျက်ခဲ့သော ဘုရားနှုတ်ကပါတ်တော်များ...အစွမ်းထက်ဂါထာတော်
များကို ရွတ်ချင်သလိုရွတ်နေတော့သည်.....။ကြောက်စိတ်များကတစ်ကိုယ်
လုံးအနှံ့ ကြီးစိုးနေသောကြေင့် ဘုရားဂါထာတော်များကို အစကနေရွတ်လိုက်
မေ့သွားလိုက်....ပြန်ရွတ်လိုက် တစ်ဝက်လောက်တွင်ရပ်သွားလိုက်....ပြန်ရွတ်
လိုက် ပြန်မေ့လိုက်ဖြင့်.....လုံးလည်ချာလည်လိုက်နေတော့သည်..........။မိနစ်
၃၀ ခန့်မောင်းပြီးသောအခါ ကားသည်အရှိန်လျှော့၍ရပ်လိုက်သည်
ကားရှေ့ခန်းမှလမ်းပြများထွက်လာပြီးအားလုံးဆင်းခိုင်းသည်။ တစ်ဖက်ကမ်းသို့ စက်လှေဖြင့်ကူးရမည်ဖြစ်ကြောင်းစက်လှေပေါ်သို့တက်ရန် လက်နှိပ်ဓါတ်မီးများဖြင့်
ထိုးပြသည်။ထိုအခါမှ ကမ်းစပ်တစ်ခုသို့ ရောက်နေကြောင်းသိရသည်..။
ကျွန်တော်သည် ကြောက်စိတ်ကြောင့် ဒူးတွေပင်မက တစ်ကိုယ်လုံးတုံယင်နေသည်
ဟုခံစားနေရသည်..။
ကျွန်တော်တို့ ထွက်မလာခင်က ရန်ကုန်မှာကြားခဲ့ရတဲ့သတင်းတွေ........
တစ်ချို့တောထဲမှာ အစာငတ်ရေငတ် လေးငါးရက်နေရတာတွေ.....
တစ်ချို့ပျောက်ဆုံးကုန်တာတွေ....တစ်ချို့စစ်တပ်ကဖမ်းမိပြီး ( camp ) ထဲရောက်ကုန်
တာတွေ.....တောထဲတောင်ထဲမမြင်ရတဲ့အန္တရာယ်တွေကြောင့်အသက်ဆုံးရှုံးကုန်တာတွေ
ဒါဆိုကျွန်တော်တို့ ကြားခဲ့ရတဲ့သတင်းတွေဟာ အမှန်တွေပဲပေါ့.........။
TV ဇာတ်လမ်းတွေထဲတွင်ကြည့်ရသော တောထဲတောင်ထဲတွင်..မြွေကိုက်၍.......
ရွှံ့နွံအိုင်ထဲနစ်မြုပ်၍......ပဒူအုံထဲကျ၍.......ကင်းများကိုက်၍......ညှောင့်စူး၍....
လူများသွေးရဲရဲ သံရဲရဲ ဒုက္ခပေါင်းစုံရောက်၍ အသက်ဆုံးရှုံးရပုံများ......တစ်ချို့ခြေပြတ်
လက်ပြတ်...မကုနိုင်တော့၍...တောထဲတောင်ထဲ ပစ်ထားခဲ့ရသည်များ...............
အတွေးအာရုံထဲတွင် အစီအရီ ထင်ထင် ရှားရှားမြင်ယောင်လာသောကြာင့်.........
..“ ဟေ့ကောင်သားငယ်...လမ်းကြောင်းကြီးက ကျွတ်စင်ကြီး ဒို့ဒီကနေလှည့်ပြန်ကြမယ်
သေသွားရင်ဘယ်လိုလုပ်မလဲ.....ဘဝတော့အဆုံးမခံနှိုင်ဘူး...ပိုက်ဆံဆုံးရင်ဆုံးပေ့စေ...။
..“ hey.....hey...we don't want go to malaysia....we going back and give me
back our passport....” ဟုကျွန်တော် အော်ပြောလိုက်သည်.....။
လမ်းပြများကဘာမှပြန်မပြော.........။
...“.where is the passports...” ကျွန်တော်မေးလိုက်ရာ....
လှေပေါ်တွင်ရှိကြောင်း လက်ညှိုးထိုးပြသည်..။
..“ သားငယ်ဟေ့ကောင်....မင်းဘယ်လိုလုပ်မှာလဲ...လိုက်မှာလား....ပြန်မှာလား.....”
ဒီကောင်လည်းတော်တော်အကြပ်ရိုက်နေပုံရသည်။ကျွန်တော်ကြောက်စိတ်ကြောင့်
ဒေါ တော်တော်ကန်နေသည် ။
..“ ငါတို့စာအုပ်တွေ..ရအောင်အရင်တောင်းရမယ်.. စာအုပ်မရှိရင်ဘယ်မှသွားလို့ရမှာ
မဟုတ်ဘူး..”
ကျွန်တော် passport စာအုပ်ကိုတွင်တွင်တောင်းရာ...လှေပေါ်တွင်ရှိကြောင်း....
passport တွင် ထိုင်းအထွက်တုံးနှင့် မလေးအဝင်တုံးများထုပြီးဖြစ်သောကြောင့်
ထိုင်းဖက်သို့ပြန်သွားလျှင်လည်း အဖမ်းခံရမည့်အကြောင်းများ ရှင်းပြသဖြင့် ကျွန်တော်တို့
အတွက် “ No Choice ” ဖြစ်သွားသည်...။
ဘဝကိုရင်းပြီး အသက်ကိုဖက်နှင့်ထုပ်ကာ ကိုယ့်ဒုက္ခကိုယ် ဒေါ်လာပေးရှာဖွေပြီး
ဘယ်သောင်....ဘယ်ကမ်းကပ်မည်မှန်း မမြင်ရ..........၊
ဘယ်အကောင်ပလောင်ကိုက်၍သေရမည်ကိုမသိရပဲ.....
မလေးရှားသို့ တောလမ်းမှသွားရန် “ Choice ” လုပ်လိုက်ရလေတော့သည်.........။
သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူကြပါ............................။

ကော်ပီ ၇

စာမျက်နှာ ခုနစ်

ကမ်းနဖူးသို့ထိုးတင်ထားသော လှေဦးမှတစ်ဆင့်လှေဝမ်းထဲသို့ ကျွန်တော်
ခုန်ဆင်းလိုက်သည်......။
အားလုံးလှေပေါ်ကိုရောက်နေကြသော်လည်း သားငယ်နှင့်ကျွန်တော်စကား
အခြေအတင်ပြောနေသဖြင့် လှေပေါ်သို့ကျွန်တော်တို့၂ယောက်နောက်ဆုံးမှ
တက်ဖြစ်ကြသည်..။လှေပေါ်သို့ရောက်သည်နှင့်စက်နှိုး၍ကမ်းမှစတင်ထွက်ခွါ
လာသည်။လှေပေါ်ရောက်ရောက်ခြင်း
..“ စာအုပ်တွေဘယ်မှာလည်း...အားလုံးစာအုပ်တွေရကြပြီလား...”
ဟု ကျွန်တော်အော်မေးလိုက်ရာ.......အားလုံးက
..“ မရသေးဘူး...” ဟု ပြန်ဖြေကြသည်။ထို့နောက်ကျွန်တော်လမ်းပြများထံမှ
စာအုပ်များကိုတောင်းရာသူတို့ကစာအုပ်များကို အထုပ်လိုက်ပြန်ပေးသည်။
ကျွန်တော့်လက်ထဲရောက်လာသောစာအုပ်ထုပ်ကိုကိုင်၍...လက်နှိပ်ဓါတ်မီး
ဖြင့်ထိုးကာ........
..“ ကဲ....အားလုံးသေချာနားထောင်....နာမည်ခေါ်ပြီးစာအုပ်ပြန်ပေးမယ်..”
အိတ်ထဲမှစာအုပ်တစ်အုပ်ကိုဆွဲထုတ်၍ ဓါတ်ပုံကပ်ထားသောစာမျက်နှာကို
လှန်လိုက်ပြီး........
..“ ကို...................”
..“ ဒီမှာ...ဒီမှာ..”
..“ မောင်........”
..“ ကျွန်တော့်စာအုပ်........”
..“ ကို............”
..“ အစ်ကို့ စာအုပ်......”
..“ မ................”
..“ ကျွန်မစာအုပ်.......” စသဖြင့်ကျွန်တော်ပြန်ဝေပေးလိုက်သည်..။
..“ ကဲ..အားလုံးကိုယ့်စာအုပ်ကိုယ်ရကြပြီနော်...မရသေးတဲ့လူရှိသေးလား....”
..“ ရပြီ...ရပြီ...အားလုံးရကြပြီ.....”
သို့နှင့်ပင်ကျွန်တော်တို့အုပ်စု စက်တပ်လှေဖြင့် မလေးရှားသို့ဦးတည်လိုက်ပါလာ
ခဲ့ကြသည်......။ကျွန်တော်တို့ဖြတ်သန်းလာသောမြစ်(သို့မဟုတ်)ချောင်းမှာ
ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို ပိုင်းခြားထားခြင်းဖြစ်မည်။စက်လှေသည်နာရီဝက်
ခန့်မောင်းနှင်ပြီး မလေးရှားကမ်းစပ်သို့ လှေဦးကိုထိုးတင်၍ဆိုက်ကပ်လိုက်သည်။
လမ်းပြများကဦးဆောင်၍ ကမ်းနဖူးပေါ်သို့တစ်ဖြုတ်ဖြုတ်ခုန်ဆင်းကြသည်။ ကမ်းပေါ်သို့
ရောက်သည်နှင့်လမ်းပြများသည် ရှေ့မှ ၂ ယောက် နောက်ဆုံးမှ ၂ ယောက်
လူတန်းကြီး၏အလယ်တွင် ၂ ယောက်စီညှပ်၍လက်နှိပ်ဓါတ်မီးများ..ဒါးများကိုင်ဆောင်၍
ကျွန်တော်တို့ ၁၆ ယောက်ကိုမလေးရှားနိုင်ငံအတွင်းသို့ စတင်ဦးဆောင်ခရီးနှင်ခဲ့ကြသည်။
ကျွန်တော်တို့စတင်ဖြတ်သန်းသောနေရာမှာ...ရာဘာခြံများဖြစ်သည်။ထို့ကြောင့် လူသွား
တောလမ်းကလေးအတိုင်း လျှောက်လာကြရာ..ဗွက်မရှိ..ခလုတ်ကန်သင်းမရှိ..
မြက်ပင်များပင်မရှိပဲ အေးအေးဆေးဆေး မြေနီလမ်းကလေးမှာ လမ်းလျှောက်ရသကဲ့သို့
ဖြစ်သောကြောင့် အားလုံး၏ရင်ထဲတွင် သောကများ စိုးရိမ်စိတ်များအတန်ငယ်လျှော့ပါး
သွားခဲ့ကြသည်...........။
..“ မဆိုးဘူးကွ.....ဒီလမ်းအတိုင်းသာလျှောက်ရလို့ကတော့ အေးဆေးပဲ.....”
..“ အေးလေ......ဒါလေးများ....အပျော့ပေါ့.......”
မလေးသွားမည့်သူများ တစ်ယောက်တစ်မျိုး ထင်ကြေးပေးပြောဆိုနေကြသည်။
ကျွန်တော်ကတော့ KL မရောက်မခြင်းစိတ်မအေးနိုင်သေး....။
..“ ခင်ဗျားတို့ကလည်း...စောင့်ကြည့်ပါဦး.. ဒါအစပဲရှိသေးတယ်...
ဘယ်လောက်ကြာကြာလျှောက်ရမယ်မှန်း မသိသေးဘူး...”
နောက်မှလူများကိုလှည့်ပြောရင်း ဆက်လျှောက်နေတော့သည်....။
သားငယ်ကကျွန်တော့်ရှေ့မှနှုတ်ဆိတ်လျှက်............။
ရာဘာခြံများဆုံးတော့ လယ်ကွင်းများကို တစ်မျှော်တစ်ခေါ်လှမ်းမြင်ရသည်။
ထိုလယ်ကွင်းများကိုဖြတ်လျှောက်ကြရပြန်သည်.............။
လယ်ကွင်းများဆုံးတော့ တောအုပ်ကြီးတစ်ခုကို မြင်ရသည်။
ထိုတောအုပ်ကိုဖြတ်မည်ထင်သည်။သို့နှင့်ကျွန်တော်တို့ တောအုပ်ကိုစတင်
ဖြတ်သန်းကြတော့သည်။တောထဲဖြတ်လျှောက်ရသောကြောင့် လမ်းဟူ၍
မည်မည်ရရ မရှိ။ ရှေ့မှ ကာဆီးနေသောသစ်ပင်သစ်ကိုင်းများကို လမ်းပြများက
ခုတ်ထွင်ရှင်းလင်း၍ ခရီးဆက်ရသည်။အောက်မှ ရွှံ့ဗွက်များ သစ်ရွက်ဆွေးများသည်
ခြေသလုံးတစ်ဝက်ခန့်အထိ နစ်မြုပ်သည်....။ရန်ကုန်မှ တယုတယ ဝယ်ယူလာသော
ကောင်းပေ့ လှပေ့ ညွန့်ပေ့ ဆိုသော အဝတ်အစားများ ၊ ဝေါ့ကင်းရှုး..၊ ဟတ်ဖ်ရှုး ၊
ကင်းပတ်..၊စသည်များဖြင့်စတိုင်ကျကျ ဝတ်စားလာခဲ့သော ကျွန်တော်တို့သည်
ညစ်ပတ်ပေတူးလျှက် လူရုပ်ပင်မပေါက်တော့..................။
တစ်တောင်ခန့်နက်သော ရွှံ့ညွှံဗွက်တောထဲတွင် ဖြတ်သန်းလာသည်မှာ ၁ နာရီခန့်
ကြာသောအခါ လမ်းပြများက ခေတ္တနားစေပြီး သူတို့သယ်ဆောင်ယူငင်လာသော
ရေသန့်ဗူးများကို ၂ ယောက်လျှင် ၁ဗူးကျစီ လိုက်လံဝေငှသည်။ကျွန်တော်တို့လည်း
မောမောဖြင့်ရေသောက်ရင်း ခြောက်သွေ့သောနေရာရှာ၍ ခေတ္တနားလိုက်ကြသည်။
တစ်ကိုယ်လုံးလည်းချွေးများရွှဲနစ်နေသည်။ ၁၅ မိနစ်ခန့်နားပြီးသောအခါ ခရီးဆက်ကြ
ရပြန်သည်...။ရွှံ့နွံတွေကိုထပ်မံဖြတ်ကြသည်။ပေါင်ရင်းခန့်နက်သော ရေပြင်ကျယ်ကြီး
ကိုလည်းဖြတ်ကြသည်။တစ်နေရာအရောက်တွင် လူတစ်ရပ်ခန့်နက်သော ချောင်းငယ်
တစ်ခုကိုလည်း ဖြတ်ရသည်..။ထိုအချိန်မှစ၍ လူတိုင်းလူတိုင်း ချွေးတွေရော ..ဗွက်တွေရော
ရေတွေရော...တစ်ကိုယ်လုံး ရွှဲနစ်ကုန်ကြတော့လေသည်..........။

ကော်ပီ ၈

စာမျက်နှာ ရှစ် ထိုချောင်းရိုကလေးမှအတက်တွင် လူတော်တော်များများ မျှော့တွယ်ခံလိုက်ရသည်..။ ..“ လုပ်ကြပါဦး.....လုပ်ကြပါဦး.....” လမ်းပြများရောက်လာသည်ကျွန်တော်လည်းရောက်သွားသည် ..“ ဘာဖြစ်တာလဲ...” ..“ ကျွန်တော့်ပေါင်ထဲ..မျှော့ဝင်သွားတယ်..လုပ်ပါဦး....” သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် အော်ဟစ် ပွတ်သတ် ကုတ်ခြစ်နေသည်။ ကျွန်တော့်အနီးရှိ လမ်းပြတစ်ဦးထံမှ ဒါးကိုတောင်းရာ လမ်းပြကလုံးဝမပေးပေ..။ ..“ ဒီမှာ..သူတို့ကတော့ ကျွန်တော်တို့ကို ဒါးတော့ပေးမှာမဟုတ်ဘူး..သူတို့အတွက် အန္တရာယ်ရှိတယ်....” ..“ ဒါဆိုရင်...ဘယ်လိုလုပ်မလဲ....” ..“ ခင်ဗျားကလဲဗျာ...မျော့တွယ်တာမသေနိုင်ပါဘူး....ခင်ဗျားဘောင်းဘီကို ချွတ်လိုက်....” ကျွန်တော်ပြောမှ သုလည်းသတိရ၍ ဘောင်းဘီကိုချွတ်လိုက်ရာ ပေါင်တွင်အတော် ကြီးသောကျွဲမျှော့ကြီးတစ်ကောင် တွယ်ကပ်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်တော် လက်နှင့်ကိုင်ဆွဲဖြုတ်ပြီး အဝေးသို့လွှင့်ပစ်လိုက်သည်။ ကျွန်တော်က မျှော့ကိုတော့ သိပ်မကြောက်ပါ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ငယ်စဉ်ကလေးဘဝက ကျွဲလူး အိုင်များတွင် မကြာခဏနေ့စဉ်နီးပါး ရေကူးဆော့ကစားလေ့ ရှိသောကြောင့်ပင်...။ ကျွန်တော်လည်း ခြေဖျားမှခေါင်းအထိ လက်ဖြင့်အသာပွတ်၍ ခန္ခာကိုယ်တွင် မျှော့တွယ် မတွယ်စမ်းသပ်ကြည့်လိုက်သည် မရှိ..။ အခြားလူတွေလည်း ထိုလူထံမှမျှော့ကို ကြည့်၍ အင်္ကျီချွတ် ၊ဘောင်းဘီချွတ် ၍ တစ်ကိုယ်လုံးအနှံ့ ရှာဖွေကုန်ကြတော့သည်........။ သို့နှင့်ပင်ခရီးဆက်ကြရပြန်သည်။ကျွန်တော်တို့သည် ထိုင်းနယ်စပ်မှ ည ၁၁ နာရီခန့်လောက် တွင်ခရီးစတင်ထွက်ခွါခဲ့ရာ ယခု ည ၃ နာရီတိုင်အောင် တောထဲတွင်တစ် လည်လည်ဖြင့် လိုရာခရီးသို့မရောက်နိုင်သေးပေ.....။တောထဲတွင် ဘင်္ဂလားအဖွဲ့များနှင့်လည်းဆုံကြသေး သည်ထိုဘင်္ဂလားအဖွဲ့သည်လူ ၁၀၀ ကျော်သည်ဟု သိရသည်။သဘောကောင်းကြသည်..။ သူတို့လမ်းပြများက တောကျွမ်းပုံရသည်။ မကြာခင် သူတို့ခရီးဆုံးတော့မည်ဖြစ်သဖြင့် သူတို့တွင် ပါသော ကျန်သော ပေါင်မုန့်များ ၊ဘီစကစ်များ ၊ကိတ်မုန့်များ ၊ရေဗူးများ ကို ကျွန်တော်တို့အဖွဲ့အားပေးခဲ့ကြသည်...။ခဏနားပြီးသော် ခရီးဆက်ကြရပြန်သည်။ တစ်နေရာအရောက်တွင် လမ်းပြများက ခြေအိတ်များ ၊ ဖိနပ်များ ကိုချွတ်ခိုင်းသည်ခြေဗလာ ဖြင့်ခရီးဆက်ရမည်ဟုပြော၍` ကျွန်တော်ခြေအိတ်ဖိနပ်များကိုချွတ်ပြီး ဖိနပ်ကြိုး ထိပ်စနှစ်ခုကို ပူးတွဲချည်နှောင်လိုက်ပြီး လည်ပင်းတွင်ချိတ်ဆွဲလိုက်သည်..။ ခရီးဆောင်အိတ်ပျော့၏ လက်ကိုင်ကွင်းထဲသို့ လက်နှစ်ဖက်ကို လျှိုသွင်းလိုက်ပြီး ရင်ဘတ်ရှေ့တွင် ပူးတွဲချည်နှောင် လိုက်ရင်းရှေ့ဆက်ရမည့်ခရီးအတွက်စဉ်းစား၍ ရင်လေးနေမိတော့သည်...။ ကျွန်တော်တို့ ရှေ့ဆက်ဖြတ်သန်းရမည့်တောသည် မည်မျှနက်ရှိုင်းသည်တော့မသိ မျောက်အော်သံများ တစ်ခြားအကောင်ပလောင်တို့ အော်သံများကို အတိုင်းသား ကြားနေရသည်...။နောက်ဆုံး တောကိုဖြတ်သန်းရန် လမ်းပြများစတင်ထွက်ခွါသည်။ တောထဲသို့ စဝင်လိုက်သည်နှင့် ပေါင်ရင်းခန့်နက်သောရေပြင်နှင့် ရေပြင်အောက်တွင် သစ်ပင်ကြီးတို့၏ သစ်မြစ်များ ရောယှက်လျှက် ခြေချော်လဲလိုက် ပြန်ထလျှောက်လိုက်ဖြင့် အားလုံးဝရုံးသုံးကား ခရီးဆက်နေကြရသည်။လမ်းပြများက ဖိနပ်များကို ချွတ်ခိုင်းစဉ်က သဘောမပေါက် ယခုမှသိရတော့သည် ဖိနပ်နှင့်သာလျှောက်ပါက ဒီထက်ပို၍ ဒုက္ခရောက်ဖို့များသည်။ဖိနပ်သည် ဆူးညှောင့်ခလုတ် ကန်သင်းတို့ကိုသာ ကာကွယ်ပေး နိုင်သော်လည်း ရေညှိများဖြင့် ချောမွတ်နေသော မညီမညာ သစ်မြစ်များပေါ်တွင်မူ ဘယ်လိုမှခရီးမတွင်အဆင်မပြေနိုင်ပေ။ ကိုယ်ပိုင်ခြေဗလာသာလျှင် အကောင်ဆုံးဖြစ်သည်ကို သဘောပေါက်နားလည်လိုက်ရသည်.....။ ဖြတ်သန်းလာခဲ့သမျှ လမ်းတစ်လျှောက်တွင် ယခုဖြတ်သန်းရသော တောလောက် မနက်ရှိုင်း ၊ မခက်ခဲ ၊ မကြမ်းတမ်း ၊ဟုထင်ရသည်..။ လူတို့သည် ဒုက္ခများကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရစဉ်က တော်တော်တုန်လှူပ် ခြောက်ခြား ခဲ့ကြသည် ..။ ထိုဒုက္ခ အခက်အခဲများမှ ကင်းဝေးလွန်မြောက်ခဲ့ပြီး နောက်ထပ်တွေ့ရသော အခက်အခဲ ပြဿနာများနှင့်ရင်ဆိုင်ရပြန်ပါက ယခင်ကြုံတွေ့ခံစားခဲ့ကြရသော ဒုက္ခအခက်အခဲ ပြဿနာများသည် ပေါ့သွားသယောင် ထင်ရသည်..။ကျွန်တော်တို့လည်းထိုကဲ့သို့ပင်........။ နံနက် ၆ နာရီခန့်တွင် KL သို့သွားသော ကားလမ်းအနီး ငှက်ပျောတောသို့ ရောက်ရှိခဲ့ကြသည်။ ထိုနေရာရောက်မှ ခြေပစ် လက်ပစ် ခေတ္တအနားယူနိုင်တော့သည်...။ KL သို့သွားသောကားများလာခေါ်မည်ဖြစ်ကြောင်း ဒီနေရာတွင် ခဏတစ်ဖြုတ်နားရင်း ကားရောက်မရောက် သွားကြည့်မည်ဟုပြောပြီး လမ်းပြ ၄ ယောက်ထွက်သွားသည်။ လမ်းပြ၂ ယောက်ကျွန်တော်တို့အပ်စုနှင့်ကျန်ခဲ့သည်။ ကျွန်တော်တို့လည်း လမ်းတစ်လျှောက်ပင်ပန်းလာခဲ့ရ သဖြင့် စိတ်တစ်ဝက်အေးချမ်းခဲ့ကြသည်။ နောက်ထပ်လမ်းလျှောက်ရန်မလိုတော့ ကားဖြင့် KL သို့ ရောက်ဖို့ရန်သာ ရှိတော့သည်။ ၆ နာရီခွဲခန့်တွင် ကားသွားကြည့်သော လမ်းပြများဆီမှ ဓာတ်မီးရောင်ဖြင့် အချက်ပြ၍ ကားရောက်ကြောင်း၊ ခရီးသည်များ ကားရှိရာသို့ခေါ်ဆောင်လာနိုင်ကြောင်း၊ ကျန်ခဲ့သောလမ်းပြ ၂ ယောက်အားလှမ်း၍ အချက်ပြသဖြင့် ကျွန်တော်တို့ အားလုံး ကားရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ကြရပြန်သည်။ ကားသည် မြန်မာတွေ အခေါ် ပေါင်မုန့်ကား၊တံခါးကိုနောက်မှဖွင့်ဝင်ရသည်။ အထဲတွင်ထိုင်ခုံများမရှိ၊ ကား၏ကြမ်းပြင်တွင် ၁၅ ယောက် စလုံး ကပ်သပ်၍ကျပ်ကျပ်ညပ်ညပ် ထိုင်ကြရသည်။ ရှေ့ခန်းတွင်မူ ဒရိုင်ဘာ၊ မလေးမှ ဦးဆောင်သူ၊ ကျွန်တော်တို့အုပ်စုမှ မိန်းကလေး တို့ဖြစ်သည်။ “ ဒီအချိန်မှာတော့ ...ငါမိန်းမဖြစ်ချင်လာပြီ” တစ်ယောက်သောသူက နောက်သလိုပြောသည်။ ရှေ့ခန်းမှ မိန်းကလေးက ရယ်နေသည်။ သူကတော့ အေးဆေးပေါ့..... ဒီကကောင်တွေမှာတော့...တစ်လမ်းလုံး ရွံ့ပေ၊ ဗွက်ပေ၊ ချွေးတစ်လုံးလုံး၊ သံတစ်လုံးလုံး တောဖြတ်လာရသဖြင့် ညစ်ပတ်နံစော်နေရသည့် ကြားထဲ၊ ကားနောက်ဘက်တွင်လူ ၁၅ ယောက် ပြွတ်သိပ်ထိုင်ရသောကြောင့် ပူလောင်တင်းကျပ်နံစော်လို့သာနေတော့သည်။ ဒီကြားထံ ရှေ့တွင် ရဲကင်းများ၊ ရဲကားများ ၊ ရဲစခန်းများရှိပါက နောက်ခန်းမှလိုက်သူများကို တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်နေခိုင်းပြီး၊ တာလပတ်ဖြင့်အုပ်၍ ခရီးဆက်လက် ထွက်ခွာလာခဲ့ကြသည်။ တစ်နေရာ အရောက်တွင် ရဲက ကားကိုရပ်တန့် စစ်ဆေးရာ ကားနောက်ခန်းတွင် လူများကိုတွေ့သဖြင့် ကားဒရိုင်ဘာသည် မောင်းပြေး ရသည်။ နောက်မှရဲကား ကလည်း ထပ်ကြပ်မကွာလိုက်သည်။ ဒရိုင်ဘာသည်ကားမောင်းရင်းသူ့ “Boss” ဆီသို့ ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောရာ၊ မကြာမှီ “Boss” သည်သူ့ဆလွန်းကားဖြင့်ရောက်လာပြီး၊ ရဲကားများကိုရပ်ခိုင်း၍ “Boss” နှင့်ရဲများဆွေးနွေးပြီး အဆင်ပြေသွားသည်။ ငွေအနည်းငယ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက်ကျွန်တော်တို့ ခရီးဆက်ကြပြန်သည်။ တစ်နေရာ အရောက်တွင် ရဲပတ္တရောင်လှည့်ကားဖြင့် ကြုံပြန်သဖြင့် အနီးအနားရှိ ဆီအုန်းခြံ၊ ရာဘာခြံထဲသို့ ကားမောင်းဝင်ပြီး ထိုခြံထဲတွင် ၂ နာရီ ခန့် လျှောက်ပတ်မောင်းရင်း တိမ်းရှောင်ရပြန်သည်။ ကျွန်တော်တို့သည် နံနက် ၇ နာရီ ခန့်မှ စတင်ထွက်ခွာခဲ့ကြရာ နေ့လည် ၁ နာရီခန့်တွင် လမ်းခုလတ်တစ်နေရာသို့ ရောက်သည်။ ထမင်းစားချိန်ဖြစ်သဖြင့် တစ်ယောက်ကို ထမင်းတစ်ထုပ်စီနှင့် အအေးတစ်ဗူးစီလိုက်လံဝေငှသည်။ ကျွန်တော်နှင့်သားငယ်လည်း ပင်လည်းပင်ပန်း၊ ဆာလည်းဆာဆာဖြင့်စားလိုက်ကြသည်။ “အင်း...အခုမှဘဲ နေသာထိုင်သာရှိတော့တယ်..” ရေမချိုးရသည်မှာ ၁ ရက်ခန့်ရှိပြီး တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားရသလို နာကျင်ကိုက်ခဲနေသည်။ စိတ်ဓါတ်ကိုတင်းထားရသည်။ နို့မဟုတ်ပါက လဲပြိုသွားနိုင်သည်။ ကျွန်တော်တို့ ခေတ္တခဏစားသောက်နားပြီး၊ ကားဖြင့်ခရီးဆက်ကြရပြန်သည်။ ကျွန်တော်တို့ကားသည် မရပ်မနား ဆက်လက်မောင်းနှင်လာခဲ့ရာ ည ၈ နာရီခန့်တွင် တောင်ကိုဖြတ်၍ ဖောက်ထားသော ဥမင်လိုဏ်ခေါင်းမှ စတင်၍ မောင်းနှင်လာခဲ့သည်။ ရောက်ဘူးသူများက “ဒါဆိုရင်..KL အဝင်ကိုရောက်ပြီ” ဟုပြောသည်။ လိုဏ်ခေါင်းထဲတွင်နှင်းခွဲမီးဝါကြင့်ကြင့်များစီတန်းထွန်း ထားသဖြင့် မောင်းနှင်နေသော ကားကြီး ကားငယ် အသွယ်သွယ် ကို အထင်းသားမြင်နေရသည်။ ကျွန်တော်လည်းမမြင်ဘူးသောကြောင့် နေရာတကာသို့ငေးမောရင်းလိုက်ပါလာခဲ့သည်။ KL မြို့ထဲသို့ရောက်သည်နှင့် တစ်မြို့လုံးလင်းထိန်နေပြီး နေရာတကာတွင် စားသောက်ဆိုင်များ၊ “ Coffee Shop ” များကိုတွေ့ရသည်။ မမြင်ဘူး၊ မတွေ့ဘူးသော လူများကိုလည်း လျှောက်ကြည့်ငေးမောရင်း စိတ်ထဲတွင် “ ငါတို့တော့ ကွာလာလမ်ပူ ကို အခက်အခဲပေါင်းများစွာကိုဖြတ်သန်း ကျော်ဖြတ်၍ ရောက်ခဲ့ကြပြီပေါ့လေ.......” ဟု မှတ်ချက်ချနေမိပါတော့သည်။

ကော်ပီ ၉

စာမျက်နှာ ကိုး

ည ၁၀ နာရီတွင် ကျွန်တော်တို့ ခရီးပန်းတိုင်သို့ ရောက်ရှိခဲ့ကြသည်။

ရောက်ရောက်ချင်း ရေချိုး၊အိမ်သာတက် အရင်လုပ်သည်။

ပြီးမှထမင်းစား၍ အေးအေး ဆေးဆေး အနားယုရန်ပြင်သည်။

သို့သော်လည်းမနားနိုင်သေး၊ သားငယ်သည် သူ့မိတ်ဆွေဆီ ဖုန်းဆက်၊

ကျွန်တော်လည်း ကြည်းစိုးဆီ ဖုန်းဆက်နှင့် အလုပ်ရှုပ်နေကြသည်။

“ ဟေ့ကောင်....ကြည်စိုး...ငါ KL ရောက်နေပြီ ”

“ KL ဘယ်နေရာလဲ ”

“ ငါ လည်း မသိဘူး ”

“ ဒါဆိုရင် သိန်းအေး မင်းအဲ့ဒီကနေ ..TAXI ငှားပြီး ငါပေးထားတဲ့ လိပ်စာအတိုင်းလာခဲ့

ဘယ်သူပါသေးလဲ ”

“ ငါနဲ့သားငယ် ..၂ ယောက် ”

“ အေး ဒါဆိုရင် မနက်ဖြန် ညနေ ပိုင်းလောက်လာခဲ့ … ငါစောင့်နေမယ်..”

“ အေးအေး ကောင်းပြီသူငယ်ချင်း ” ကျွန်တော်တို့ ရောက်ရှိနေသောနေရာသည်

Black Kong ဟုအိမ်ခံလူတို့၏ ပြောပြချက်အရ သိရသည်။

ကြည်စိုးနေထိုင်အလုပ်လုပ်နေသောနေရာမှာ Bukit Serdang ဟုနောက်မှသိရသည်။
နောက်တစ်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျွန်တော်နှင့်သားငယ် ခေတ္တတည်းခိုရာ
Black Kong မှ ကြည်စိုးရှိရာ ဖုန်းကြိုဆက်၍ Taxi ငှားပြီးထွက်လာခဲ့ကြသည်..။
Bukit Serdang ရောက်တော့ ကြည်စိုး ထွက်ကြိုနေသည်။
..“ ဟေ့ကောင်...သိန်းအေး...ရောက်လာကြပြီလား......”
..“ ဟာ....ကြည်စိုး...စောင့်နေရတာကြာနေပြီလား.....”
..“ သိပ်မကြာသေးပါဘူး...Taxi ခဘယ်လောက်ကျလဲ...”
..“ ၁၃ ကျပ်ခွဲ...”
ဟု မြန်မာလို အကျင့်ပါနေ၍ပြောမိသည်။အမှန်တစ်ကယ်တွင်မူ ၁၃ ရင်းဂစ် နှင့် ၅၀ ဆင့်
ဟုပြောရမှာ ဖြစ်သည်။လူတိုင်းလည်းနှုတ်ကျိုးနေကြသည်။ထမင်းတစ်ပွဲ ဘယ်လောက်လဲ
မေးလိုက်လျှင် လူတိုင်းနီးပါး ၁ ကျပ် ပြား ၈၀ ဟုသာပြောကြသည်။အမှန်တစ်ကယ်မှာမူ
ကျပ်အစား ရင်းဂစ်၊ပြားအစား ဆင့်၊ဟုသာပြောရပေမည်။
..“ ဒါဆို..မင်းတို့ကို...Taxi..သမားက ရိတ်လိုက်တာ....Black Kong နဲ့ Bukit Serdang က
နီးနီးလေး ....”
..“ အေးလေ..ဘယ်တတ်နိုင်မလဲ ပါတို့မှမသိတာ...ဟေ့ကောင်ရေ တောလမ်းကလာရတာ
မချောင်ဘူးကွာ...”
..“ လူတိုင်းဒီလိုပဲ လာကြတာပဲ...”
..“ ဟုတ်လား..”
..“ လာ...လာ...မင်းတို့ကို ရောက်ရောက်ခြင်း မလေးဘဲဥချဉ်ရည်ဟင်း နဲ့ထမင်းကျွေးမယ်..”
ငါ့သူငယ်ချင်းအိမ်ကိုသွားကြမယ်..အဲ့ဒီမှာတစ်ညအိပ်ပြီး နောက်တစ်နေ့ကျရင် မင်းအတွက်
နေဖို့ ထိုင်ဖို့အတွက် ငါလိုက်စုံစမ်းပေးမယ်.......”
ဒါနှင့်ပဲ ကြည်စိုးသူငယ်ချင်းအိမ်သို့ ရောက်သွားပြီး ဘဲဥချဉ်ရည်ဟင်းနှင့်ထမင်းစားကြသည်။
ဟင်းကလည်း ညံ့လိုက်တာ။စိတ်ထဲမှပြောမိသည်။နောက်တစ်နေ့ မိုးလင်း၉နာရီလောက်
ကြတော့ ကြည်စိုးရောက်လာသည်။ကျွန်တော်တို့ နေထိုင်ရန် အိမ်ခန်းရှာဘို့ ထွက်ခဲ့ကြသည်။
တရုတ်ဘုံကျောင်းတစ်ခုထဲသို့ ကြည်စိုး ဝင်သွားသည်...တရုတ်လိုကော...မလေးလိုကော..
ကွိကျိ..ကွကျိ ပြောပြီး ပြန်ထွက်လာသည်။
..“ ဒီမှာလူပြည့်နေပြီ...နောက်တစ်နေရာသွားရှာကြမယ်...”
ကျွန်တော်တို့လည်း သူ့နောက်မှ လျှောက်လိုက်ကြသည်..။နောက်တစ်အိမ်သို့ရောက်သွားသည်။
ထိုအိမ်တွင် မြန်မာများ ဖဲရိုက်နေကြသည်။မြန်မာတွေချည်းနေသောအိမ်ဖြစ်မည်။
ကြည်စိုး ဖဲရိုက်နေသောသူများနှင့်စကားစမည်ပြောပြီး ကျွန်တော်တို့ကို
လက်တို့ခေါ်ကာ ပြန်ထွက်လာသည်..။
..“ မင်းဒီမှာနေလို့တော့ရတယ်..ဒါပေမဲ့..မဖြစ်ပါဘူးကွာ..ဒီမှာက
ငါးသမားနဲ့ ဖဲသမား တွေချည်းပဲ......ဂျလေဘီတွေ....”
နောက်တစ်နေရာ ထပ်စုံစမ်းပြန်သည်။လမ်းဘေးအကြွေဖုန်းဖြင့် လှမ်းစုံစမ်းနေသည်။
မလေးရှားတွင် လမ်းဘေးအကြွေဖုန်း ၊ ကတ်ဖုန်း များနေရာတကာတွင်ရှိသည်။ ၁၀ ပြားစေ့
ထည့်၍ ဆက်ရသည် ။၁၀ပြားစေ့ထည့်၍ ဆက်ပါက ၃ မိနစ်ခန့်ပြောရသည်..။
..“ မင်းတို့... ချန်စောလင်း .....ကပွဲစားခိုင်စိုးဆီမှာ နေလို့ရတယ်...ငါလိုက်ပို့ပေးမယ်..
အဲ့ဒီမှာအလုပ်လဲ ရှာခိုင်းလို့ရတယ်..”
ကျွန်တော်တို့ ချန်စောလင်း သို့ရောက်သွားသည်။ပွဲစားခိုင်စိုး၊ကြည်စိုး၊သားငယ်နှင့်ကျွန်တော်
တို့ ကိုခိုင်စိုး နေထိုင်ရာ Blk အောက်မှ Coffee Shop တွင် ခေါက်ဆွဲပြုတ်စားရင်း စကားပြော
ဖြစ်ကြသည်။
..“ ကိုခိုင်စိုး...ဒါကျွန်တော့်သူငယ်ချင်း...သိန်းအေး...သူက..သားငယ်...လောလောဆယ်
အလုပ်မရသေးခင် ခင်ဗျားအိမ်မှာနေကြလိမ့်မယ်...အိမ်လခကျွန်တော်တာဝန်ယူတယ်....
အလုပ်လဲရှာပေးဦး...ပွဲခကျွန်တော်ပေးမယ်...”
..“ အင်းပါ...ဘာအလုပ်ဖြစ်ဖြစ်..လုပ်မှာမှုတ်လား...”
“..ဒါပေမဲ....ကောင်းတဲ့ အလုပ်လေးတော့ရှာပေးနော်.....”
..“ စိတ်ချပါ...ကိုကြည်စိုး....ခင်ဗျားသူငယ်ချင်းကို ကျွန်တော်အလုပ်ကောင်းကောင်း ရှာပေးပါ့
မယ်......”
..“ ဒါဆိုရင်ကျွန်တော်သွားတော့မယ်....သူတို့ကိုထားခဲ့မယ်...ခုထိကျွန်တော်မအိပ်ရသေးဘူး...”
..“ ခင်ဗျား...အလုပ်က..Night-Shift ..လား...”
..“ ဟုတ်တယ်...ဒါဆိုကျွန်တော်သွားပြီ....စိတ်ချမယ်နော်...”
..“ Ok...စိတ်ချ.....”
..“ သိန်းအေး...ငါသွားပြီ....လိုတာရှိရင်ငါ့ဆီဖုန်းဆက်....”
..“ အေး...အေး.....”
ဒီကောင်သောက်ကျင့်မကောင်းဘူး...သူ့အိမ်မှာတော့ခေါ်မထားဘူး...ကျွေးထားရမှာစိုးလို့
နေမှာပေါ့..စိတ်ထဲကနောက်ပြော...ပြောမိသည်...။ဒါနှင့်ပဲ ကျွန်တော်တို့ ချန်စောလင်း မှာ
နေဖြစ်ကြသည်။တစ်ပါတ်လောက်ကြာတော့ ...........
..“ အစ်ကိုတို့ မုန့်ဆိုင်မှာလုပ်မလား....နေစရာပေးမယ်...တစ်လကို ရင်းဂစ် ၅၀၀၊ရမယ်...
ပွဲခ၂၀၀ ပေးရမယ်....”
..“ ကျွန်တော်ကြည်စိုး နဲ့တိုင်ပင်လိုက်ဦးမယ်...လုပ်တာတော့လုပ်ဖြစ်မှာပါ...”
ထို့နောက် ကျွန်တော် ကြည်စိုးဆီ ဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြသည်..။
..“ မင်းလုပ်နိုင်လား...”
..“ သြော်....မင်းကလည်း...အလုပ်လုပ်ဖို့လာတာပါဆိုမှ....လုပ်ရမှာပေါ့...”
..“ ဒါဆိုရင်..ကိုခိုင်စိုးကို...ငါပွဲစားခလျှော့ခိုင်းမယ်...”
..“ မင်းသဘောပဲ...”

ကော်ပီ၁၀

စာမျက်နှာ တစ်ဆယ်

ထို့နောက် ကြည်စိုးနှင့်ပွဲစား ခိုင်စိုးတို့ အလုပ်ကိစ္စဖုန်းနှင့်ပြောဆို
ဆွေးနွေးကြပြီး နောက်တစ်နေ့ည ၈ နာရီလောက်တွင် ကျွန်တော်တို့
အထုပ်ကိုယ်စီဆွဲ၍ Taxi ငှားပြီး မုန့်တိုက်ရှိရာသို့ ထွက်လာခဲ့ကြသည်။
မုန့်တိုက်ရောက်တော့ ကိုခိုင်စိုး ဆိုင်ပိုင်ရှင်သူဌေးနှင့် ပြောဆိုပြီးအဆင်
ပြေသွားသဖြင့် မုန့်တိုက်၏ အပေါ်ထပ်တွင် ကျွန်တော်တို့ကို နေစရာ
ပေးပြီး အလုပ်စတင်ခန့်လိုက်လေတော့သည်။ပွဲစားခမှာ တစ်ယောက်
လျှင် ၁၅၀ ရင်းဂစ်စီပေးရသည်။လောလောဆယ် ကြည်စိုးမှ ခေတ္တစိုက်
ထားပေးသည်။လစာထုတ်ပါက ပြန်ပေးပါ့မည်ဟု ကြည်စိုးအားကျွန်တော်
ကတိပေးပြီး နေထိုင်ရမည့်အခန်းအား ရှင်းလင်းရင်းဖြင့် ထိုနေ့မိုးချုပ်ခဲ့
ပါသည်......။ထိုမုန့်တိုက်တွင် ကိုခိုင်စိုးအိမ်သို့ အရင်ရောက်နှင့်နေသော
တောင်ဥက္ကလာပ(၉)ရပ်ကွက်တွင် နေထိုင်သူ ကိုအေးအောင် ကျွန်တော်
နှင့်သားငယ်တို့ ၃ ယောက်တစ်ပြိုင်တည်း အလုပ်စဝင်ခဲ့ကြသည်...။
ကျွန်တော်နှင့်သားငယ်တို့လည်း တောင်ဥက္ကလာသားများဖြစ်ကြသဖြင့်
မကြာမီ ကိုအေးအောင်နှင့်ရင်းနှီးခင်မင်သွားခဲ့ကြသည်။ကျွန်တော်တို့အလုပ်လုပ်သောဆိုင်
အမည်မှာ Fong Wong biscuit Sdn. Bhd ဖြစ်သည်...။ KL မြို့လယ်
တရုတ်တန်းဈေး ( ညဈေး ) အနီး Jalan Cicel တွင် တည်ရှိ
သောကြောင့် နေ့ ည မပြတ်အလွန်စည်ကားသောနေရာဖြစ်သည်။
မနက် ၈ နာရီတွင် အလုပ်စတင်သည် ညနေ ၆ နာရီတွင် ကျွန်တော်တို့
အလုပ်ပြီးစီးသည်။စစခြင်း ဘာမှမတတ်သေးသောကြောင့် မုန့်ဆရာများ
ခိုင်းသမျှ အကုန်လုပ်ရသည်..။မုန့်ဖုတ်ပြီးသား ဘန်းများကို ဆေးကြော
သုတ်သင်ခြင်း ၊ဂျုံနယ်ခြင်း ၊စသည့် လွယ်ကူသော အလုပ်များးကိုသာ
လုပ်ခိုင်းသည်။ညနေ ၅ နာရီတွင် မုန့်လုပ်ဆရာများ ပြန်သွားကြသည်။
သူတို့ပြန်သွားသည်နှင့် မုန့်ပုံစံခွက်များ ၊မုန့်ဖုတ်ဘန်းများ ၊ဂျုံမွှေစက်များ
စားပွဲခုံများ ၊ ကြမ်းပြင်များကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြော
ကြရသည်။ ၆ နာရီ ခန့်တွင် အားလုံးပြီးစီးပြီး အပေါ်တက်၍အနားယူနိုင်
တော့သည်။ ညဖက် တရုတ်တန်းဈေးသို့ လျှောက်ကြည့်ကြသည်၊
ဘာမှတော့မဝယ်နိုင်။တစ်လပြည့်၍ လစာထုတ်သောအခါ ဟိုနှုတ်
ဒီနှုတ်နှင့်ဘာမှမကျန် ။မနက်ပိုင်း ထမင်းဝယ်စားကြရသည်
ထုံးစံအတိုင်း ကြက်ဆီထမင်း ၊ဝက်ဆီထမင်း ၊ဘဲဆီထမင်းပေါ့..။
တစ်ခါတစ်ရံလည်း ဆိုင်မှမုန့်များ စားကြရသည်..။ ညပိုင်းကျတော့
ဖြစ်သလို ခေါက်ဆွဲပြုတ်စားကြရသည်...။ ဆိုင်မှ ကြက်ဥများခိုး၍
ခေါက်ဆွဲပြုတ်ထဲ ရောထည့်စားကြသည်။ Maggi Curry ခေါက်ဆွဲ
ထုပ်များကို အထုပ်လိုက် ဝယ်ထားကြသည်...။၎င်းခေါက်ဆွဲထုပ်သည်
စားရတာအဆင်ပြေသည်...မဆလာနံ့သင်း၍အနည်းငယ်စပ်
သောကြောင့် ကျွန်တော်ကြိုက်နှစ်သက်သည်.....။တစ်ခါတစ်ရံ
ကြည်စိုး ကျွန်တော့်ထံ လာလည်သည့်အခါ ကျွန်တော်ခေါက်ဆွဲပြုတ်
စားနေသည်ကိုကြည့်၍ စိတ်မကောင်းဖြစ်ပုံရသည်..။
..“ မင်း...ခေါက်ဆွဲပြုတ်တွေ...သိပ်မစားနဲ့...ဆံပင်တွေကျွတ်ကုန်
လိမ့်မယ်...”............ဟု သတိပေးပြောသွားသည်...။
“.. မတတ်နှိုင်ဘူး သူငယ်ချင်း....ဒီလိုမှမစားရင်..ဘာမှကျန်မှာ
မဟုတ်ဘူး..ဒါတောင်..ဆေးလိပ်ကိုဈေးပေါတဲ့...Prilley....JPS....
Winston...တို့လိုဈေး ပေါတဲ့ ဆေးလိပ်ဗူးဝယ်ပြီး တစ်ပါတ်လောက်...
လောက်ငှအောင် သောက်တာပဲ.....”
မလေးရှားတွင် Dunhill ဆေးလိပ်အသောက်များသည်။တစ်နိုင်ငံလုံး
နီးပါး Dunhill ...ကိုသာသောက်ကြသည်။Dunhill တစ်ဗူးလျှင်
( ၃.၅၀ ) ရင်းဂစ် ပေးရသဖြင့် ကျွန်တော်ဝယ်မသောက်နိုင်။
ကျွန်တော် ဝယ်သောက်သော ဆေးလိပ်ဗူးများသည် တစ်ဗူးမှ
၂ ရင်းဂစ် ၂၀ ဆင့်သာပေးရသည်။ ကြက်..၊ဝက်..၊ ဘဲ..ဆီထမင်း
တစ်ပွဲ ၂ရင်းဂစ်၊ Maggi Mee အထုပ်သေး ၅ ထုပ်ပါ အထုပ်ကြီး
တစ်ထုပ်လျှင် ၁ ရင်းဂစ် ၆၀ ဆင့်သာ ပေးရသည်။ ကြက်ဥ တစ်လုံး
၁၀ ဆင့်၊ လက်ဘက်ရည်တစ်ခွက် ၆၀ ဆင့်သာပေးရသည်။ဈေးပေါ
သော်လည်းကျွန်တော်တို့မသောက်နိုင်ပါ ချွေတာနေရသောကြာင့်ပင်...။
ကျွန်တော်တို့ဆိုင်သည် မွန်းကိတ် ( လမုန့် ) နာမည်ကြီးသည် လမုန့်
ပွဲတော်ရောက်လျှင် တစ်နေ့လျှင် ကျွန်တော်တို့ဆိုင်သည် ရင်းဂစ်
ငါးသောင်း..၊ တစ်သိန်း ဖိုးခန့်ရောင်းရသည်..ဟုဆိုင်မှလူများ ပြောပြ၍
သိရသည်...။ ထိုလမုန့်ပွဲတော်နှီးသည်နှင့် ဆာဘား၊ဆာရာဝပ်
ပြည်နယ်တို့မှ အလုပ်သမားများကို Part-Time သဘောမျိုးခေါ်၍
ခိုင်းကြသည်။ ထိုအချိန်အခါမျိုးတွင် မုန့်ကိုလက်ဖြင့်မလုပ်နိုင်၊ဖိစက်တွင်
ပုံစံမို ပြုလုပ်၍ တစ်ဂွပ်ဂွပ် စက်ဖြင့်ဖိ၍ မုန့်များ ပုံစံတစ်ကျ အတန်းလိုက်
စီတန်းထွက်လာသည်။ ထိုစီတန်းထွက်လာသော မုန့်များကို ဖုတ်ရန်
ဗန်းများပေါ်တွင်စီပေးရသည်။ စီသည့်သုသည် ထွက်လာသောမုန့်များကို
ကောက်မနိုင် ဘေးမှ နှစ်ယောက်သုံးယောက် ရပ်စောင့်၍ ကူကောက်စီ
ပေးရသည်။လမုန့်လုပ်မည့် မုန့်သားများကို စားပွဲရှည်ကြီးပေါ်တွင် လူ ၅
ယောက် ၆ ယောက်လောက်က ဒိုင်ခံနယ်ပေးရသည်။ နယ်ပြီးသားမုန့်
များကို နောက်ထပ်လူ ၅ ယောက် ၆ ယောက်က အကြမ်းလုံးပေးရသည်။
မုန့်သားထဲတွင် ဘဲဥအငန်ကို အကာများဖယ်ပစ်ပြီး အနှစ်သက်သက်ကို
အလယ်တွင်ဌာပနာ၍ အကြမ်းလုံးပြီး စက်၏ လျှောက်လမ်းပေါ်သို့
ညီညာစွာ စီတင်ပေးရသည်။

ကော်ပီ ၁၁

စာမျက်နှာ တစ်ဆယ့်တစ်

မုန့်ဖိစက်က ပုံစံခွက်ဖြင့် ဆက်တိုက်ဖိပြီး မုန့်များပုံစံတစ်ကျစီတန်း
ထွက်လာသည် ထိုထွက်လာသော မုန့်များကို ထောပတ်ပါးပါးသုတ်
လိမ်းထားသော ဗန်းများတွင် စီ၍မုန့်များပေါ်သို့ သမအောင်မွှေထား
သောကြက်ဥရည် သုတ်လိမ်းပြီး ဂက်စ် ( သို့မဟုတ် )လျှပ်စစ်မီးဖို
တွင် ၁၅ မိနစ်ခန့် ဖုတ်ပြီးသောအခါ ရနံ့မွှေးကြိုင်ပြီးအရသာရှိသော
အသင့်စားသုံးရန် လမုန့်များ ဖြစ်ပေါ်လာတော့သည်....။ကျွန်တော်တို့
သည် လမုန့်ပွဲတော်မတိုင်မီ လေးလခန့်အလိုလောက်မှ စတင်၍အလုပ်
ဝင်ကြခြင်းဖြစ်သည်။မုန့်ဆိုင်တွင် စဝင်ဝင်ခြင်း မြန်မာကျွန်တော်တို့ ၃
ယောက်သာရှိ၍ တစ်လခန့်ကြာသောအခါ သာကေတနေ ကိုအောင်ဝင်း
နှင့်မွန်လူမျိုး တစ်ယောက် စုစုပေါင်း ၅ ယောက်လုပ်ကိုင်ကြသည်....။
ဆိုင်မှ စူပါဗိုက်ဇာ ၏သမီးလေးနှစ်ယောက်သည် ကျွန်တော့်ကို
တော်တော်ခင်မင်ကြသည်။ကျွန်တော်အလုပ်လုပ်နေလျှင်ဘေးတွင်
ရပ်ပြီး ဟိုမေးဒီမေးနှင့် ကျန်သောမြန်မာများပင် မနာလိုဖြစ်ကြရသည်။
သို့သော် တစ်မျိုးမထင်ပါနှင့် ရိုးရိုးရေစက်ပါ၍ ခင်မင်ခြင်းသာ
ဖြစ်ပါမည်။အဘယ်ကြောင့်ဆိုသော် အကြီးမလေးသည် အသက် ၁၃ နှစ်
ခန့်သာရှိပြီး အငယ်မလေးမှာ ၁၀ နှစ်ခန့်သာရှိသောကြောင့်ဖြစ်ပါသည်..။
သူတို့နှစ်ယောက် ကျောင်းမှနေ့လည် သို့မဟုတ် ညနေကျောင်းမှ
ပြန်လာပြီဆိုလျှင် ဆိုင်ဝမှ “ ယင်းမ်ကြိုက် ” ဟုအော်၍ဝင်လာကြသည်။
“ယင်းမ်ကြိုက်”ဆိုသည်မှာ ကျွန်တော့်ကိုသူတို့ နာမည်ပေးကြခြင်းဖြစ်
သည်။ကျွန်တော်ကတော့ အဓိပ္ပါယ်ကိုမသိ။ ဆူပါဗိုက်ဇာ ကို မေးကြည့်
တော့ ဆေးလိပ်ကိုခေါ်ကြောင်း သိရသဖြင့် နောက်မှ ကျွန်တော်
သဘောပေါက်တော့သည်။ ကျွန်တော်တို့ မြန်မာအုပ်စုထဲတွင်
ကျွန်တော်တစ်ယောက်တည်းသာ ဆေးလိပ်ကို ပိုမိုသောက်သူဖြစ်သည်။
ကျန်လူများလည်း သောက်ပေမဲ့ ကျွန်တော့်လောက် မသောက်ပါ။
တစ်ရက်တွင် ဆိုင်သို့ စစ်ဆေးရေးများ ဝင်လာသဖြင့် ကျွန်တော်တို့
၅ ယောက် ခေါင်မိုးပေါ်သို့ တက်၍ပုန်းအောင်းကြရသေးသည်။
မလေးရှားတွင် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်သူများသည်
လူမျိုးစုံ နိုင်ငံစုံ လှသည်။မြန်မာ ၊ထိုင်း ၊အင်ဒိုနီးရှား ၊တရုတ် ၊ဘင်္ဂလား ၊
နီပေါ ၊သီရိလင်္ကာ ၊ ဖိလစ်ပိုင် စသောနိုင်ငံများမှ မလေးရှားသို့
ဝင်ရောက် အလုပ်လုပ်ကိုင်ကြသည်။ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်မှ လွဲ၍
ကျန်နိုင်ငံများမှ အလုပ်လုပ်သူများသည် အမျိုးသားများသာ များသည်။
မြန်မာနိုင်ငံသားများသည် တစ်ခြားနိုင်ငံသားများကို မြန်မာအချင်းချင်း
စကားပြောရာတွင် ထိုင်းကို“ယ”၊အင်ဒိုနီးရှားကို“အ”၊ဖိလစ်ပိုင်ကို“ဖား
( သို့ ) ဖ”၊ဘင်္ဂလားကို“ဘ”၊အိန္ဒိယ၊နီပေါ၊သီရိလင်္ကာ ကို “မကျီးသီး” ၊
တရုတ် ကို“ ပြည်ကြီး”၊မလေးကို “မ”၊စင်္ကာပူကို“စ”၊စသဖြင့်
ခေါ်ဝေါ်သုံးနှုံးကြသည်။သူတို့အကြောင်း မြန်မာအချင်းချင်း အတင်း
ချသောအခါ သူတို့ မသိနားမလည်ကြပေ။မြန်မာလူမျိုးများကိုတော့
“ ရွှေ ”၊တဲ့....ဟဲ...ဟဲ...ဟဲ...တော်တော်လည်း တတ်နိုင်ကြတဲ့
မြန်မာတွေ...........။
ကျွန်တော်တို့ အလုပ်ပြီး၍ညပိုင်းတွင် TV ကြည့်ရင်း စကားပြောနေ
ကြစဉ် ကျွန်တော်တို့ဆိုင်နှင့်အနီးအနား ပါတ်ဝန်းကျင်ရှိ စားသောက်
ဆိုင်များတွင် အလုပ်လုပ်သော“အ”မများ လာလည်ကြသည်။
သူတို့လာတိုင်းလည်း စားသောက်စရာများ တစ်ခုမဟုတ်တစ်ခု ယူ
ယူလာတတ်သည်။“အ”မတစ်ယောက်သည် အေးအောင်ကိုကြိုက်
နေသည်။အေးအောင်နားတွင် ပွတ်သီးပွတ်သတ် အမြဲလုပ်သည်။
အေးအောင်သည် ရုပ်ဖြောင့်သူမဟုတ်ပါ သို့သော်လည်း သူသည်
အမွှေး အမြှင် ထူသူတစ်ယောက်ပင်။ နှာခေါင်းမွှေး၊ပါးမြိုင်းမွှေး
များသာမက ရင်ဘတ်တွင်ပါ အမွှေးအနည်းငယ် ရှိသည်။
ထို့ကြောင့် “အ”မခိုက်နေခြင်းဖြစ်မည်။တစ်နေ့ထို“အ”မ
ရောက်လာပြီး အေးအောင်နားတွင် ပွတ်သီးပွတ်သတ် လုပ်နေသဖြင့်
ကျွန်တော်ကအလိုက်တသိ အခန်းထဲမှ ရှောင်ထွက်ပေးလိုက်သည်။
အပြင်ဖက် ဝရန်တာမှ လမ်းပေါ်တွင်သွားလာ လှုပ်ရှားသူများကို
ကြည့်ငေးရင်း မျက်စိညောင်းလာသဖြင့် အခန်းကိုဖြတ်၍ နောက်ဖေး
ဖက်သို့ လျှောက်လာခဲ့သည်။နောက်ဖေးတွင် အိမ်သာ၊ရေချိုးခန်း
ရှိသည်။အခန်းရှေ့ရောက်တော့ အခန်းတံခါးပိတ်ထားသည်ကိုတွေ့
ရသည်။ကျွန်တော်အိမ်သာထဲ အပေါ့သွားပြီးပြန် အထွက်တွင်
အေးအောင်သည် ဝရုံးသုံးကားဖြင့် ပြေးလာပြီး ကျွန်တော့်ကို တွန်းဖယ်၍
အိမ်သာထဲဝင်ကာ တစ်ဝေါ့ဝေါ့ဖြင့်အန်နေသည် ပြီးနောက် ရေချိုးခန်း
ထဲဝင်၍ အာလုပ်ကျင်းနေသည်မှာ မပြီးနိုင်တော့..........
..“ ဟေ့.... လူ..ခင်ဗျား..ဘယ်လိုဖြစ်တာလဲ.....”
..“ အ”မကွာ....ငါ့အနားလာပြီး...ပွတ်သီးပွတ်သတ် လုပ်နေတာနဲ့
ငါလည်း..စိတ်မထိန်းနိုင်ပဲ...ရင်ထဲမှာ..ကလိကလိဖြစ်လာလို့...
သူ့နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း ဆွဲစုပ်နမ်းပစ်လိုက်တယ်.....”
..“ အဲဒီတော့.......”
..“ နမ်းလို့ဝတော့...ငါ့ပါးစပ်ထဲမှာ....ခိုးလိုးခုလုဖြစ်နေလို့....
ထွေးထုတ်လိုက်တော့......ဝေါ့........ထွီ......”
ပြောရင်း အေးအောင် ကြက်သီးများတစ်ဖျန်းဖျန်းထနေသည်....။
..“ ထွေးထုတ်လိုက်တော့...ဘာဖြစ်လဲ..ပြောစမ်းပါမြန်မြန်.....”
..“ ဘာတွေ့ရမလဲ......သူ့သွားတုတစ်ချောင်း....ငါ့ပါးစပ်ထဲ...
ကျွတ်ပါလာတယ်....အ...မကိုကြည်လိုက်တော့...ရှက်နေပြီး...
ပါးစပ်တောင်မဟရဲတော့ဘူး.......”
..“ ဟား....ဟား.....ဟား....ဒါဆို...အဖွားကြီးပေါ့...ဟား...ဟား....”
..“ ငါလည်း...သူ့သွားတုကြီးကို...လွှတ်ချပြီး....နောက်ဖေးပြေးလာတာ
ပါးစပ်ထဲမှာလည်း...ငံကျိကျိနဲ့.....
ကျွန်တော်လည်း စိတ်မထိန်းနိုင်တော့ပဲ...အားပါးတရ..ရယ်နေမိ
တော့တယ်...နောက်နေ့မှစ၍ “အ” မ..မလာတော့................။
မုန့်ဆိုင်တွင် လုပ်နေသည်မှာ ၂ လကျော်လာပြီ ဆိုင်မှလူများနှင့်လည်းအတော်
ရင်းနှီးကျွမ်းဝင်နေသောကြောင့် အလုပ်လုပ်ရတာ အဆင်ပြေ၍ ပျော်လာသည်။
သို့သော်လည်း မှန်းချက်နှင့်နှမ်းထွက် မကိုက်သောကြောင့် ကြည်စိုးဆီ ဖုန်းဆက်
၍ပူရပြန်သည်။
..“ ကြည်စိုး...ငါဒီမှာလုပ်ရတာ ဟိုနှုတ်ဒီနှုတ်နဲ့ မကိုက်ဘူးကွာ...ငါ့ကိုနောက်ထပ်
ကောင်းတဲ့ အလုပ်တစ်ခု ရှာပေးဦး....”
..“ ဟုတ်လား...မင်းစက်ရုံလုပ်မလား...”
..“ အေးကွာ..စက်ရုံက...OT တွေဘာတွေနဲ့ဆိုတော့ ပိုကိုက်မလားလို့....”
..“ ဒါဆိုရင်...ခဏစောင့်..ငါရှာပေးမယ်....”
တစ်ပါတ်လောက်ကြာတော့...ပွဲစား ကိုကျော်မိုးနှင့်အတူ မုန့်ဆိုင်သို့ ညဖက်တွင်
ကြည်စိုးရောက်လာပြီး အလုပ်ကိစ္စ ဆွေးနွေးဖြစ်ကြသည်။တစ်နေ့လျှင် ရင်းဂစ်
၁၈ ကျပ် ရမည် OT ရှိသည် နေစရာပေးမည် ပွဲခ ၁၅၀ ဆို၍ကျွန်တော်သဘောတူ
လိုက်သည်။ထိုစက်ရုံသို့ ကျွန်တော်နှင့်အေးအောင်တို့ ၂ယောက် Black Kong
Industrial Park ရှိလျှပ်စစ်ပစ္စည်း ထုတ်လုပ်သော စက်ရုံသို့ပြောင်းရွှေ့ လုပ်ကိုင်ခဲ့
ကြသည်။သားငယ်ကတော့သူ့ သူငယ်ချင်းများ ရှိရာ စွန်ဂိုင်းဘီစီအမှိုက်ပုံကြီးနား
Jalan Lima တွင် ဂဟေဆက် အလုပ်သမားအဖြစ် ပြောင်းရွှေ့သွားသည်။ထိုအချိန်
မှစ၍သားငယ်နှင့်ကျွန်တော် မတွေ့ဖြစ်ကြတော့ပေ.....။
ကျွန်တော်တို့ စက်ရုံသို့သွားရန် ပစ္စည်းများသိမ်း၍ အထုပ်အပိုးများ ပြင်နေစဉ်
အောက်ထပ်မှ Cashier ကောင်မလေး ၊ ဆူပါဗိုက်ဇာနှင့် သူ၏သမီးလေးများ တက်လာ
ပြီး မျက်ရည်စမ်းစမ်း စမ်းစမ်းဖြင့် မပြောင်းစေလိုကြောင်း ၊ဒီမှာပဲဆက်လုပ်စေလိုကြောင်း
ဝိုင်းပြောသဖြင့် ကျွန်တော်လည်း အတော်စိတ်မကောင်း ဖြစ်ခဲ့ရသည်။ကိုယ်လည်းကိုယ့်
ဝမ်းနာကိုယ်သာသိ ဆိုသလို ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက် ရေကြည်ရာ
မြက်နုရာ ..၊ငါးပွက်ရာငါးစာချ ဆိုသကဲ့သို့ အထုပ်ဆွဲ၍ စက်ရုံရှိရာသို့ ထွက်လာခဲ့ရတော့
သည်.......။
မိသားစုစိတ်ဓါတ် ကိန်းအောင်းနေသော သူတို့၏ နှစ်လိုဖွယ်အမူအကျင့် ဓလေ့စရိုက်လေး
ကိုကြည့်၍ သံယောဇဉ်ဆိုတာ ဖုံးကွယ်၍ရနိုင်ကောင်းသောအရာ မဟုတ်မှန်း ကျွန်တော့်
ဘဝတွင် အသေအချာ သိလိုက်ရပေတော့သည်.........။
............။.................။..................။.....................။......................။..................။....................။

ကော်ပီ ၁၂

စာမျက်နှာ တစ်ဆယ့်နှစ်

စက်ရုံမှပေးသော လုံးချင်း ၃ ခန်းတွဲအိမ်ကလေးတွင် နေကြရသည်။စက်ရုံနှင့်နေအိမ်သည်
အတော်လှမ်းသဖြင့် ညဖက်အလုပ်ပြီး၍ လမ်းလျှောက်ပြန်ရာ ရဲ ကြောက်ရသောကြောင့်
ရင်တထိတ်ထိတ်ဖြင့် မျက်စိလျှင်လျှင်ထား၍ ခပ်သုတ်သုတ်ပြန်ကြရသည်။အိမ်ရောက်တော့
မောဟိုက်နေပြီ...၊မလေးရှား ရဲများသည် ပါးရည်နပ်ရည်ရှိသည်။ဆိုင်ကယ်ဖြင့် ပတ္တရောင်
လှည့်သည့်အခါ နေကာမျက်မှန်အမဲ တပ်ထားပြီး ယူနီဖောင်းကိုစမတ်ကျကျ ဝတ်ဆင်ထား
သောကြောင့် မြင်လိုက်သည်နှင့် အလိုလို ကြောက်ဒူးတွေ တုန်နေတော့သည်။အယောင်
ယောင် အမှားမှား မူပျက်နေတတ်သည်။ထိုအခါ ရဲက ဆိုင်ကယ်ကို အရှိန်လျှော့၍ အနား
ရောက်သည်နှင့် မလေးလို “ နေကောင်းလား....ဘယ်သွားမလို့လဲ.....ဘာလုပ်နေတာလဲ...
ဘာလား...ညာလား....”စသဖြင့် နှုတ်ဆက်သလို မေးသလို ပြောရာ အပြောခံရသူသည်
ကြောက်ကြောက် လန့်လန့်ဖြင့် တတ်သလောက် မှတ်သလောက် အထစ်အထစ် အငေါ့
ငေါ့ ပြန်ဖြေရာ မလေးရဲက စကားပြောပုံ လေယူလေသိမ်း မပီသသောကြောင့် ဓါတ်ပေါက်
သွားပြီး ဆိုင်ကယ်ပေါ် ဆွဲတင်သွားတော့သည်။လူပြတ်သောနေရာရောက်မှ ရဲက.......
..“ မင်းဒီကိုရောက်တာ...ဘယ်လောက်ကြာပြီလဲ...လုပ်ခတစ်နေ့ဘယ်လောက်ရလဲ..”
ဘာညာစသဖြင့် အစ်အောက်မေးတော့သည်...။ကျွန်တော်တို့ကလည်း ဘယ်လောက်ကြာ
ပြီဖြစ်ကြောင်း အခုလောလောဆယ် သူဌေးက လုပ်ခလစာများ မပေးပဲနေသောကြောင့်
စားစရာမရှိ နေစရာမရှိပဲ ဒုက္ခရောက်နေကြောင်း အမေအိုကြီးကိုလုပ်ကျွေးနေပြီး ငွေမပို့
နိုင်သောကြာင့် အမေ့အတွက် စိတ်ပူကြောင်း ဘာညာပြောပြီး ပိုက်ဆံအိတ်ထဲ ရှိသမျှပိုက်
ဆံဖြင့် လာဘ်ထိုး၍လွတ်အောင် တတွတ်တွတ်လိမ်ညာလှည့်ပါတ် ငိုပြရသည်။မလေးရဲများ
ကလည်း သဘောကောင်းကြပါသည် သနားသွားပြီး မဖမ်းပဲ သူ့အတွက် နှစ်ဆယ် သုံးဆယ်
လောက်ရသည်နှင့် နှုတ်ဆက်ပြီး နောင်ကိုသတိထား ဘာညာပြောပြီးပြန်သွားသည်.....
..“ ဟူး.....တော်ပါသေးရဲ့......”
ရွှေ တွေကလည်းလည်သည် ပိုက်ဆံအိတ်ထဲတွင် ဘယ်တော့မှ ပိုက်ဆံများများထည့်၍
အပြင်မသွားရဲ အိတ်ထဲတွင် ပိုက်ဆံရှိလျှင်ရှိသလောက် ရဲများက ယူသွားတတ်သည်..။တစ်ချို့
၁၀ လောက်နှင့်အဆင်ပြေသွားသူများလည်းရှိသည်။ငိုတတ်လျှင်ငိုတတ်သလို ညှိနှိုင်းအဆင်
ပြေသည်။ကျွန်တော်ကတော့ ကံကောင်းသည်ဟုပြောရမည် မလေးရှားတွင်နေစဉ် တစ်ခါမှ
ရဲအဖမ်းမခံရဘူးပေ...။မလေးလူမျိုးများသည် မုတ်ဆိတ်မွှေးရိတ်၍ နှုတ်ခမ်းမွှေးထားတတ်ကြ
သည်။ ကျွန်တော်လည်း သူတို့လိုလိုက်လုပ်သည်။ ထိုကြောင့် ကျွန်တော့် ပုံစံအနေအထား
သည် ရုတ်တရက်လှမ်းကြည့်ပါက မလေးလိုလို ၊ထိုင်းလိုလို အင်ဒိုနီးရှားလိုလို..ပုံစံပေါက်နေ
သည်...။စက်ရုံတွင် လုပ်လာသည်မှာ ၃ လခန့်ရှိပြီဖြစ်သော်လည်း တွက်ချက်ကြည့်တော့ သိပ်
မကိုက်ပြန်...အိမ်ပြန်ရာတွင် ရဲအန္တရာယ်စိုးရိမ်ရသဖြင့် ကြည်စိုးကို ထပ်ပူရပြန်သည်။
..“ ကြည်စိုး...ဒီစက်ရုံမှာလုပ်ရတာလည်း...သိပ်မကိုက်ဘူးကွာ...နောက်ပြီးအိမ်နဲ့စက်ရုံက
ဝေးတော့ နေ့တိုင်းရင်တထိတ်ထိတ်နဲ့ ရဲကကြောက်ရသေးတယ်..ငါ့ကို..နောက်အလုပ်တစ်ခု
ထပ်ရာပေးဦး....”
ဟု နားပူနားဆာ လုပ်ရပြန်သည်...။
..“ ဒါဆို...မင်းစားသောက်ဆိုင်မှာ...လုပ်မလား...ခေါက်ဆွဲကြော်ဆိုင်မှာ.....”
..“ အေးကွာ...လုပ်မယ်.....”
..“ နေဦး....ငါ့သူငယ်ချင်းကိုမေးကြည့်ဦးမယ်...အဆင်ပြေရင်...ငါလာခေါ်မယ်...”
..“ အေး..အေး..ကျေးဇူးပဲကွာ...မင်းရှိပေလို့ပဲ.....”
ဒီကောင်လည်း ကျွန်တော့်ကို တော်တော်ကူညီရှာပါတယ်...။အလုပ်ကိုစိတ်ကြိုက်မတွေ့
သ၍ သူ့မိတ်ဆွေ သူငယ်ချင်းများထံ မေးပေး ပြောပေးရှာပါတယ်....။
ဒီကောင်က မလေးမှာရောက်နေတာ ၃ နှစ်ကျော်ကြာနေပြီ..
အလုပ်လည်းကောင်းသည်..နေရာတကာ နှံ့နှံ့စပ်စပ်လည်းရှိ အပေါင်းအသင်း
လည်းများသည်..ဒီလောက်မှအားမကိုးရရင် သောက်ခွက်ရိုက်ပစ်လိုက်မယ်....။
မကြာမီကျွန်တော် စားသောက်ဆိုင်သို့ပြောင်းရွှေ့လုပ်ကိုင်ဖြစ်ခဲ့တော့သည်..........။
..“ အချားမဲအဆိုင်...ဖွတ်ကင်ချောင်း...ကွန်ဖူးချောင်း...ယိညှောင့်...ယိမင်...
ကွန်ဖူးယိမင်...ဝါသမ်းဟော...”
( ဘာစားမလဲဆရာ...ခေါက်ဆွဲအမဲကြော်...ကော်ရည်ခေါက်ဆွဲ..ညှပ်..ကြာဇံအရော.....)
ဆိုင်ရှေ့သို့ရောက်လာသော Customer အားကျွန်တော်မေးလိုက်သည်။
..“ အဲ...ဖွတ်ကင်မီ....” ( ခေါက်ဆွဲအမဲကြော် )
..“ သိုင်မီ...စိမ်မီ....”( ခေါက်ဆွဲ..အလုံးသေး...အလုံးကြီး...)
..“ သိုင်မီ...” ( အလုံးကြီး..)
..“သားပေါက်...စိတ်....” ( ထုပ်မှာလား..စားမှာလား..)
..“ အိသုံစိတ်...” ( ဒီမှာစားမှာ...)
..“ ဂဲကောယံစိတ်ကဲ...” ( ဘယ်နှစ်ယောက်စားမှာလဲ..)
..“ အပ်ကော်ယံစိတ်...( အိကော်ယံစိတ် )...” ( တစ်ယောက်..)
..“ ချွာပိသုံ...” ( ဘယ်နေရာမှာထိုင်မှာလဲ..)
..“ ချွာ...ကိုးလုံ...” ( ဟိုနား..လက်ညှိုးထိုးပြ၍..)
မေးပြီးသည်နှင့် ဆိုင်ရှင်သူဌေး ကြော်ချက်ရန် ခေါက်ဆွဲအလုံးကြီးနှင့်ခေါက်ဆွဲကြော်ထဲ
ထည့်ကြော်ရန် အစာများ ပြင်ဆင်ပေးရသည်။ ခေါက်ဆွဲကြော် ရသည်နှင့် စားသုံးသူထံ
သွားရောက်ပို့ပေးချပေးရသည်။
..“ ဂယောက်လွေ့...” Customer မှဘယ်လောက်ကျလဲဟုမေး၍
..“ စားခေါ...” သုံးကျပ်ဖြစ်သည်...။ပိုက်ဆံရသည်နှင့် ဆိုင်ရှင်သူဌေးကို ပေးရသည်။အမ်းစရာ
ရှိလျှင် နောက်တစ်ခေါက်သွားပြန်အမ်းရသည်။ကျွန်တော့်ဆိုင်တွင်ရှိသော ပစ္စည်းများနှင့်
ရောင်းသောပစ္စည်းအမည်များကို ကျွန်တော်တရုတ်လို ကောင်းကောင်းပြောတတ်သည်။
တစ်ချို့ Customer များက ကျွန်တော့်ကို တရုတ်ထင်၍ တရုတ်လိုအလာပ သလာပ
ပြောသည့်အခါ ကျွန်တော် စပ်ဖြဲဖြဲလုပ်၍ အု...အ...ဖြင့် အ နေတော့သည်။
ထိုအခါမှ ကျွန်တော့်ကို နိုင်ငံခြားသားမှန်း သိကြတော့သည်....။
နေ့လည် ၂ နာရီမှစ၍ ဆိုင်စတင်ဖွင့်နိုင်ရန် မနားတမ်းကြိုတင်ပြင်ဆင်ရသည်။
ဆိုင်ရောက်သည်နှင့် အရင်ဆုံး ရေခဲသေတ္တာထဲမှ ရေခဲနေသော အသားငါးများကို
ထုတ်၍ ရေစိမ်ထားရသည်။ပြီးလျှင် ပေါက်ချွိုင် ( ဂေါ်ဖီ ) ကို ၁ လက္မခွဲပါတ်လည်
အရွယ်ခန့်လှီးပြီး မုန်ညှင်းစိမ်းကိုလည်း ၁ လက္မခွဲ အရွယ်ကန့်လန့်ဖြတ်လှီး၍
ရေစိမ်ထားရသည်။ ခေါက်ဆွဲအလုံးကြီးကိုလည်း ရေတွင် ခေတ္တစိမ်ပြီး
ဆယ်ယူရေစစ်ထားရသည်။ ယိမင် ( စာကလေးခွေကဲ့သို့ ) ကို ရေဖျန်း၍ပျော့
အောင်လုပ်ရသည်။ထိုနောက် ငရုတ်သီး အနီတောင့်ကြီး၊နှင့် ငရုတ်သီးစိမ်းကို
ပါးပါးလှီးပြီး ငံပြာရည်ခွက်ထဲ ထည့်ရသည်။အရိုးပြုတ်ရည် တည်ရသည်။ပန်းကန်များ
ထုတ်၍ စီရသည် ငါးဖယ်လှီး၊ဝက်သားလှီးပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ပဲငံပြာရည်
တို့ကို သူ့နေရာနှင့်သူ ထားရသည်။ရေစိမ်ထားသော ဂေါ်ဖီနှင့်မုန်ညှင်းစိမ်းများကို
ဇကာတွင် ဆယ်ယူရေစစ်ပြီး အသင့်ပြင်ထားရသည်။ ညနေ ၅ နာရီ လောက်တွင်
အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ နားနိုင်တော့သည်။တစ်အောင့်ကြာတော့
ဆိုင်ရှင်ရောက်လာတော့သည်။များမကြာမီ စားမည့် သူများ တစ်ဖွဲဖွဲ
ရောက်လာကြတော့သည်။ထိုအချိန်မှစ၍မအားလပ်အောင် အလုပ်များ တော့သည်။
ထမင်းတောင်ကောင်းကောင်းမစားရ။ည ၁၁ နာရီ လောက်အထိ လက်မလည်အောင်
ရောင်းရသည်။ ၁၁ နာရီ နှောင်းပိုင်းတွင် လူပါးသွားသည်။သို့သော် မနားနိုင်သေးပါ...။
ပန်းကန်များ လိုက်လံသိမ်းဆည်းရသည်။ပန်းကန် ခွက်ယောက်များ တူများ ဇွန်းများ
ဆေးကြောနေစဉ် ဟမီ ဆိုင်မှ မျိုးဆွေ ရောက်လာပြီး....
..“ သိန်းအေး....ဟို..ချင်းတွေ့လား......”
..“ အာ...ခြင်းတော့မတွေ့ဘူး....အမှိုက်ပုံးတော့တွေ့တယ်.....”
..“ ဟာ...ဒီကောင်ကလည်း....နောက်တော့မယ်...ဟို..ချင်းလူမျိုးကိုပြောတာ....”
..“ အိမ်သာသွားတယ်....”
ကျွန်တော်တို့ဆိုင်တွင် ချင်းလူမျိုး စားပွဲထိုးများ ၈ ယောက်ခန့်ရှိသည်။ သူတို့က
ဆိုင်ကြီး၏ အလုပ်သမားများဖြစ်ပြီး ကျွန်တော်တို့က ဆိုင်ကြီးတွင် လခပေး၍
ဖွင့်သော “Food Stall” မှ အလုပ်သမားများ ဖြစ်ကြသည်။သူဌေးမတူကြ။
ကျွန်တော့်သူဌေးသည် 2020 Restaurant တွင် Stall တစ်ခုငှား၍ ဖွင့်ခြင်းဖြစ်သည်။
ဆိုင်ကြီးသည် အဖျော်ရည်၊သံဗူးအဖျော်ရည်၊ဘီယာ၊ဆေးလိပ် စသည်များသာရောင်းသည်
အစားအစာများမရောင်း အစားအစာများကို Food Stall များကလခပေး၍ ရောင်းကြသည်။
“ ဟမီ ”“ ဝမ်ထမ်းမီ” “ ချောင်းကွေသယောင်း” “ ကိုက်ဖန့်” “ ကွန်ဖူးချောင်း၊ဖွတ်ကင်ချောင်း”
“ စယူးယွီ”“ချောင်းဖန့်” “ ယွီထောင်မှိုင်း” “ အစမ်းမ်လတ်ဆား ” “ လော်ပတ်ကော ”
“ ဆာတေး” စသဖြင့် အမည်စုံ လှသည်။အများစုမှာ တရုတ်အစားအစာများ ဖြစ်ကြသည်။
မလေးရှား မှ လူအတော်များများသည် အိမ်တွင်ချက်ပြုတ်စားသောက်ခြင်းမရှိ
စားသောက်ဆိုင်များတွင်သာ စားသောက်လေ့ရှိကြသည်။ထို့ကြောင့်မလေးရှားနိုင်ငံ
တစ်ဝှမ်းလုံးတွင် စားသောက်ဆိုင်များ လက်ညှိုးထိုးမလွဲ တွေ့ရသည်။ မလေးရှားနိုင်ငံ
ဟု ဆိုသော်လည်း မလေးလူမျိုးများကို သိပ်မတွေ့ရပဲ တရုတ်လူမျိုးများကိုသာ နေရာတကာ
မြင်တွေ့နေရသည်။ အလုပ်သမားအများစုသည်လည်း တရုတ်စားသောက်ဆိုင် များ
တရုတ်ပိုင်စက်ရုံများ အလုပ်ရုံများ ကားဝပ်ရှော့များ မုန့်ဆိုင်များ ကုန်စုံဆိုင်များ ဆေးဆိုးပန်း
ရိုက်လုပ်ငန်းများ တွင်သာ လုပ်ကိုင်ကြရသည်။မလေးလူမျိုးများ၏ လက်အောက်တွင်
လုပ်ကိုင်သူ သိပ်မတွေ့ရပဲ ရှားပါးလှသည်။ မလေးလူမျိုးများသည် စကားပြော ယဉ်ကျေး
သိမ်မွေ့၍ မြန်မာစရိုက်နှင့်ခပ်ဆင်ဆင်တူသည်။မလေးတရုတ်များလည်း တစ်ချို့ သဘောကောင်းကြပါသည်။ညီအစ်ကိုစိတ်ဓါတ်ရှိသည်။စီးပွါးရေးအမြင်ရှိပြီး
ရိုးသားကြိုးစားကြသည်။လူမျိုးတစ်ကာထဲတွင် မြန်မာတွေက တော်တော်ပါးရည်နပ်ရည်
ရှိသည်။မြန်မာတွေ လှိမ့်သမျှ ပါတ်သမျှ သူတို့ခမျာခံကြရရှာသည်။..............။