Tuesday, August 31, 2010

နှစ်ဆယ်

သီချင်းတီးခတ်သီဆို၍ပြီးတော့ အားလုံးမောဟိုက်ပင်ပန်းနွမ်းနယ်သလို ခံစားနေကြရပြီး
သီချင်းသံစဉ်စာသားထဲတွင် စီးဝင်နစ်မျောခံစားနေမိသော အတွေးအာရုံတို့လည်း ပြန်လည်
နိုးထလာခဲ့ကြသည်။ ကိုဝင်းဗိုလ်လည်း သီချင်းသီဆိုတီးခတ်လိုက်ရသောကြောင့် အကွဲပြေ
သွားသဖြင့် လေးလံအက်ကွဲသောလေသံဖြင့်
..“ လုပ်ပါဦး...တစ်ပြောင်းလောက်....ဆွဲကြရအောင်...ကိုသိန်းအေး...အရင်ဆွဲ....”
..“ လုပ်ပါ...ကိုဝင်းဗိုလ် လုပ်ပါ ....”
..“ ရပါတယ်..ကိုသိန်းအေး ဆွဲပြီးမှ..ကျွန်တော် ဆွဲမယ်...”
သို့နှင့် ကိုရဲ (ရဲထွဋ်ကျော် )ပြောင်းထဲသို့ ရောသမနယ်ထားသော စီးကရက်ဆေးသားနှင့်မုတ်
( ဆေးခြောက် )ကို ထည့်ပြီး ကျွန်တော့်ထံသို့ ထိုးပေးသဖြင့် ပိုက်လုံးအရင်းကို လက်တစ်ဖက်
ဖြင့်ကိုင်၍ ပါးစပ်တွင်တေ့လိုက်ပြီး ကျန်လက်တစ်ဖက်က ပိုက်လုံးထိပ်ပြောင်းဝရှိရာသို့ ကိုင်
လိုက်သည်နှင့် ကိုရဲက မီးခြစ် ခြစ်ပြီး မီးညှိပေးသည်။ကျွန်တော်လည်းအားရပါးရ ရှိုက်ဆွဲလိုက်
သည်။မီးခိုးငွေ့တို့ အလုံးလိုက် အဆုတ်အတွင်းသို့ ဝင်သွားပြီး အသက်ကိုအောင့်၍ မီးခိုးငွေ့
များ အပြင်သို့ပျံ့လွင့်မသွားအောင် ထိန်းထားရသည်။သို့နှင့် တစ်ယောက်ပြီးတစ်ယောက် အ
လှည့်ကျရှူကြသည်။ တစ်ယောက်ကို ၂ ပြောင်း ၃ ပြောင်းဆွဲပြီးသည်နှင့် ရီဝေဝေမျက်လုံးများ
မှာ အရည်ရွှန်းလဲ့လို့နေသည်။အားလုံးလည်း ကွဲနေကြသည်။ ပိုက်လုံးဖြင့် ပြုလုပ်ထားသော
ပြောင်းကို အခန်းထောင့်တွင် သေချာထားပြီး စာရွက်ပေါ်တွင် ရောသမနယ်ထားသော ဆေး
သားများကို ထုပ်သိမ်းလိုက်ပြီး ချီးပုံးအောက်သို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။မုတ်ရှူဘို့
ပြောင်းလုပ်ရာတွင် အမှန်တစ်ကယ်မှာမူ ကြံဆစ် ၊ ရွှံ့ ၊ အာလူး တို့နှင့် အလျှဉ်းသင့်သလိုပြု
လုပ်ကြရသည်။ကျွန်တော်တို့ စရှူကာစက ခေါင်းလျှော်ရည်ဗူးကို အနံ့ပျောက်အောင် ဆေး
ကြောပြီး ရှူကြသည်။ခေါင်းလျှော်ရည်အနံ့သည် တော်ရုံနှင့်မပျောက်ပေ။နောက်ပိုင်းတွင် ကို
ကျွဲကြီး က ပိုက်လုံးဖြင့် ပြုလုပ်လိုက်သဖြင့် အားလုံးအဆင်ပြေသွားသည်။ကျွန်တော်တို့အိမ်
တွင် အတူနေထိုင်ပြီး ဆေးခြောက်ရှူဖူးသူတိုင်း ပိုက်လုံးကြီးကိုမမေ့နိုင်အောင် အမှတ်ရကြ
သည်။ ရန်ကုန်တွင် တစ်ဦးနှင့်တစ်ဦး မတော်တဆ ဆုံတွေ့မိပါက ..“ ဟိုပိုက်လုံးကြီးကော..”
ဟု မေးတတ်ကြသည်။
ကျွန်တော် စင်္ကာပူ နိုင်ငံသို့ ၁၉၉၅ နှစ်စပိုင်းလောက်တွင် ရောက်ရှိခဲ့သည်။ကျွန်တော်နှင့်မောင်
မောင်ကျော် တို့သည် ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ရောက်ရှိခဲ့
ကြသည်။ လေယာဉ်ပေါ်မှဆင်းပြီး အော်တိုရွှေ့လျှားလျှောက်လမ်းဖြင့် Immigration Count
-er ရာသို့ ခရီးသည်များနှင့်အတူ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ Counter စုစုပေါင်း ၄/၅ ခု
ခန့် ရှိသော်လည်း တန်းစီရပ်စောင့်ရသည်။မောင်မောင်ကျော်နှင့်ကျွန်တော်သည် တစ်ကွဲတစ်
ပြားစီ တန်းစီလိုက်ကြသည်။မောင်မောင်ကျော်က ကောင်တာ ၄၊ ကျွန်တော်ကကောင်တာ ၅
တွင် တန်းစီလိုက်ကြသည်။တန်းစီနေရင်း ရင်တွေ တစ်ဒိတ်ဒိတ်ခုန်လာပြန်သည်။လေဆိပ်ထဲ
တွင် Air Con ၏ အအေးဓါတ်က လွှမ်းခြုံထားသော်လည်း ကျွန်တော်တို့မအေးနိုင်ပဲ ချွေးပျံနေ
ကြသည်။ကောင်တာရောက်တော့ မောင်မောင်ကျော်က အရင်ထွက်နှင့်ပြီးကျွန်တော့်ကို ရပ်
စောင့်နေသည်။ကောင်တာမှကျွန်တော့်ကို “အလည်လာတာလား..ရှိုးမန်းနီးဘယ်လောက်ပါ
သလဲ..” မေးသဖြင့် ကျွန်တော့်တွင် US 1000 ခန့်ပါကြောင်းပိုက်ဆံအိတ်ကိုဖွင့်ပြရသည်။
Officerမှခေါင်းညိတ်ပြပြီး ဒုံးကနဲ ဝင်ခွင့်တုံးထုပေးပြီး ဝင်ခွင့်ပြုလိုက်သည်။ကျွန်တော်လည်း
Thank You ပြောပြီးမောင်မောင်ကျော် ရှိရာသို့ အိတ်ဆွဲပြီး ထွက်လာခဲ့သည်။အခုမှရင်ထဲပေါ့
ပါးသွားသည်။ကျွန်တော်တို့ကို လေဆိပ်တွင် မကွေးမြို့သားများဖြစ်ကြသော ကိုဝင်းဇော်ဦးနှင့်
ကိုဇော်ထွန်းတို့ လာကြိုကြသည်။ကျွန်တော်တို့ ချန်ဂီလေဆိပ်မှ Taxi ငှားပြီး ကိုဝင်းဇော်ဦးတို့
နေထိုင်ရာ BLK 72 KALLANG BAHRU သို့ထွက်လာခဲ့ကြသည်။ နောက်တစ်နေ့ တွင် ကိုဝင်း
ဇော်ဦးမှ သူ့အသိ Mapherson Rd ပေါ်ရှိ Mapherson Flat ဒုတိယထပ်သို့ Taxi ငှားပြီး
လိုက်ပို့ပေးသည်။ရောက်ရောက်ခြင်းတော့ အလုပ်မရှာကြသေးပဲ လျှေက်သွားကြသည်။
ကျွန်တော်တို့ Mapherson Flat တွင်နေထိုင်ပြီး တစ်ပါတ်ခန့်ကြာသောအခါ သသတင်းစာတွင်
ပါသော အလုပ်ကြော်ငြာကိုဖတ်ပြီး အိမ်သူကြီးအားဖုန်းဖြင့်ဗျူးခိုင်းပြီး ကျွန်တော်နှင့်မောင်
မောင်ကျော်တို့ နှစ်ယောက် Bishan MRT အနီး Jalan Pemimpin ရှိ Union Industrial Bldg
မှ “ Mithy Mind Pte. Ltd ” ရုံးခန်းသို့ ကိုယ်တိုင်သွားဗျူးသည်။ကုမ္ပဏီပိုင်ရှင်သူဌေးနှင့်အခြေ
အတင် ဆွေးနွေးပြီး ကျွန်တော်တို့ကို တစ်လ စင်္ကာပူဒေါ်လာ ၉၀၀ ဖြင့် အလုပ်ခန့်လိုက်သည်။
အလုပ်မှာအတော် သက်သာသည်ဟုပြောရမည်။ကျွန်တော်တို့ ကုမ္ပဏီသည် ဟောင်ကောင် ၊
ထိုင်ဝမ် ၊ ဂျပန် ၊စသော နိုင်ငံများသို့ မူလတန်းကလေးများ ပညာသင်အထောက်အကူအဖြစ်
ပညာရေးနှင့် ဆက်စပ်သော စာအုပ်စာပေများ ထုတ်လုပ်တင်သွင်းသော ကုမ္ပဏီ ဖြစ်သည်။
ကျွန်တော်တို့က ကလေးများစာသင်ရာတွင် ပုံစံပြ စာရွက်များအား ပလတ်စတစ် ပုံလောင်း
ပေးရသည်။ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိအလုပ်ဆင်းရသည်။အလွန်သက်သာသော
အလုပ်ပင်။ စနေနေ့တစ်ဝက် တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်များပိတ်သည်။ထိုရုံးတွင်
လုပ်လာသည်မှာ ၂ လခန့်ကြာ သောအခါ World Trade Centre တွင် နိုင်ငံတစ်ကာစာအုပ်
စာပေပြပွဲ လုပ်သည်။ ထိုပြပွဲတွင် ကျွန်တော်တို့ကုမ္ပဏီကလည်း ကုမ္ပဏီထုတ် စာအုပ်စာပေ
များ ပြပွဲတင်ရောင်းချသည်။ ပြပွဲတွင် ရောင်းအားကောင်းသော ပစ္စည်းများကို သူဌေးကပြခန်း
မှ ရုံးခန်းသို့ ဖုန်းဆက်ပြီး ရောင်းအားနည်းသောပစ္စည်းများကို ခေတ္တရပ်နားပြီး ရောင်းအား
ကောင်းသောပစ္စည်းများအား များများပြီးအောင်လုပ်ခိုင်း သည်။ကျွန်တော်တို့ အလုပ်လုပ်ရာ
အခန်းတွင်းသို့ မန်နေဂျာ အမျိုးသမီး ရောက်လာခိုက်မောင်မောင်ကျော် အိမ်သာသွားနေ
သည်။မန်နေဂျာပြောသွားသည့်အတိုင်း လုပ်ရန်မောင်မောင်ကျော်အားပြောရာ သူကပြော
သည့်အတိုင်းမလုပ် ကျွန်တော်ပြောသည်ကို ကျွန်တော့်ကို ဆရာကြီးလုပ်ပြီးပြောသည် ဟု
ထင်ပြီး မန်နေဂျာမှာသည့်အတိုင်း မလုပ်ပဲ နေ့စဉ်လုပ်နေကျအတိုင်းသာလုပ်နေသည်။ ညနေ
၅ နာရီခန့် သူဌေးရောက်လာပြီး သူလုပ်ခိုင်းထားသော ပစ္စည်းများလာယူရာ ပြဿနာတက်
တော့သည်။အရေးပေါ်သူလိုအပ်သော ပစ္စည်းများမပြီးစီးသဖြင့် ဒေါပွပြီး မန်နေဂျာမ ကိုဆူ
တော့သည်။မန်နေဂျာမကလည်း ငိုယိုလျှက် ကျွန်တော်တို့အားသူပြောကြောင်း၊သူတို့က ပြော
တဲ့အတိုင်းမလုပ်ကြောင်း သူဌေးကို ရှင်းပြတိုင်တန်းသည်။နောက်ပိုင်းတွင် ကျွန်တော်တို့ကိုအ
လုပ်ဖြုတ်လိုက်သည်။ကျွန်တော်လည်း မောင်မောင်ကျော်ကို အတော်စိတ်ပျက်သွားသည်။
အပြန်လမ်းတစ်လျှောက် မောင်မောင်ကျော်ကို ကျွန်တော်တင်းပြီး စွတ်ကောပစ်လိုက်သည်။
ကျွန်တော့်ဘဝတွင် သူဌေးမကြိုက်၍ အလုပ်ပြုတ်တာ ဒီတစ်ခါပဲရှိကြောင်း ဒီလောက်ကောင်း
သောအလုပ်ပြုတ်ရသည်မှာ ခင်ဗျားအသုံးမကျ၍ဖြစ်ကြောင်း ခင်ဗျားညံ့ဖျင်း၍ဖြစ်ကြောင်း
ကျွန်တော်မောင်မောင်ကျော်ကို အပြတ်ကောသည်။သူကလည်း ဟုတ်နေသဖြင့် ငြိမ်နေသည်။
ထိုအလုပ်ပြုတ်ပြီး ကျွန်တော်တို့နှင့်တစ်ခန်းတည်းအတူနေထိုင်သူ မျိုးလေးက သူ့ဆေးသုတ်
အလုပ်သို့ ခေါ်သွားသည်။ကျွန်တော်တို့မျိုးလေးနှင့်အတူ ဆေးလိုက်သုတ်ကြသည်။တစ်နေ့
၄၀ ရသည်။မျိုးလေးက အလုပ်သွင်းပေးခ လုပ်ခထဲမှ တစ်နေ့ ၅ ဒေါ်လာဖြတ်သည်။မျိုးလေး
၏ ဆေးသုတ်အလုပ်သည် လူအင်အားအများအပြားလိုအပ်သဖြင့် အိမ်တွင်ရှိသမျှ အလုပ်မရှိ
ဂိန်နေသူများကို သူ့အလုပ်တွင်ခေါ်၍ ဆေးသုတ်ခိုင်းသည်။ထို့ကြောင့် သူ့အတွက် တွက်ချေ
အတော်ကိုက်သည်။ (လုပ်ခထဲမှ ခေါင်းပုံဖြတ်ယူသောကြောင့် သူလည်းသက်ဆိုးမရှည်ပါ။
အသက် ၄၀ ခန့်တွင် AIDS ရောဂါဖြင့် သေဆုံးသွားသည်။)
ကျွန်တော်တို့နေထိုင်သော Mapherson Flat သည် 3Room 1Hall အိပ်ခန်း ၃ခန်း ပါသော
အိမ်ခန်းဖြစ်သည်။ကျွန်တော်တို့အခန်းတွင် မျိုးလေး ၊ကျွန်တော် ၊မောင်မောင်ကျော် ၊ခေါင်းကြီး
တို့နေပြီး တစ်ဖက်ခန်းတွင် ဝင်းဗိုလ် ၊မျိုးအောင် ၊မင်းမင်းဦး ၊အငယ်လေး ၊မိန်မိန်း တို့နေကြ
သည်။ကျန်အခန်းမှာ အိမ်သူကြီးနေသည်။ အပြင်ဖက်တွင် ကိုသက်နိုင်(ကချင်ကြီး) ရွှေထက်
(ထက်ကြီး) တို့နေသည်။အားလုံးမိုးလင်းသည်နှင့် မျိုးလေးနှင့်အတူဆေးလိုက်သုတ်ကြသည်။
အငယ်လေးနှင့်မိန်မိန်းတို့က အလုပ်ရှိသဖြင့် မလိုက်။သူတို့လည်းလိုက်၍မရပါ ၂ ယောက်စ
လုံး အခြောက်များဖြစ်သောကြောင့်ပင်။သဘောထားလေးတွေတော့ကောင်းကြပါသည်။ အား
လုံးဆေးသွားသုတ်လိုက်ကြ ပြန်လာလိုက်ကြ ချက်ပြုတ်စားလိုက်ကြ သောက်လိုက်ကြဖြင့်
ပျော်စရာတော့အကောင်းသား။
တစ်နေ့ကျွန်တော်တို့ ပိုက်ဆံစုပြီး စပါးနှံအရက်ဖြူဝယ်သောက်ကြသည်။ထိုအရက်သည် အ
တော်ပြင်းသည် ကျွန်တော် မောင်မောင်ကျော် မျိုးအောင် ကချင်ကြီး ဝင်းဗိုလ် မင်းမင်းဦး တို့
အားလုံးထိုအရက်သောက်ပြီး အမူးလွန်ကုန်ကြသည်။မောင်မောင်ကျော်အမူးလွန်ပြီး ရမ်းကား
တော့သည်။အော်ကြီးဟစ်ကျယ်လျှောက်ပြောသည်။အိမ်သူကြီးက ကြောက်ပြီး သူ့အိမ်တွင်မ
ထားနိုင်ကြောင်း ကျွန်တော့်ကိုပြောသည် ကျွန်တော်နှင့်အတူပါလာသဖြင့် ကျွန်တော်ပါမျက်နှာ
ပျက်ရသည်။နောက်တစ်နေ့မှစ၍ ကျွန်တော်တို့ ထိုအိမ်မှ ရွေ့ကြရတော့သည်။